Tuesday, April 1, 2014

ဟိုင်းလပ်ယာဉ်များ ရန်ကုန်မြို့တွင်း ဝင်ရောက်ခွင့် ကန့်သတ်ခြင်းကို ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ်သား ၃၀၀ ခန့် ကန့်ကွက်ဆန္ဒပြ

ရန်ကုန်မြို့တွင်း မြို့နယ်များသို့ ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ဝင်ရောက်မှု ကန့်သတ်ခြင်းကို ကန့်ကွက်သည့်အနေနှင့် ရန်ကုန်မြို့တော် ခန်းမအနီးနှင့် တောင်ဥက္ကလာပ မြို့နယ်ရှိ မ.ထ.သ ဗဟိုရုံးချုပ်ရှေ့တွင် ဟိုင်းလပ် ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ်သား ၃၀၀ ခန့်က မတ်လ ၃၁ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။

ဟိုင်းလပ်ယာဉ်လိုင်းများ နေရာတွင် မီနီဘတ်စ် ယာဉ်များကို အစားထိုး ပြေးဆွဲစေခြင်းမှာ (မ.ထ.သ) က ကုမ္ပဏီများ ကောင်းစားရေး မျက်နှာကို ကြည့်၍ ပြုလုပ်သည့် အစီအစဉ်သာ ဖြစ်သည့်အတွက် ဟိုင်းလပ်ယာဉ် ပိုင်ရှင်များက ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် အောင်တံခွန် ဟိုင်းလပ်ယာဉ်လိုင်းမှ ဒုဥက္ကဋ္ဌ တစ်ဖြစ်လဲ ဟိုင်းလပ်ယာဉ် ပိုင်ရှင်လည်းဖြစ်သူ ဦးတင်လင်းက ပြောကြားသည်။ 

“ဟိုင်းလပ် ပြန်ရောင်းရငွေက အလွန်ဆုံး သိန်း ၁၀၀ လောက်ပဲ ပြန်ရမှာ။ ဒေဝူးမီနီဘတ်စ် တစ်စီးကို ကုမ္ပဏီက သိန်း ၃၈၀ နဲ့ ရောင်းပြီး ပထမဆုံး ၁၅၀ သိန်းလောက် ပေးရမယ် ပြောတယ်။ နောက်ပိုင်း တစ်လ သိန်းနှစ်ဆယ်ကျော်ကို တစ်နှစ် ထပ်သွင်းခိုင်းတယ်။ ဂျပန်ကားဆိုရင် ၂ နှစ် အရစ်ကျ တစ်လ ၁၁ သိန်းနဲ့ ရောင်းပေးပေမယ့် မီနီဘတ်စ်က တစ်လမှ ခြောက်သိန်းလောက်ပဲ ဝင်ငွေရမှာ ဆိုတော့ တစ်လသိန်း ၂၀ ကျော် ဘယ်လိုမှ မပေးနိုင်ဘူး” ဟု ၎င်းကဆိုသည်။

မှော်ဘီ-တိုက်ကြီး ယာဉ်လိုင်းတွင် ဟိုင်းလပ်ယာဉ်ပေါင်း ၂၅၀ ခန့် ရှိသဖြင့် အဆိုပါ ယာဉ်ကို အမှီပြုနေရသည့် မရှိဆင်းရဲသားများ အတွက် ကျပ်ငွေ သိန်း ၁၀၀ ခန့် တန်ဖိုးရှိသည့် ကားများကိုသာ အစားထိုး စီစဉ်ပေးသင့်ကြောင်း ၎င်းကဆိုသည်။ 

ကားတင်သွင်းပြီး CNG ရရှိရန် အနည်းဆုံး သုံးလခန့် စောင့်ဆိုင်းရသဖြင့် ယာဉ်အပေါ် အမှီပြု စားသောက်နေရသည့် မိသားစုများလည်း အခက်အခဲ ဖြစ်စေသည့်အတွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း အောင်တံခွန်ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် ကိုဖြိုးက The Voice သို့ ပြောကြားသည်။

