Saturday, April 19, 2014

သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဇုန်မှာ လည်ပတ်နေတဲ့ ကမ္ဘာနဲ့ အရွယ်တူ ဂြိုလ် တလုံးကို တွေ့ရှိတယ်လို့ ကြာသာပတေးနေ့မှာကြေညာ

Photo: သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဇုန်မှာ လည်ပတ်နေတဲ့ ကမ္ဘာနဲ့ အရွယ်တူ ဂြိုလ်တလုံးကို တွေ့ရှိတယ်လို့ ကြာသာပတေးနေ့မှာကြေညာပါတယ်။ 

ကက်ပလာ ၁၈၆ လို့ ခေါ်တဲ့ ကြယ်ဟာ နဂါငွေ့တန်းကြယ်စုကနေ အလင်းနှစ် ၅၀၀ အကွာအဝေးမှာ တည်ရှိပြီး ဂြိုလ်တည်ရှိနေတဲ့ ဇုန်ဟာ သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေရှိနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်၊ ကက်ပလာ ကြယ်ဟာ မိခင်ကြယ်ကြီးဆီက ရောင်ခြည်ဖြာထွက်တာကို သုံးပုံတပုံလောက် ရရှိနေပုံဟာ ကမ္ဘာဂြိုလ်က နေဆီက အလင်းရောင်ကို ရနေပုံမျိုးနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။  အဲဒီ ဂြိုလ်ပေါ်မှာ နေ့လယ်ခင်းအချိန်ဟာ ကမ္ဘာပေါ်မှာ နေမ၀င်ခင် တနာရီနဲ့ ဆင်တူတယ်လို့ နာဆာ အဖွဲ့က အာကာသ ဗေဒ ပညာရှင် သော်မက် ဘာကလေက ပြောပါတယ်။ 

“ဒီဂြိုလ်ဟာ ကမ္ဘာနဲ့ အမွှာလို မတူပေမယ့် ၀မ်းကွဲလို ဆင်တယ်” လို့ ဂိုလ်ကို တွေ့ရှိတဲ့ သိပ္ပံပညာရှင်အဖွဲ့က ဘာကလေက ပြောပါတယ်၊  နာဆာအဖွဲ့ဟာ ကက်ပလာ အာကာသ အဝေးကြည့်မှန်ပြောင်းကို ၂၀၀၉ ခုနှစ်မှာ တပ်ဆင်ပြီး ကြယ်ပေါင်း တသိန်းငါးသောင်းကို လေ့လာခဲ့ပါတယ်။ ကက်ပလာ ကြယ်ရဲ့ လေထုအနေအထားကိုတော့ သိပ္ပံပညာရှင်တွေ အတိအကျ မသိသေးပါဘူး။ 

နောက်ထပ် အာကာသ အဝေးကြည့်မှန်ပြောင်းတွေကို သုံးပြီး အဲဒီ ဂြိုလ်ပေါ်မှာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဓာတု ဓာတ်တွေ ရှိ၊ မရှိကို လေ့လာသွားဖို့ ရှိပါတယ်၊ အခုအထိ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ကမှာ ဂြိုလ်ပေါင်း ၁၈၀၀ နီးပါးကို သိပ္ပံပညာရှင်တွေက တွေ့ရှိထားပြီ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဇုန်မှာ လည်ပတ်နေတဲ့ ကမ္ဘာနဲ့ အရွယ်တူ ဂြိုလ် တလုံးကို တွေ့ရှိတယ်လို့ ကြာသာပတေးနေ့မှာကြေညာပါတယ်။

ကက်ပလာ ၁၈၆ လို့ ခေါ်တဲ့ ကြယ်ဟာ နဂါငွေ့တန်းကြယ်စုကနေ အလင်းနှစ် ၅၀၀ အကွာအဝေးမှာ တည်ရှိပြီး ဂြိုလ်တည်ရှိနေတဲ့ ဇုန်ဟာ သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေရှိနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်၊ ကက်ပလာ ကြယ်ဟာ မိခင်ကြယ်ကြီးဆီက ရောင်ခြည်ဖြာထွက် တာကို သုံးပုံတပုံလောက် ရရှိနေပုံဟာ ကမ္ဘာဂြိုလ်က နေဆီက အလင်းရောင်ကို ရနေပုံမျိုးနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။ အဲဒီ ဂြိုလ်ပေါ်မှာ နေ့လယ်ခင်းအချိန်ဟာ ကမ္ဘာပေါ်မှာ နေမ၀င်ခင် တနာရီနဲ့ ဆင်တူတယ်လို့ နာဆာ အဖွဲ့က အာကာသ ဗေဒ ပညာရှင် သော်မက် ဘာကလေက ပြောပါတယ်။

“ဒီဂြိုလ်ဟာ ကမ္ဘာနဲ့ အမွှာလို မတူပေမယ့် ၀မ်းကွဲလို ဆင်တယ်” လို့ ဂိုလ်ကို တွေ့ရှိတဲ့ သိပ္ပံပညာရှင်အဖွဲ့က ဘာကလေက ပြောပါတယ်၊ နာဆာအဖွဲ့ဟာ ကက်ပလာ အာကာသ အဝေးကြည့်မှန်ပြောင်းကို ၂၀၀၉ ခုနှစ်မှာ တပ်ဆင်ပြီး ကြယ်ပေါင်း တသိန်းငါးသောင်းကို လေ့လာခဲ့ပါတယ်။ ကက်ပလာ ကြယ်ရဲ့ လေထုအနေအထားကိုတော့ သိပ္ပံပညာရှင်တွေ အတိအကျ မသိသေးပါဘူး။

နောက်ထပ် အာကာသ အဝေးကြည့်မှန်ပြောင်းတွေကို သုံးပြီး အဲဒီ ဂြိုလ်ပေါ်မှာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဓာတု ဓာတ်တွေ ရှိ၊ မရှိကို လေ့လာသွားဖို့ ရှိပါတယ်၊ အခုအထိ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ကမှာ ဂြိုလ်ပေါင်း ၁၈၀၀ နီးပါးကို သိပ္ပံပညာရှင်တွေက တွေ့ရှိထားပြီ ဖြစ်ပါတယ်။
 
DVB News

No comments:

Post a Comment