Tuesday, April 29, 2014

ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး မိုးရွာသွန်းမှုနည်းပါး၍ မန္တလေးမြို့တွင် ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲများ ဆက်တိုက်ပြုလုပ်လာကြ

Tuesday, April 29, 2014
ရာသီဥတုပူပြင်းခြောက်သွေ့ပြီး မိုးရွာသွန်းမှုနည်းပါးသောကြောင့် မန္တလေးမြို့တွင် ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲများ ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။
မန္တလေးမြို့တွင် ပထမဦးဆုံးအနေဖြင့် မိုးခေါ်လွန်ဆွဲပွဲကို အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းနားလမ်းတွင် ဧပြီ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင်လည်း ချမ်းအေးသာစံမြို့နယ် ၇၄ လမ်း၊ ၃၂ လမ်းနှင့် ၃၃လမ်းကြားအပြင် ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် ၅၃ လမ်းနှင့် ၅၄ လမ်းကြား ကျန်စစ်သားလမ်းနေရာတို့တွင် မိုးခေါ်လွန်ဆွဲပွဲများကို ပြိုင်တူကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photo: ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး မိုးရွာသွန်းမှုနည်းပါး၍ မန္တလေးမြို့တွင် ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲများ ဆက်တိုက်ပြုလုပ်လာကြ
Tuesday, April 29, 2014

ရာသီဥတုပူပြင်းခြောက်သွေ့ပြီး မိုးရွာသွန်းမှုနည်းပါးသောကြောင့် မန္တလေးမြို့တွင် ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲများ ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။

မန္တလေးမြို့တွင် ပထမဦးဆုံးအနေဖြင့် မိုးခေါ်လွန်ဆွဲပွဲကို အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းနားလမ်းတွင် ဧပြီ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင်လည်း ချမ်းအေးသာစံမြို့နယ် ၇၄ လမ်း၊ ၃၂ လမ်းနှင့် ၃၃လမ်းကြားအပြင် ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် ၅၃ လမ်းနှင့် ၅၄ လမ်းကြား ကျန်စစ်သားလမ်းနေရာတို့တွင် မိုးခေါ်လွန်ဆွဲပွဲများကို ပြိုင်တူကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

"မိုးခေါ်လွန်ဆွဲပွဲကို သုံးရက်ပြုလုပ်မှာပါ။ နှစ်စဉ်နှစ်တိုင်းတော့ မကျင်းပဖြစ်ပါဘူး။ ရာသီဥတုပူပြင်းသလို မိုးရွာသွန်းမှုနည်းပါးတဲ့နှစ်ဆိုရင် မိုးလေ၀သအခြေအနေကိုကြည့်ပြီး ကျင်းပပြုလုပ်ကြတာပါ။ အခုလို မိုးခေါ်လွန်ဆွဲပြိုင်ပွဲကျင်းပရတာက မိုးရွာသွန်းဖို့အတွက် မိုးခေါင်ကျော်စွာနတ်မင်းကို ကန်တော့ပွဲထိုး ပင့်ဖိတ်ပူဇော်ပသခြင်းနဲ့အတူ လွန်ဆွဲအားပြိုင်ကြပြီး မိုးခေါ်၊ မိုးမျှော်တဲ့သဘောပါ။ တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း ဒေသခံတွေ စည်းစည်းလုံးလုံးနဲ့ သူနိုင်ကိုယ်နိုင် အပြန်အလှန်အားပြိုင်ပြီး ပျော်ရွှင်စရာကောင်းအောင် ထည့်သွင်းကျင်းပတဲ့ ရိုးရာဓလေ့ပွဲတစ်ခုလည်း ဖြစ်ပါတယ်" ဟု ၇၄ လမ်း၊ ၃၂လမ်းနှင့် ၃၃ လမ်းကြားတွင် ကျင်းပသောလွန်ဆွဲပွဲအား ဦးဆောင်သူတစ်ဦးကဆိုသည်။

"ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် အခုလို ရာသီဥတုပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှား ဖြစ်လာကြပြီဆိုရင် ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေမှာရှိတဲ့ ငါးရံ့မင်းရုပ်တုတွေကို ပင့်ဖိတ်၊ မြို့တွင်းရပ်ကွက်တွေမှာ လှည့်လည်ရေသပ္ပာယ်စေပြီး မိုးရွာအောင် ရွတ်ဖတ်ဆုတောင်းမှုတွေ ပြုလုပ်လေ့ရှိတယ်။ ဒီနှစ်တော့ ငါးရံ့မင်းလှည့်လည်အပူဇော်ခံတာမျိုးတွေ မရှိသေးပါဘူး"ဟု ငါးရံ့မင်းရုပ်တုများထားရှိရာ ရန်ကင်းတောင်ခြေရှိ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

မန္တလေးမြို့တွင် သင်္ကြန်ပြီးကာလနောက်ပိုင်း၌ အပူချိန်မြင့်တက်လာမှုကြောင့် ပူပြင်းမှုဒဏ်ကို ဆိုးရွားစွာခံစားရပြီး အပူချိန်ကြောင့် သေဆုံးသူအချို့ပင်ရှိခဲ့ရာ ဧပြီ ၂၆ ရက်တွင် နေရာအချို့၌ မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး ယခုနောက်ပိုင်း၌ အပူချိန်အနည်းငယ် ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး မိုးရွာသွန်းမှု နည်းပါးသောအချိန်အခါမျိုးတွင် ဘုရားအလောင်းငါးရံ့မင်း ပူဇော်ခြင်း၊ လယ်တီဆရာတော်ကြီး၏ မိုး ကမ္မ၀ါစာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် မိုးခေါ်လွန်ဆွဲပွဲများကို ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး၏သားတော် အောင်ပင်လယ်မြို့စား မင်းရှင်စောလက်ထက်ကတည်းက မိုးခေါ်ရေရှားဖြစ်သည့်အခါ သံဃာတော်များပင့်ဖိတ်ပြီး ငါးရံ့မင်းပရိတ်ရွတ်ဖတ်ခြင်းနှင့် မိုးသုံးပါး မျှတရွာသွန်းစေခဲ့သည်ကို အကြောင်းပြုကာ ယနေ့အချိန်ထိ ရိုးရာဓလေ့ပွဲတစ်ခုအသွင် အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

(ချမ်းအေးသာစံမြို့နယ် ၇၄ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားတွင် လွန်ဆွဲပွဲပြုလုပ်နေသည်ကို တွေ့ရစဉ်)

No comments:

Post a Comment