မထသ အနေနှင့် ကုမ္ပဏီကောင်းစားရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ယာဉ်ပိုင်ရှင်များ အရစ်ကျစနစ်ဖြင့် ဝယ်ယူ၍ ယာဉ်အစားထိုး ပြေးဆွဲနိုင်ရန် စီစဉ်ပေးထားခြင်းသာ ဖြစ်ကြောင်း ဟိုင်းလပ်ခရီးသည်တင် ယာဉ်ပိုင်ရှင်တစ်ဖြစ်လဲ မြောက်ပိုင်းခရိုင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“ကုမ္ပဏီက အများကြီးပါ။ သူတို့ကို ဘယ်ကုမ္ပဏီမှာ ဝယ်ရမယ်လို့ မသတ်မှတ်ထားဘူး။ အခက်အခဲတစ်ခုက မြောက်ပိုင်းခရိုင် ယာဉ်လိုင်းအောက်မှာ ဟိုင်းလပ် ၈၀၀ ကျော် ရှိတဲ့အတွက် တစ်ပြိုင်နက် လဲခိုင်းမယ် ဆိုရင်တော့ ပြည်တွင်းကုမ္ပဏီတွေမှာ ဒီလောက် ကားမရှိလို့ ပြည်ပက တင်သွင်းရမယ် ဆိုရင် ယာဉ်ပိုင်ရှင်တွေအတွက် ဒုက္ခဖြစ်စေတယ်” ဟု ၎င်းက ရှင်းပြသည်။

မ.ထ.သ အနေနင့် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရေး ဟိုင်းလပ်အစားထိုး ယာဉ်များကို အရစ်ကျ ရောင်းချပေးစေရန် ကုမ္ပဏီများကို ဖိတ်ခေါ်ခြင်း၊ စည်ပင်သာယာ နယ်နိမိတ်အတွင်း ပြေးဆွဲခွင့် မရှိသော်လည်း စည်ပင်သာယာ နယ်နိမိတ် ပြင်ပဖြစ်သည့် ဒလ-တွံတေးကဲ့သို့ ယာဉ်လိုင်းများတွင် ပြေးဆွဲခွင့်ပြုခြင်း၊ ဟိုင်းလပ်ယာဉ်များကို ရန်ကုန် မြို့တွင်း စည်ပင်သာယာ နယ်နိမိတ် ပြင်ပဖြစ်သည့် ထောက်ကြန့်အထိ ပြေးဆွဲခွင့် ပေးထားကြောင်း မ.ထ.သ ဗဟိုမှ ဥက္ကဋ္ဌ ဦးလှအောင်က The Voice သို့ ပြောကြားသည်။ 

“ဘယ်ကုမ္ပဏီက ဝယ်ပါ မပြောထားဘူး။ သိန်း ၃၈၀ ဆိုတာ ဒေဝူးကုမ္ပဏီက ကားအသစ်တွေပါ။ တချို့ ၂၀၀၃ ခုနှစ်ထုတ် ကားတွေဆို သိန်း ၁၇၀ လောက်ပဲ ကျတယ်။ ပထမဆုံး သိန်း ၇၀ လောက်ပဲ သွင်းပြီး တစ်လ လေးသိန်းကျော်ပဲ သွင်းရတဲ့ ကားတွေတောင်ပါတယ်။ လတ်တလော လာကမ်းလှမ်းတဲ့ ကုမ္ပဏီ ၁၄ ခုကျော် ရှိတယ်။ CNG မြန်မြန်ရအောင် မီနီဘတ်စ်နဲ့ လုံလောက်မယ့် CNG ရအောင် တိုင်းဒေသကြီး အစိုးရအဖွဲ့က စွမ်းအင်နဲ့ ညှိနှိုင်းပေးနေတယ်။ ကညန အခွန်ကိုလည်း မီနီဘတ်စ်တွေအတွက် သိသိသာသာ နှုန်းထားတွေ လျှော့ပေးထားပါတယ်” ဟု ၎င်းကဆိုသည်။

ဟိုင်းလပ်ယာဉ်များ မရှိပါက မှော်ဘီ၊ တိုက်ကြီးဒေသထွက် အသီးအနှံများနှင့် ပန်းမန်များကို ရန်ကုန်မြို့တွင်းရှိ ဈေးကြီးများသို့ ပို့ဆောင်ရန် ခက်ခဲ့သည့်အတွက် ကုန်စိမ်းများ ပို့ဆောင်ရန်အတွက် တစ်မျိုးတစ်ဖုံ ခွင့်ပြုပေးသင့်ကြောင်း ရန်ကုန် သီရိမင်္ဂလာဈေးသို့ နှင်းဆီပန်းများ ပို့ဆောင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဟိုင်းလပ်ယာဉ်မှာ မြန်ဆန်သည့်အတွက် ကံကိုယုံ၍ အမြဲတစေ စီးဖြစ်ကြောင်း မှော်ဘီမြို့နယ်မှ စော်ဘွားကြီးကုန်းသို့ နေ့စဉ် အလုပ်သွားရောက် လုပ်ကိုင်နေသူ မငြိမ်းအိမွန်က ဆိုသည်။

၎င်း၏ မိခင်ဖြစ်သူ ဒေါ်စန္ဒာက အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်သို့ သွားရောက်ရသည် ရှိသော် ဟိုင်းလပ်ကားကို လုံးဝမစီးဘဲ တိုက်ကြီးမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် အဲယားကွန်း ဘတ်စ်ကားကြီးများကို စောင့်စီးကြောင်း ၎င်းကဆိုသည်။

ဟိုင်းလပ်ယာဉ်မှာ ခရီးသည် အယောက် ၂၀ ခန့်သာ တင်ဆောင်ခွင့် ပြုထားသော်လည်း လက်ရှိ ရုံးတက်ရုံးဆင်း ချိန်များတွင် ယာဉ်လုံလောက်မှု မရှိခြင်းကြောင့် ခရီးသည် ၄၀ ကျော်အထိ တင်ဆောင်ပြေးဆွဲရကြောင်း မှော်ဘီ-ရန်ကုန် ပြေးဆွဲနေသည့် ဟိုင်းလပ်ယာဉ်မှ ယာဉ်နောက်လိုက် တစ်ဦးက ဆိုသည်။

ဟိုင်းလပ်ယာဉ်များကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကုန်မှ စ၍ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သော်လည်း အဆိုပါ ယာဉ်ပိုင်ရှင်များ၏ တောင်းဆိုချက်အရ မတ်လ ၃၁ ရက်နေ့ထိ ရန်ကုန်မြို့တွင် ပြေးဆွဲရန် ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
ရန်ကုန်မြို့တွင်း မြို့နယ်များသို့ ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ဝင်ရောက်မှု ကန့်သတ်ခြင်းကို ကန့်ကွက်သည့်အနေနှင့် ရန်ကုန်မြို့တော် ခန်းမအနီးနှင့် တောင်ဥက္ကလာပ မြို့နယ်ရှိ မ.ထ.သ ဗဟိုရုံးချုပ်ရှေ့တွင် ဟိုင်းလပ် ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ်သား ၃၀၀ ခန့်က မတ်လ ၃၁ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။
ဟိုင်းလပ်ယာဉ်လိုင်းများ နေရာတွင် မီနီဘတ်စ် ယာဉ်များကို အစားထိုး ပြေးဆွဲစေခြင်းမှာ (မ.ထ.သ) က ကုမ္ပဏီများ ကောင်းစားရေး မျက်နှာကို ကြည့်၍ ပြုလုပ်သည့် အစီအစဉ်သာ ဖြစ်သည့်အတွက် ဟိုင်းလပ်ယာဉ် ပိုင်ရှင်များက ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် အောင်တံခွန်
ဟိုင်းလပ်ယာဉ်လိုင်းမှ ဒုဥက္ကဋ္ဌ တစ်ဖြစ်လဲ ဟိုင်းလပ်ယာဉ် ပိုင်ရှင်လည်းဖြစ်သူ ဦးတင်လင်းက ပြောကြား သည်။
“ဟိုင်းလပ် ပြန်ရောင်းရငွေက အလွန်ဆုံး သိန်း ၁၀၀ လောက်ပဲ ပြန်ရမှာ။ ဒေဝူးမီနီဘတ်စ် တစ်စီးကို ကုမ္ပဏီက သိန်း ၃၈၀ နဲ့ ရောင်းပြီး ပထမဆုံး ၁၅၀ သိန်းလောက် ပေးရမယ် ပြောတယ်။ နောက်ပိုင်း တစ်လ သိန်းနှစ်ဆယ်ကျော်ကို တစ်နှစ် ထပ်သွင်းခိုင်းတယ်။ ဂျပန်ကားဆိုရင် ၂ နှစ် အရစ်ကျ တစ်လ ၁၁ သိန်းနဲ့ ရောင်းပေးပေမယ့် မီနီဘတ်စ်က တစ်လမှ ခြောက်သိန်းလောက်ပဲ ဝင်ငွေရမှာ ဆိုတော့ တစ်လသိန်း ၂၀ ကျော် ဘယ်လိုမှ မပေးနိုင်ဘူး” ဟု ၎င်းကဆိုသည်။
မှော်ဘီ-တိုက်ကြီး ယာဉ်လိုင်းတွင် ဟိုင်းလပ်ယာဉ်ပေါင်း ၂၅၀ ခန့် ရှိသဖြင့် အဆိုပါ ယာဉ်ကို အမှီပြုနေရသည့် မရှိဆင်းရဲသားများ အတွက် ကျပ်ငွေ သိန်း ၁၀၀ ခန့် တန်ဖိုးရှိသည့် ကားများကိုသာ အစားထိုး စီစဉ်ပေးသင့်ကြောင်း ၎င်းကဆိုသည်။
ကားတင်သွင်းပြီး CNG ရရှိရန် အနည်းဆုံး သုံးလခန့် စောင့်ဆိုင်းရသဖြင့် ယာဉ်အပေါ် အမှီပြု စားသောက်နေရသည့် မိသားစုများလည်း အခက်အခဲ ဖြစ်စေသည့်အတွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း အောင်တံခွန်ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် ကိုဖြိုးက The Voice သို့ ပြောကြားသည်။
မထသ အနေနှင့် ကုမ္ပဏီကောင်းစားရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ယာဉ်ပိုင်ရှင်များ အရစ်ကျစနစ်ဖြင့် ဝယ်ယူ၍ ယာဉ်အစားထိုး ပြေးဆွဲနိုင်ရန် စီစဉ်ပေးထားခြင်းသာ ဖြစ်ကြောင်း ဟိုင်းလပ်ခရီးသည်တင် ယာဉ်ပိုင်ရှင်တစ်ဖြစ်လဲ မြောက်ပိုင်းခရိုင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“ကုမ္ပဏီက အများကြီးပါ။ သူတို့ကို ဘယ်ကုမ္ပဏီမှာ ဝယ်ရမယ်လို့ မသတ်မှတ်ထားဘူး။ အခက်အခဲတစ်ခုက မြောက်ပိုင်းခရိုင် ယာဉ်လိုင်းအောက်မှာ ဟိုင်းလပ် ၈၀၀ ကျော် ရှိတဲ့အတွက် တစ်ပြိုင်နက် လဲခိုင်းမယ် ဆိုရင်တော့ ပြည်တွင်းကုမ္ပဏီတွေမှာ ဒီလောက် ကားမရှိလို့ ပြည်ပက တင်သွင်းရမယ် ဆိုရင် ယာဉ်ပိုင်ရှင်တွေအတွက် ဒုက္ခဖြစ်စေတယ်” ဟု ၎င်းက ရှင်းပြသည်။
မ.ထ.သ အနေနင့် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရေး ဟိုင်းလပ်အစားထိုး ယာဉ်များကို အရစ်ကျ ရောင်းချပေးစေရန် ကုမ္ပဏီများကို ဖိတ်ခေါ်ခြင်း၊ စည်ပင်သာယာ နယ်နိမိတ်အတွင်း ပြေးဆွဲခွင့် မရှိသော်လည်း စည်ပင်သာယာ နယ်နိမိတ် ပြင်ပဖြစ်သည့် ဒလ-တွံတေးကဲ့သို့ ယာဉ်လိုင်းများတွင် ပြေးဆွဲခွင့်ပြုခြင်း၊ ဟိုင်းလပ်ယာဉ်များကို ရန်ကုန် မြို့တွင်း စည်ပင်သာယာ နယ်နိမိတ် ပြင်ပဖြစ်သည့် ထောက်ကြန့်အထိ ပြေးဆွဲခွင့် ပေးထားကြောင်း မ.ထ.သ ဗဟိုမှ ဥက္ကဋ္ဌ ဦးလှအောင်က The Voice သို့ ပြောကြားသည်။
“ဘယ်ကုမ္ပဏီက ဝယ်ပါ မပြောထားဘူး။ သိန်း ၃၈၀ ဆိုတာ ဒေဝူးကုမ္ပဏီက ကားအသစ်တွေပါ။ တချို့ ၂၀၀၃ ခုနှစ်ထုတ် ကားတွေဆို သိန်း ၁၇၀ လောက်ပဲ ကျတယ်။ ပထမဆုံး သိန်း ၇၀ လောက်ပဲ သွင်းပြီး တစ်လ လေးသိန်းကျော်ပဲ သွင်းရတဲ့ ကားတွေတောင်ပါတယ်။ လတ်တလော လာကမ်းလှမ်းတဲ့ ကုမ္ပဏီ ၁၄ ခုကျော် ရှိတယ်။ CNG မြန်မြန်ရအောင် မီနီဘတ်စ်နဲ့ လုံလောက်မယ့် CNG ရအောင် တိုင်းဒေသကြီး အစိုးရအဖွဲ့က စွမ်းအင်နဲ့ ညှိနှိုင်းပေးနေတယ်။ ကညန အခွန်ကိုလည်း မီနီဘတ်စ်တွေအတွက် သိသိသာသာ နှုန်းထားတွေ လျှော့ပေးထားပါတယ်” ဟု ၎င်းကဆိုသည်။
ဟိုင်းလပ်ယာဉ်များ မရှိပါက မှော်ဘီ၊ တိုက်ကြီးဒေသထွက် အသီးအနှံများနှင့် ပန်းမန်များကို ရန်ကုန်မြို့တွင်းရှိ ဈေးကြီးများသို့ ပို့ဆောင်ရန် ခက်ခဲ့သည့်အတွက် ကုန်စိမ်းများ ပို့ဆောင်ရန်အတွက် တစ်မျိုးတစ်ဖုံ ခွင့်ပြုပေးသင့်ကြောင်း ရန်ကုန် သီရိမင်္ဂလာဈေးသို့ နှင်းဆီပန်းများ ပို့ဆောင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ဟိုင်းလပ်ယာဉ်မှာ မြန်ဆန်သည့်အတွက် ကံကိုယုံ၍ အမြဲတစေ စီးဖြစ်ကြောင်း မှော်ဘီမြို့နယ်မှ စော်ဘွားကြီးကုန်းသို့ နေ့စဉ် အလုပ်သွားရောက် လုပ်ကိုင်နေသူ မငြိမ်းအိမွန်က ဆိုသည်။
၎င်း၏ မိခင်ဖြစ်သူ ဒေါ်စန္ဒာက အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်သို့ သွားရောက်ရသည် ရှိသော် ဟိုင်းလပ်ကားကို လုံးဝမစီးဘဲ တိုက်ကြီးမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် အဲယားကွန်း ဘတ်စ်ကားကြီးများကို စောင့်စီးကြောင်း ၎င်းကဆိုသည်။
ဟိုင်းလပ်ယာဉ်မှာ ခရီးသည် အယောက် ၂၀ ခန့်သာ တင်ဆောင်ခွင့် ပြုထားသော်လည်း လက်ရှိ ရုံးတက်ရုံးဆင်း ချိန်များတွင် ယာဉ်လုံလောက်မှု မရှိခြင်းကြောင့် ခရီးသည် ၄၀ ကျော်အထိ တင်ဆောင်ပြေးဆွဲရကြောင်း မှော်ဘီ-ရန်ကုန် ပြေးဆွဲနေသည့် ဟိုင်းလပ်ယာဉ်မှ ယာဉ်နောက်လိုက် တစ်ဦးက ဆိုသည်။
ဟိုင်းလပ်ယာဉ်များကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကုန်မှ စ၍ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သော်လည်း အဆိုပါ ယာဉ်ပိုင်ရှင်များ၏ တောင်းဆိုချက်အရ မတ်လ ၃၁ ရက်နေ့ထိ ရန်ကုန်မြို့တွင် ပြေးဆွဲရန် ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment