Friday, April 4, 2014

အပူချိန်ပြောင်းလဲနိုင်ပြီး ဖျော်ဖြေရေးစနစ်တွေပါဝင်တဲ့ နောက်ဆုံးပေါ် ရေမြှပ်အိပ်ရာ

အပူချိန်ပြောင်းလဲနိုင်ပြီး ဖျော်ဖြေရေးစနစ်တွေပါဝင်တဲ့ နောက်ဆုံးပေါ် ရေမြှပ်အိပ်ရာ
Friday, April 4, 2014 

Balluga ရေမြှုပ်အိပ်ရာတွေကို တီထွင်ခဲ့သူကတော့ လန်ဒန်မြောက်ပိုင်းက အသက် ၅၂ နှစ်အရွယ် အင်ဂျင်နီယာ ဂျိုးကာတန်ပါ။

ဈေးနှုန်း ပေါင် တစ်ထောင် ရှိတဲ့ Balluga ရေမြှပ်အိပ်ရာကို ဘယ်အလေးချိန်၊အရွယ်အစားနဲ့ မဆို အလိုက်သင့် ဖြစ်စေတဲ့ ရေမြှပ်လေဘောလုံး သေးသေးလေးတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အပူချိန်ထိန်းချုပ်နိုင်တဲ့စနစ် တစ်ခါတည်းပါရှိပြီး အိပ်ရာရဲ့မျက်နှာပြင်အနှံ့ အပြားကနေ အပူပေးနိုင်၊ အအေးပေးနိုင်ပါတယ်။ အိပ်ရာ ရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း အပူချိန်ကို သီးခြားပြောင်းလဲနိုင်တာမို့ အဖော်နဲ့ အိပ်မယ်ဆိုရင်လည်း ကိုယ်ကြိုက်တဲ့ အပူချိန်ကို ကိုယ်ထားနိုင်မှာပါ။

Balluga အိပ်ရာမှာ တုန်ခါလှုပ်ရှားနိုင်တဲ့ပစ္စည်းလေးတွေ တစ်ခါတည်းထည့်သွင်းထားပြီး ပြင်ပရာသီဥတုမျိုး ခံစားချင်ရင်လည်း တစ်ပါတည်းပါဝင်တဲ့ ဖျော်ဖြေရေးစနစ်တွေနဲ့ ချိတ်ဆက်နိုင်ပါသေးတယ်။ ဥပမာ ဂိမ်းလက်ကိုင်ခလုတ်နဲ့ အိပ်ရာပေါ်မှာ ဆော့နေရင်း ဂိမ်းထဲက တုန်ခါမှုမျိုးကိုပါ အပြင်မှာ ခံစားနိုင်မှာပါ။

ကာတန်ဟာ ဒီပရောဂျက်ကို လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ သူ့ အိပ်ရာမှာ အိပ်မပျော်တဲ့ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရပြီးနောက် ပြီးပြည့်စုံတဲ့အိပ်ရာတစ်ခုကို ဖန်တီးဖို့  ကာတန် အကြံရခဲ့တာဖြစ်ပါတယ်။

အိပ်ရာမှာ အရေးပေါ် မီးခိုးအချက်ပေးကိရိယာနဲ့ မီးအချက်ပေးကိရိယာတွေပါ ပါဝင်ပါသေးတယ်။ ၀ိုင်ဖိုင်နဲ့ ချိတ်ဆက်ပြီး အင်တာနက်က ဖျော်ဖြေရေးစနစ်တွေနဲ့ ချိတ်ဆက်နိုင်သလို ကိုယ်ကြိုက်တဲ့ ရှုခင်းမြင်ကွင်းပုံကို မျက်နှာကြက်နဲ့ နံရံတွေမှာ ပြသထားနိုင်ပြီး သဘာဝဆန်တဲ့အရသာမျိုးကိုလည်း ခံစားနိုင်မယ်လို့ ဆိုပါတယ်။ ရွေးချယ်ထားတဲ့ ရှုခင်းပုံဟာ အိပ်စက်သွားတာနဲ့ အလိုအလျောက်ပိတ်သွားမှာ ဖြစ်ပါတယ်။

၂၀၁၄ နိုဝင်ဘာကစပြီး ပေါင် တစ်ထောင်ဈေးနှုန်း နဲ့ အနှစ် ၂၀ အာမခံပေးပြီး Balluga အိပ်ရာတွေကို ရောင်းချသွားမယ်လို့ သိရပါတယ်။

Trend Myanmar

 https://www.youtube.com/watch?v=exQE-cTtd_A
Balluga ရေမြှုပ်အိပ်ရာတွေကို တီထွင်ခဲ့သူကတော့ လန်ဒန်မြောက်ပိုင်းက အသက် ၅၂ နှစ်အရွယ် အင်ဂျင်နီယာ ဂျိုးကာတန်ပါ။
ဈေးနှုန်း ပေါင် တစ်ထောင် ရှိတဲ့ Balluga ရေမြှပ်အိပ်ရာကို ဘယ်အလေးချိန်၊အရွယ်အစားနဲ့ မဆို အလိုက်သင့် ဖြစ်စေတဲ့ ရေမြှပ်လေဘောလုံး သေးသေးလေးတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အပူချိန် ထိန်းချုပ်နိုင်တဲ့စနစ် တစ်ခါတည်းပါရှိပြီး အိပ်ရာရဲ့မျက်နှာပြင်အနှံ့ အပြားကနေ အပူပေးနိုင်၊ အအေးပေးနိုင်ပါတယ်။ အိပ်ရာ ရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း အပူချိန်ကို သီးခြားပြောင်းလဲနိုင် တာမို့ အဖော်နဲ့ အိပ်မယ်ဆိုရင်လည်း ကိုယ်ကြိုက်တဲ့ အပူချိန်ကို ကိုယ်ထားနိုင်မှာပါ။

Balluga အိပ်ရာမှာ တုန်ခါလှုပ်ရှားနိုင်တဲ့ပစ္စည်းလေးတွေ တစ်ခါတည်းထည့်သွင်းထားပြီး ပြင်ပရာသီဥတုမျိုး ခံစားချင်ရင်လည်း တစ်ပါတည်းပါဝင်တဲ့ ဖျော်ဖြေရေးစနစ်တွေနဲ့ ချိတ်ဆက်နိုင်ပါသေးတယ်။ ဥပမာ ဂိမ်းလက်ကိုင်ခလုတ်နဲ့ အိပ်ရာပေါ်မှာ ဆော့နေရင်း ဂိမ်းထဲက တုန်ခါမှုမျိုးကိုပါ အပြင်မှာ ခံစားနိုင်မှာပါ။
ကာတန်ဟာ ဒီပရောဂျက်ကို လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက အကောင်အထည်ဖော်နေတာဖြစ် ပါတယ်။ သူ့ အိပ်ရာမှာ အိပ်မပျော်တဲ့ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ ရပြီးနောက် ပြီးပြည့်စုံတဲ့ အိပ်ရာ တစ်ခုကို ဖန်တီးဖို့  ကာတန် အကြံရခဲ့တာဖြစ်ပါတယ်။
အိပ်ရာမှာ အရေးပေါ် မီးခိုးအချက်ပေးကိရိယာနဲ့ မီးအချက်ပေးကိရိယာတွေပါ ပါဝင်ပါသေးတယ်။ ၀ိုင်ဖိုင်နဲ့ ချိတ်ဆက်ပြီး အင်တာနက်က ဖျော်ဖြေရေးစနစ်တွေနဲ့ ချိတ်ဆက်နိုင်သလို ကိုယ်ကြိုက်တဲ့ ရှုခင်းမြင်ကွင်းပုံကို မျက်နှာကြက်နဲ့ နံရံတွေမှာ ပြသထားနိုင်ပြီး သဘာဝဆန်တဲ့အရသာမျိုးကိုလည်း ခံစားနိုင်မယ်လို့ ဆိုပါတယ်။ ရွေးချယ်ထားတဲ့ ရှုခင်းပုံဟာ အိပ်စက်သွားတာနဲ့ အလိုအလျောက် ပိတ်သွားမှာ ဖြစ်ပါတယ်။
၂၀၁၄ နိုဝင်ဘာကစပြီး ပေါင် တစ်ထောင်ဈေးနှုန်း နဲ့ အနှစ် ၂၀ အာမခံပေးပြီး Balluga အိပ်ရာတွေကို ရောင်းချသွားမယ်လို့ သိရပါတယ်။
Trend Myanmar
https://www.youtube.com/watch?v=exQE-cTtd_A

No comments:

Post a Comment