Friday, April 4, 2014

လေယာဉ်ပျောက်ဆုံးနေရခြင်းမှ ခရီးသည်များနှင့် မသက်ဆိုင်

မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ပျောက်ဆုံးနေရခြင်းကိစ္စတွင် လေယာဉ်ပြန်ပေးဆွဲခြင်း၊ အဖျက် လုပ်ငန်းလုပ်ဆောင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ပုဂ်္ဂိုလ်ရေး ပြဿနာ များဖြင့် ဒုက္ခပေးခြင်းများကို လေယာဉ်ပေါ်ရှိ ခရီးသည်တစ်ဦးတစ်ယောက်ကမျှ လုပ်ဆောင်ခဲ့ခြင်းမရှိဟု ရဲများ၏ စုံစမ်းစစ်ဆေးမှုများအရ သိရှိရကြောင်း၊ သို့ရာတွင် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူး အပါအ၀င် လေယာဉ်အမှုထမ်းနှင့် ပတ်သက်၍မူ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ်က ခါလစ်အဘူဘက်ကာက ပြောခဲ့ သည်ဟု ဧပြီ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် MH370 ပေါ်တွင် လိုက်ပါသွားခဲ့ကြသော ခရီးသည် ၂၂၇ ဦးလုံးမှာ အထက်ဖော်ပြပါအပြစ်လေးမျိုးမှ လွတ်ကင်းကြောင်း ၎င်းတို့နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှု များအရသိရကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးရေး အရာရှိချုပ်က ပြောခဲ့သည်။
သို့ရာတွင် ထိုအပြစ်လေးမျိုးအား လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူး အပါအ၀င် လေယာဉ်အမှု ထမ်းများ ပြုလုပ်ခဲ့ခြင်း ရှိနိုင်မရှိနိုင် သိရှိရေးအတွက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
လေယာဉ်အမှတ်MH370 အား ဆန်းကြယ်စွာ ပျောက်ဆုံးစေခဲ့သော အကြောင်းရင်းကို ဘယ်သောအခါ မျှ မသိရှိ မဖော်ထုတ် နိုင်ခြင်းမျိုးလည်း ဖြစ်သွားနိုင်သည်။
Mizzima - News in Burmese

No comments:

Post a Comment