Tuesday, April 29, 2014

မြောက်ကိုရီးယားမှ စစ်ရေးလက်တွေ့ စမ်းသပ် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတိပေး

Tuesday, April 29, 2014
 မြောက်ကိုရီးယားမှ အငြင်းပွားရေပိုင်နက်အနီးတွင် တကယ့်စစ်မြေပြင် ပုံစံအနေအထားအတိုင်း စစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်္ဂါနေ့တွင် ကြေငြာခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။
Photo: မာက်ကိုရီးယားမှ စစ်ရေးလက်တွေ့ စမ်းသပ် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတိပေး
Tuesday, April 29, 2014

မြောက်ကိုရီးယားမှ အငြင်းပွား ရေပိုင်နက်အနီးတွင် တကယ့် စစ်မြေပြင် ပုံစံအနေအထားအတိုင်း စစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်္ဂါနေ့တွင် ကြေငြာခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

၎င်းစစ်ရေး လေ့ကျင့်မှုသည် ယခုလအတွင်းတွင် ဒုတိယ အကြိမ်မြောက် စစ်ရေးလေ့ကျင့်မှု ဖြစ်သည်။ ၎င်းလေ့ကျင့်မှုသည် ကိုရီးယား ကျွန်းဆွယ် အနောက်ပိုင်း ကျွန်းနှစ်ခုအနီးတွင် ပြုလုပ်သွားမည် ဖြစ်သည်။

တောင်ကိုရီးယား စစ်တပ်အနေဖြင့် အပြည့်အဝ ပြင်ဆင်ထားကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ ပြောဆိုခဲ့သည်။ ၎င်းဧရိယာသည် ကိုရီးယား နှစ်နိုင်ငံ၏ နယ်ခြားနေရာ ဖြစ်သည်။ ကုလသမဂ္ဂမှ ကိုရီးယား စစ်ပွဲအပြီးတွင် ရေးဆွဲခဲ့သော နယ်ခြားမျဉ်း ဖြစ်သော်လည်း မြောက်ကိုရီးယားမှ အသိအမှတ်ပြုမှု မရှိခဲ့ပေ။

မတ်လ အဆုံးသတ်ပိုင်းက ပြုလုပ်ခဲ့သော မြောက်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုကြောင့် နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

မြောက်ကိုရီးယား၏ နောက်ဆုံး သတိပေးမှုများမှာ ဂြိုလ်တုပုံရိပ်များမှ ရရှိသည့် နျူကလီးယား စမ်းသပ်စခန်းတွင် လှုပ်ရှားနေမှုများကို တွေ့ရှိရခြင်း ဖြစ်သည်။ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာမှလည်း မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်နိုင်ဖွယ် ရှိကြောင်း သတိပေးခဲ့သည်။ အကယ်၍ နျူကလီးယား စမ်းသပ်မှုသာ ပြုလုပ်ဖြစ်ခဲ့လျှင် ၂၀၀၆ ခုနှစ်၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် ပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှုများနောက်ပိုင်းတွင် စတုတ္ထ အကြိမ်ဖြစ်လာမည် ဖြစ်သည်။

၂၀၀၆ ခုနှစ်က မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုနောက်ပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထုတ်ပြန်ချက်အမှတ် ၁၇၁၈ ဖြင့် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုကို တားမြစ်ထားခဲ့သည်။

နောက်ဆုံး စစ်ရေးလေ့ကျင့်မှုမှာ သမ္မတ အိုဘားမား၏ တောင်ကိုရီးယား ခရီးစဉ်ပြီးနောက် ဖြစ်ပြီး မြောက်ကိုရီးယားမှ ၎င်းခရီးစဉ်ကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။

ပြုံးယမ်း အစိုးရအား နျူကလီးယား လက်နက် စွန့်လွှတ်ရန်အတွက် ဝါရှင်တန် အစိုးရမှ တိုက်တွန်းမှုများကို အကြိမ်ကြိမ် ပြောဆိုထားခဲ့သည်။

Ref: BBC

မြန်မာ့ခေတ် ၎င်းစစ်ရေး လေ့ကျင့်မှုသည် ယခုလ အတွင်းတွင် ဒုတိယ အကြိမ်မြောက် စစ်ရေးလေ့ကျင့်မှု ဖြစ်သည်။ ၎င်းလေ့ကျင့်မှုသည် ကိုရီးယားကျွန်း ဆွယ် အနောက်ပိုင်း ကျွန်းနှစ်ခုအနီးတွင် ပြုလုပ်သွားမည် ဖြစ်သည်။
 တောင်ကိုရီးယား စစ်တပ်အနေဖြင့် အပြည့်အဝ ပြင်ဆင်ထားကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦး မှ ပြောဆိုခဲ့သည်။ ၎င်းဧရိယာသည် ကိုရီးယား နှစ်နိုင်ငံ၏ နယ်ခြားနေရာ ဖြစ်သည်။ ကုလသမဂ္ဂမှ ကိုရီးယား စစ်ပွဲအပြီးတွင် ရေးဆွဲခဲ့သော နယ်ခြားမျဉ်း ဖြစ်သော်လည်း မြောက်ကိုရီးယားမှ အသိအမှတ်ပြုမှု မရှိခဲ့ပေ။ မတ်လ အဆုံးသတ်ပိုင်းက ပြုလုပ်ခဲ့သော မြောက်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုကြောင့် နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ မြောက်ကိုရီးယား၏ နောက်ဆုံး သတိပေးမှုများမှာ ဂြိုလ်တု ပုံရိပ်များမှရရှိသည့် နျူကလီးယားစမ်းသပ်စခန်းတွင် လှုပ်ရှားနေမှုများကို တွေ့ရှိရခြင်း ဖြစ် သည်။ တောင်ကို ရီးယား စစ်ဘက်ဆိုင်ရာမှလည်း မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်နိုင်ဖွယ် ရှိကြောင်း သတိပေးခဲ့သည်။ အကယ်၍ နျူကလီးယား စမ်းသပ်မှုသာ ပြုလုပ်ဖြစ်ခဲ့လျှင် ၂၀၀၆ ခုနှစ်၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် ပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှုများနောက်ပိုင်းတွင် စတုတ္ထ အကြိမ်ဖြစ်လာမည် ဖြစ်သည်။ ၂၀၀၆ ခုနှစ်က မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုနောက်ပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထုတ်ပြန်ချက်အမှတ် ၁၇၁၈ ဖြင့် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုကို တားမြစ်ထားခဲ့သည်။ နောက်ဆုံး စစ်ရေးလေ့ကျင့်မှုမှာ သမ္မတ အိုဘားမား ၏ တောင်ကိုရီးယား ခရီးစဉ်ပြီးနောက် ဖြစ်ပြီး မြောက်ကိုရီးယားမှ ၎င်းခရီးစဉ်ကို အပြင်းအထန် ကန့်ကွက် ခဲ့သည်။ ပြုံးယမ်း အစိုးရအား နျူကလီးယား လက်နက် စွန့်လွှတ်ရန်အတွက် ဝါရှင်တန် အစိုးရမှ တိုက်တွန်း မှု များ ကို အကြိမ်ကြိမ် ပြောဆိုထားခဲ့သည်။
  မြန်မာ့ခေတ်

No comments:

Post a Comment