Tuesday, April 1, 2014

သင်္ကြန်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးတွင် ပျော်စရာပွဲတော်များ Coca Cola ကျင်းပမည်

သင်္ကြန်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးတွင် ပျော်စရာပွဲတော်များ Coca Cola ကျင်းပမည်

ရန်ကုန်၊ မတ် ၃၁

နာမည်ကျော် အချိုရည်ကုမ္ပဏီ ကိုကာကိုလာနှင့် ထိုင်းအခြေစိုက် Index Creative Village တို့ ပူးပေါင်းကာ ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ထူးခြားသည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပသွားမည်ဟု ကိုကာကိုလာမြန်မာမှ ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ Rommel Fuentebella က The Voice သို့ ပြောကြားသည်။

“ကျွန်တော်တို့ မန္တလေးနဲ့ ရန်ကုန်မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပမယ်။ မြန်မာပြည်မှာ ပျော်စရာ အကောင်းဆုံး အကြီးကျယ်ဆုံး ပွဲတွေဖြစ်အောင် လုပ်မယ်” ဟု ၎င်းကဆိုသည်။

Coca-Coal Myanmar Summer Festival 2014 အမည်ဖြင့် ပျော်ပွဲရွှင်ပွဲကို ရန်ကုန်မြို့ ရှင်စောပုလမ်းပေါ်ရှိ Myanmar Event Park တွင် ကျင်းပသွားမည် ဖြစ်ပြီး ရေကစားရန် နေရာ၊ ကလေးကစားကွင်း၊ ရေမြှုပ်ပူဖောင်းများဖြင့် ကစားနိုင်မည့် Foam Party၊ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ၊ နံရံတွယ်ကပ် ကစားနည်းအတွက် နေရာများ၊ ရေလွှာလျှောစီး၊ အမြင့်ပေါ်မှ ရော်ဘာကြိုးဖြင့် ခုန်ချကစားရသည့် ကစားနည်း (Bungee) များ ထည့်သွင်းထားကြောင်း ကိုကာကိုလာမြန်မာ ကုမ္ပဏီထံမှ သိရှိရသည်။

“ရန်ကုန်မှာကတော့ ဝင်ကြေး သတ်မှတ်ထားတယ်။ ပါဝင်မယ့် အနုပညာရှင်တွေကတော့ လက်ရှိမှာ ညှိနှိုင်းနေတုန်းမို့လို့ သေချာမှ ထပ်ကြေညာပေးပါမယ်။ ရန်ကုန်မှာက ဝင်ကြေးကို လူတစ်ဦးကို ၃၀၀၀ ကျပ်ပါ။ မန္တလေးမှာကတော့ အခမဲ့ပါ” ဟု Rommel Fuentebella က ဆိုသည်။

မန္တလေးမြို့တွင်မူ အထူးပြင်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် ဦးပိန်တံတား၊ မန္တလေးတောင်၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့် စသော နေရာများသို့ လှည့်လည်သွားမည် ဖြစ်ကြောင်း Myanmar Index Creative Village သိရှိရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်ရွယ်ဖန်တီးထားသည့် နာမည်ကျော် အမေရိကန် တေးသံရှင် David Correy ၏ “The World is Ours” သီချင်းကို ပြည်တွင်းမှ အနုပညာရှင်များ ဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer တို့ဖြင့် မြန်မာ Version ပြန်လည် ဖန်တီးထားသည့် သီချင်းကို အဆိုပါပွဲတွင် ပထမဆုံး ဖျော်ဖြေသွားမည် ဖြစ်သည်။


နာမည်ကျော် အချိုရည်ကုမ္ပဏီ ကိုကာကိုလာနှင့် ထိုင်းအခြေစိုက် Index Creative Village တို့ ပူးပေါင်းကာ ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ထူးခြားသည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပသွားမည်ဟု ကိုကာကိုလာမြန်မာမှ ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ Rommel Fuentebella က The Voice သို့ ပြောကြားသည်။
“ကျွန်တော်တို့ မန္တလေးနဲ့ ရန်ကုန်မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပမယ်။ မြန်မာပြည်မှာ ပျော်စရာ အကောင်းဆုံး အကြီးကျယ်ဆုံး ပွဲတွေဖြစ်အောင် လုပ်မယ်” ဟု ၎င်းကဆိုသည်။

Coca-Coal Myanmar Summer Festival 2014 အမည်ဖြင့် ပျော်ပွဲရွှင်ပွဲကို ရန်ကုန်မြို့ ရှင်စောပုလမ်းပေါ်ရှိ Myanmar Event Park တွင် ကျင်းပသွားမည် ဖြစ်ပြီး ရေကစားရန် နေရာ၊ ကလေးကစားကွင်း၊ ရေမြှုပ်ပူဖောင်းများဖြင့် ကစားနိုင်မည့် Foam Party၊ တေးဂီတ ဖျော်ဖြေ တင်ဆက်မှုများ၊ နံရံတွယ်ကပ် ကစားနည်းအတွက် နေရာများ၊ ရေလွှာလျှောစီး၊ အမြင့်ပေါ်မှ ရော်ဘာ ကြိုးဖြင့် ခုန်ချ ကစားရသည့် ကစားနည်း (Bungee) များ ထည့်သွင်းထားကြောင်း ကိုကာကိုလာမြန်မာ ကုမ္ပဏီထံမှ သိရှိရသည်။
“ရန်ကုန်မှာကတော့ ဝင်ကြေး သတ်မှတ်ထားတယ်။ ပါဝင်မယ့် အနုပညာရှင်တွေကတော့ လက်ရှိမှာ ညှိနှိုင်းနေတုန်းမို့လို့ သေချာမှ ထပ်ကြေညာပေးပါမယ်။ ရန်ကုန်မှာက ဝင်ကြေးကို လူတစ်ဦးကို ၃၀၀၀ ကျပ်ပါ။ မန္တလေးမှာကတော့ အခမဲ့ပါ” ဟု Rommel Fuentebella က ဆိုသည်။
မန္တလေးမြို့တွင်မူ အထူးပြင်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် ဦးပိန်တံတား၊ မန္တလေးတောင်၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့် စသော နေရာများသို့ လှည့်လည်သွားမည် ဖြစ်ကြောင်း Myanmar Index Creative Village သိရှိရသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်ရွယ်ဖန်တီးထားသည့် နာမည်ကျော် အမေရိကန် တေးသံရှင် David Correy ၏ “The World is Ours” သီချင်းကို ပြည်တွင်းမှ အနုပညာရှင်များ ဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer တို့ဖြင့် မြန်မာ Version ပြန်လည် ဖန်တီးထားသည့် သီချင်းကို အဆိုပါပွဲတွင် ပထမဆုံး ဖျော်ဖြေ သွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment