Tuesday, April 22, 2014

မန္တလေးတိုင်း ဝန်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှု တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်စစ်ဆေး

မန္တလေး၊ ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၏နေအိမ် လျှပ်စစ်မီး ဝါယာရှော့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တရားစွဲဆိုရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။ 

မန္တလေးမြို့တော် အောင်မြေသာစံမြို့နယ် ၆၅ လမ်း၊ ၂၃ နှင့် ၂၄ လမ်းကြားတွင် တည်ရှိသော အဆိုပါ ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှင့် ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆို၍ ဥပေဒကြောင်းအရ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တချို့မီဒီယာတွေက ဝန်ကြီးချုပ်ကို အမှုမဖွင့်ဘူးလား၊ မဖွင့်ဘူးလား၊ ပြောနေကြတာ။ ဝန်ကြီးချုပ်ကို အမှုဖွင့်မယ်ဆိုရင် သမ္မတဆီကို စာတင် အကြောင်းကြားတာတွေ ဘာတွေလုပ်ရမယ်။ အဲ့ဒါကြောင့် မီးစတင် လောင်ကျွမ်းတဲ့ အကြောင်းအရင်းကို စုံစမ်းနေပါတယ်။ ဝါယာကြိုးတွေ ဆွေးမြည့်နေလို့လား။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို တိုင်းဒေသကြီး အစိုးရဖွဲ့က ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးနေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ် ဝန်ကြီးချုပ်သည် နေအိမ်အတွင်း၌ ရှိနေခဲ့ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း အစည်းအဝေး တက်ရောက်နေ၍ ပြန်လည် မဖြေကြားနိုင်ကြောင်း ၎င်းတို့က ပြောကြားသည်။ 

မန္တလေးမြို့တော်ရှိ ၆၅ လမ်း၊ ၂၃x၂၄ လမ်းကြားတွင် ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နေအိမ်ရှိ အခန်းတစ်ခန်းတွင် လျှပ်စစ်ဝါယာရှော့ ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော်လည်း အခြား ဘေးပတ်ဝန်းကျင်သို့ မီးကူးစက် လောင်ကျွမ်းခြင်း မရှိခဲ့ပေ။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှင့် ပတ်သက်သည့် တွေ့ရှိချက်များကို ဓာတ်ပုံ အထောက်အထားနှင့်တကွ မီးလောင်သည့်နေ့တွင်ပင် မီးသတ်သို့ ချက်ချင်း လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း ပြောကြားသည်။

“ဒီအမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဆဲပဲ တင်ထားတာပါ။ မီးလောင်မှု ဓာတ်ပုံ ပို့တယ် ဆိုတာလည်း ခုထိ လက်ခံရတာမျိုး မရှိသေးပါဘူး။ ဝန်ကြီးတစ်ပါး ဦးဆောင် စစ်ဆေးနေတယ် ဆိုတာလည်း မသိပါဘူး။ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်။ သိရင် ကျွန်တော်တို့ ပြောပေးပါမယ် ခင်ဗျာ” ဟု တိုင်းမီးသတ် ဦးစီးမှူးက ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်သည် ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်ကလည်း ယာဉ်တန်းဖြင့် မိုးကုတ်မြို့မှ မန္တလေးမြို့သို့ ပြန်လာစဉ် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင်အမှတ် ၃၀ နှင့် ၃၁ ကြား အရောက်တွင် လက်ဆွဲမိုင်း ချိန်ကိုက်ရှော့တိုက် ပေါက်ကွဲ တိုက်ခိုက်ခံခဲ့ရပြီး မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက်ချုပ် ဦးအောင်မင်းဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ပြန်ကြားရေး သတင်းထောက် ဦးဇင်မင်းထွန်းတို့ ဒဏ်ရာရရှိခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၏နေအိမ် လျှပ်စစ်မီး ဝါယာရှော့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တရားစွဲဆိုရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြော ကြားသည်။
မန္တလေးမြို့တော် အောင်မြေသာစံမြို့နယ် ၆၅ လမ်း၊ ၂၃ နှင့် ၂၄ လမ်းကြားတွင် တည်ရှိသော အဆိုပါ ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှင့် ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆို၍ ဥပေဒကြောင်းအရ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တချို့မီဒီယာတွေက ဝန်ကြီးချုပ်ကို အမှုမဖွင့်ဘူးလား၊ မဖွင့်ဘူးလား၊ ပြောနေကြတာ။ ဝန်ကြီးချုပ်ကို အမှုဖွင့်မယ်ဆိုရင် သမ္မတဆီကို စာတင် အကြောင်းကြားတာတွေ ဘာတွေလုပ်ရမယ်။ အဲ့ဒါကြောင့် မီးစတင် လောင်ကျွမ်းတဲ့ အကြောင်းအရင်းကို စုံစမ်းနေပါတယ်။ ဝါယာကြိုးတွေ ဆွေးမြည့်နေလို့လား။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို တိုင်းဒေသကြီး အစိုးရဖွဲ့က ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးနေပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ် ဝန်ကြီးချုပ်သည် နေအိမ်အတွင်း၌ ရှိနေခဲ့ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြားသည်။
အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း အစည်းအဝေး တက်ရောက်နေ၍ ပြန်လည် မဖြေကြားနိုင်ကြောင်း ၎င်းတို့က ပြောကြားသည်။
မန္တလေးမြို့တော်ရှိ ၆၅ လမ်း၊ ၂၃x၂၄ လမ်းကြားတွင် ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နေအိမ်ရှိ အခန်းတစ်ခန်းတွင် လျှပ်စစ်ဝါယာရှော့ ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော်လည်း အခြား ဘေးပတ်ဝန်းကျင်သို့ မီးကူးစက် လောင်ကျွမ်းခြင်း မရှိခဲ့ပေ။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှင့် ပတ်သက်သည့် တွေ့ရှိချက်များကို ဓာတ်ပုံ အထောက်အထားနှင့်တကွ မီးလောင်သည့်နေ့ တွင်ပင် မီးသတ်သို့ ချက်ချင်း လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း ပြောကြားသည်။
“ဒီအမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဆဲပဲ တင်ထားတာပါ။ မီးလောင်မှု ဓာတ်ပုံ ပို့တယ် ဆိုတာလည်း ခုထိ လက်ခံရတာမျိုး မရှိသေးပါဘူး။ ဝန်ကြီးတစ်ပါး ဦးဆောင် စစ်ဆေးနေတယ် ဆိုတာလည်း မသိပါဘူး။ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်။ သိရင် ကျွန်တော်တို့ ပြောပေးပါမယ် ခင်ဗျာ” ဟု တိုင်းမီးသတ် ဦးစီးမှူးက ပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်သည် ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်ကလည်း ယာဉ်တန်းဖြင့် မိုးကုတ်မြို့မှ မန္တလေးမြို့သို့ ပြန်လာစဉ် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင်အမှတ် ၃၀ နှင့် ၃၁ ကြား အရောက်တွင် လက်ဆွဲမိုင်း ချိန်ကိုက်ရှော့တိုက် ပေါက်ကွဲ တိုက်ခိုက်ခံခဲ့ရပြီး မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက်ချုပ် ဦးအောင်မင်းဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ပြန်ကြားရေး သတင်းထောက် ဦးဇင်မင်းထွန်းတို့ ဒဏ်ရာရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment