Tuesday, April 22, 2014

တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှုသေဆုံးသူ ၆၄ဦးရှိလာပျောက်ဆုံးနေသူ ၂၃၈ ဦးကိုအမြန်ဆုံးရှာဖွေရန် တောင်ကိုရီးယားသမ္မတတိုက်တွန်း

Photo: တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှုသေဆုံးသူ ၆၄ဦးရှိလာပျောက်ဆုံးနေသူ  ၂၃၈ ဦးကိုအမြန်ဆုံးရှာဖွေရန် တောင်ကိုရီးယားသမ္မတတိုက်တွန်း
==================================
ဆိုးလ် ဧပြီ ၂၁
==================================

တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မှ အပန်းဖြေစခန်းတစ်ခုရှိရာ ဂျယ်ဂျူးကျွန်းသို့ သွားရောက်စဉ်အတွင်း နစ်မြုပ်ခဲ့သည့် ကူး တို့သင်္ဘောဖြစ်ရပ်ကြောင့် သေဆုံးသူ ၆၄ ဦးရှိသွားပြီဟု တောင်ကိုရီးယားအစိုးရမှ အတည်ပြုချက်ထုတ်ပြန်လိုက်ကြောင်းရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။ 

သင်္ဘောပေါ်၌ ခရီးသည် ၄၇၆ ဦးပါရှိ သွားခဲ့ပြီး ၃၃၉ ဦးမှာ အပန်းဖြေလေ့လာရေး ခရီးအဖြစ် လိုက်ပါလာခဲ့သော ကလေးငယ် များဖြစ်ပြီး ကျန်ခရီးသည်များထဲတွင်လည်း  ကျောင်းဆရာအရေအတွက်မှာ အများဆုံးဖြစ် သည်ဟုသိရသည်။ သင်္ဘောသည် ကမ်းရိုး တန်းကိုဖြတ်သန်းနေစဉ်အတွင်း ပြင်းထန် သော ဒီရေလှိုင်းများကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ သင်္ဘောနစ်မြုပ်ရာ ၌ ပါဝင်ခဲ့သူများအနက် ၁၇၄ ဦးကို ကယ် ဆယ်နိုင်ခဲ့ပြီးဖြစ်သည်။ 
ကျန်ခရီးသည်များ ကို ပင်လယ်အတွင်း၌ နစ်မြုပ်နေသည့် သင်္ဘောထဲတွင် ရှာဖွေမှုများဆက်လက်ပြုလုပ် နေသော်လည်း ရာသီဥတုအခြေအနေဆိုးရွား နေခြင်းကြောင့် ရှာဖွေရေးလုပ်ငန်းစဉ်များမှာ မျှော်မှန်းထားသလောက်ခရီးရောက်ခြင်းမရှိ ဟု ရှာဖွေရေးအဖွဲ့မှပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောသည်။ ယနေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်သော ရှာဖွေရေးအဖွဲ့၏ သတင်းထုတ် ပြန်ချက်တွင် ပျောက်ဆုံးသူအရေအတွက်မှာ  ၂၃၈ ဦးရှိပြီး ရာသီဥတုပြင်းထန်နေသည့် ကြားမှ ရှာဖွေမှုလုပ်ငန်းစဉ်များကိုဆောင်ရွက် နေသည်ဟုဖော်ပြထားသည်။

တောင်ကိုရီးယားသမ္မတပတ်ဂွမ်ဟေးသည်  သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ရာတွင် အဆိုပါ ဖြစ်စဉ်အတွက် သင်္ဘောဝန်ထမ်းများတွင် သာ တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။  ပတ်ဂွမ်ဟေးက ''ဒီဖြစ်စဉ်ဟာ သင်္ဘော ဝန်ထမ်းတွေရဲ့ ပေါ့လျော့မှု၊ အားနည်းမှုတွေ ကြောင့်ဖြစ်ပျက်ခဲ့တယ်လို့ဆိုရမှာပါ။ စုံစမ်း စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပေမယ့် သင်္ဘော မောင်းသူမှာပဲ တာဝန်အပြည့်အဝရှိမယ်လို့  သတ်မှတ်ထားပါတယ်။ ပျောက်ဆုံးနေသူ
 တွေကို အမြန်ဆုံးရှာဖွေနိုင်အောင် ကြိုးစားဖို့  တိုက်တွန်းချင်ပါတယ်''ဟုပြောသည်။
NG(Ref:Reuters)
တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မှ အပန်းဖြေစခန်းတစ်ခုရှိရာ ဂျယ်ဂျူးကျွန်းသို့ သွားရောက်စဉ်အတွင်း နစ်မြုပ်ခဲ့သည့် ကူး တို့သင်္ဘောဖြစ်ရပ်ကြောင့် သေဆုံးသူ ၆၄ ဦးရှိသွားပြီဟု တောင်ကိုရီးယားအစိုးရမှ အတည်ပြုချက်ထုတ်ပြန်လိုက်ကြောင်းရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။

သင်္ဘောပေါ်၌ ခရီးသည် ၄၇၆ ဦးပါရှိ သွားခဲ့ပြီး ၃၃၉ ဦးမှာ အပန်းဖြေလေ့လာရေး ခရီးအဖြစ် လိုက်ပါလာခဲ့သော ကလေးငယ် များဖြစ်ပြီး ကျန်ခရီးသည်များထဲတွင်လည်း ကျောင်းဆရာအရေအတွက်မှာ အများဆုံးဖြစ် သည်ဟုသိရသည်။ သင်္ဘောသည် ကမ်းရိုး တန်းကိုဖြတ်သန်းနေစဉ်အတွင်း ပြင်းထန် သော ဒီရေလှိုင်းများကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ သင်္ဘောနစ်မြုပ်ရာ ၌ ပါဝင်ခဲ့သူများအနက် ၁၇၄ ဦးကို ကယ် ဆယ်နိုင်ခဲ့ပြီးဖြစ်သည်။
ကျန်ခရီးသည်များ ကို ပင်လယ်အတွင်း၌ နစ်မြုပ်နေသည့် သင်္ဘောထဲတွင် ရှာဖွေမှုများ ဆက်လက်ပြုလုပ် နေသော်လည်း ရာသီဥတုအခြေအနေဆိုးရွား နေခြင်းကြောင့် ရှာဖွေရေး လုပ်ငန်းစဉ် များမှာ မျှော်မှန်းထားသလောက်ခရီးရောက်ခြင်းမရှိ ဟု ရှာဖွေရေးအဖွဲ့မှပြောရေးဆိုခွင့် ရှိသူတစ်ဦး က ပြောသည်။ ယနေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်သော ရှာဖွေရေးအဖွဲ့၏ သတင်းထုတ် ပြန်ချက် တွင် ပျောက်ဆုံးသူအရေအတွက်မှာ ၂၃၈ ဦးရှိပြီး ရာသီဥတုပြင်းထန်နေသည့် ကြားမှ ရှာဖွေမှုလုပ်ငန်းစဉ်များကိုဆောင်ရွက် နေသည်ဟုဖော်ပြထားသည်။

တောင်ကိုရီးယားသမ္မတပတ်ဂွမ်ဟေးသည် သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ရာတွင် အဆိုပါ ဖြစ်စဉ်အတွက် သင်္ဘောဝန်ထမ်းများတွင် သာ တာဝန်ရှိသည်ဟု ပြောကြား ခဲ့သည်။ ပတ်ဂွမ်ဟေးက ''ဒီဖြစ်စဉ်ဟာ သင်္ဘော ဝန်ထမ်းတွေရဲ့ ပေါ့လျော့မှု၊ အားနည်းမှုတွေ ကြောင့်ဖြစ် ပျက်ခဲ့တယ်လို့ဆိုရမှာပါ။ စုံစမ်း စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပေမယ့် သင်္ဘော မောင်းသူမှာပဲ တာဝန်အပြည့်အဝရှိမယ်လို့ သတ်မှတ်ထားပါတယ်။ ပျောက်ဆုံးနေသူတွေကို အမြန်ဆုံးရှာဖွေနိုင်အောင် ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်''ဟုပြောသည်။
NG(Ref:Reuters)
 The Union Daily

No comments:

Post a Comment