Friday, April 25, 2014

ပလောင်စစ်သားစုဆောင်းနေသဖြင့် နမ့်ဆန်မြို့နယ် တာလတ်ရွာမှ လီဆူးတိုင်းရင်းသား ၂၀၀ ကျော် နေရပ်စွန့်ခွာ

Photo: ပလောင်စစ်သားစုဆောင်းနေသဖြင့် နမ့်ဆန်မြို့နယ် တာလတ်ရွာမှ လီဆူးတိုင်းရင်းသား ၂၀၀ ကျော် နေရပ်စွန့်ခွာ
Friday, April 25, 2014

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား (၂၀၀) ကျော်မှာနေရပ်စွန့်ခွာ၍ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာသို့ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ ကျွန်မ တာလတ်ရွာက မူလတန်းပြဆရာမပါ။ တာလတ်ရွာမှာ လီဆူးတိုင်းရင်းသားနဲ့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိပါတယ်။ တာလတ်ရွာက သမီးတို့ထွက်ပြေးလာတာ မတ်လဆန်းကပါ။ မှတ်မှတ်ရရ ကျွန်မ ခင်ပွန်းရဲ့ ဖခင်ရက်လည်ပြီးနောက်ရက်ကပါ။ သမီးတို့ ရွာကိုလွန်ခဲ့တဲ့နှစ်ကလည်း ပလောင်စစ်တပ်(TNLA)က စစ်သားတွေလာတယ်။ ရွာမှာပလောင်စစ်သားလာစုဆောင်းတာပါ။ ရွာမှာရှိတဲ့ လူငယ်လူရွယ်တွေကထွက်ပြေးပြီး အမျိုးတွေရှိရာ လားရှိုး၊ နမ္မတူ၊ ကျောက်မဲဘက်ပြေးကြရတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ပလောင်စစ်တပ်က လူသစ်လာစုတယ်။ ဖေဖော်ဝါရီ(၂၈)ရက်နေ့ ညသန်းခေါင်လောက်မှာ လူ ၂ ယောက် ရွာကိုရောက်လာတယ်။ သူတို့နှစ်ယောက်စလုံး ယူနီဖောင်းဝတ်ထားတယ်။ ပလောင်စကားပြောတယ်။ သမီးရဲ့ယောက်ကထီး ဦးမောင်စိန် နဲ့စိုင်းမြင့်အောင်တို့ (၂)ယောက်ကို လာခေါ်သွားတယ်။ သူတို့လာခေါ်တာ ရွာက လူတွေမြင်လိုက်ကြပါတယ်။ နောက်နေ့ မနက်ရောက်တော့ ဦးမောင်စိန်နဲ့ စိုင်းမြင့်အောင်တို့ကို လက်ဖက်ခြံထဲမှာ သေနေတာတွေ့ကြရတော့ တစ်ရွာလုံးကြောက်ကြတယ်။ ဒါနဲ့ ရက်လည်ပြီးနောက်နေ့မှာ ကျွန်မတို့ နေရပ် စွန့်ခွာထွက်ပြေးလာရပါတယ် ’’ ဟု နေရပ်စွန့်ခွာလာသူ မဖြူဖြူဝင်းက ပြောသည်။

“ ဒီရွာကိုရောက်လာတဲ့ လီဆူးအိမ်ထောင်စုပေါင်း(၅၇)အိမ်ထောင်စုပါ လူပေါင်း(၂၇၀)ရှိပါတယ်။ ကလေး သူငယ်(၈၀)လောက်ပါတယ်။ သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်း ပါတယ်။ တစ်ရွာလုံးပြေးလာတာ လောလောဆယ်သူတို့ကို အီနိုင်းရွာမှာရှိတဲ့ လီဆူးတိုင်းရင်းသားတွေနေထိုင်ရာ အနီးအနားမှာ နေရာချထားပေး ပါတယ်။ လတ်တလောမှာ သူတို့အလုပ်အကိုင်မရှိတော့ စားဝတ်နေရေးခက်ပါတယ်။ စေတနာရှင်တွေလာပြီး လှူတာ၊ ကူညီတာနဲ့ လောလောဆယ်ဘ၀ရပ်တည်နေကြပါတယ်။ လီဆူးအမျိုးသားအချို့ကတော့ ပြောင်းခြံပိုင် ရှင်တွေက နေ့စားအလုပ်သမားအဖြစ် ခေါ်ခိုင်းနေပါတယ် ” ဟု အီနိုင်းကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လီဆူးတိုင်းရင်းသားအများစုမှာ လက်ဖက်စိုက်ပျိုးခြင်းအပေါ် လုံးဝမှီခိုဘ၀ရပ်တည်နေသူများဖြစ်ပြီး၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် ဘ၀ကို ရိုးရိုးသားသားဖြတ်သန်းသူများဖြစ်ကြောင်းကိုလည်း လီဆူးတိုင်းရင်းသား လူငယ်တစ်ဦးက “ ပလောင်စစ်တပ်က စားစရာနဲ့ငွေကြေးကောက်ခံတော့ များများမပေးနိုင်ပါဘူး။ လူတွေ ကလည်း ပလောင်စစ်တပ်ထဲ မလိုက်ချင်ကြပါဘူး။ ရိုးရိုးသားသားပဲ လုပ်စားချင်တယ်။ မိသားစုတွေကလည်း များတယ်။ အခုလို နေရပ်စွန့်ပြေးရတော့ လောလောဆယ်အလုပ်ရှာလုပ်ရပါတယ်။ အလုပ်မရွေးလုပ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့စားရတဲ့ငွေနဲ့စားလို့ မလောက်တော့ ခက်တာပေါ့ ” ဟု ပြောသည်။

မမ - ရှမ်းမြောက် (လားရှိုး)
Hot News
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား (၂၀၀) ကျော်မှာနေရပ်စွန့်ခွာ၍ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာသို့ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ ကျွန်မ တာလတ်ရွာက မူလတန်းပြဆရာမပါ။ တာလတ်ရွာမှာ လီဆူးတိုင်းရင်းသားနဲ့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိပါတယ်။ တာလတ်ရွာက သမီးတို့ ထွက်ပြေးလာတာ မတ်လဆန်းကပါ။ မှတ်မှတ်ရရ ကျွန်မ ခင်ပွန်းရဲ့ ဖခင်ရက်လည်ပြီးနောက်ရက်ကပါ။ သမီးတို့ ရွာကိုလွန်ခဲ့တဲ့နှစ်ကလည်း ပလောင်စစ်တပ် (TNLA)က စစ်သားတွေလာတယ်။ ရွာမှာပလောင်စစ်သားလာစုဆောင်းတာပါ။ ရွာမှာရှိတဲ့ လူငယ် လူရွယ်တွေကထွက်ပြေးပြီး အမျိုးတွေရှိရာ လားရှိုး၊ နမ္မတူ၊ ကျောက်မဲဘက်ပြေးကြရတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ပလောင်စစ်တပ်က လူသစ်လာစုတယ်။ ဖေဖော်ဝါရီ(၂၈)ရက်နေ့ ညသန်းခေါင်လောက်မှာ လူ ၂ ယောက် ရွာကိုရောက်လာတယ်။ သူတို့နှစ်ယောက်စလုံး ယူနီဖောင်းဝတ် ထားတယ်။ ပလောင်စကားပြောတယ်။ သမီးရဲ့ယောက်ကထီး ဦးမောင်စိန် နဲ့စိုင်းမြင့်အောင်တို့ (၂)ယောက်ကို လာခေါ်သွားတယ်။ သူတို့လာခေါ်တာ ရွာက လူတွေမြင်လိုက်ကြ ပါတယ်။ နောက်နေ့ မနက်ရောက်တော့ ဦးမောင်စိန်နဲ့ စိုင်းမြင့်အောင်တို့ကို လက်ဖက်ခြံထဲမှာ သေနေတာတွေ့ကြရတော့ တစ်ရွာလုံးကြောက်ကြတယ်။ ဒါနဲ့ ရက်လည်ပြီးနောက်နေ့မှာ ကျွန်မတို့ နေရပ် စွန့်ခွာထွက်ပြေးလာ ရပါတယ် ’’ ဟု နေရပ်စွန့်ခွာလာသူ မဖြူဖြူဝင်းက ပြောသည်။

“ ဒီရွာကိုရောက်လာတဲ့ လီဆူးအိမ်ထောင်စုပေါင်း(၅၇)အိမ်ထောင်စုပါ လူပေါင်း(၂၇၀)ရှိပါတယ်။ ကလေး သူငယ်(၈၀)လောက်ပါတယ်။ သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်း ပါတယ်။ တစ်ရွာလုံးပြေး လာတာ လောလောဆယ်သူတို့ကို အီနိုင်းရွာမှာရှိတဲ့ လီဆူးတိုင်းရင်းသားတွေနေထိုင်ရာ အနီးအနား မှာ နေရာချထားပေး ပါတယ်။ လတ်တလောမှာ သူတို့အလုပ်အကိုင်မရှိတော့ စားဝတ်နေရေးခက် ပါတယ်။ စေတနာရှင်တွေလာပြီး လှူတာ၊ ကူညီတာနဲ့ လောလောဆယ်ဘ၀ရပ်တည်နေကြပါတယ်။ လီဆူးအမျိုးသားအချို့ကတော့ ပြောင်းခြံပိုင် ရှင်တွေက နေ့စားအလုပ်သမားအဖြစ် ခေါ်ခိုင်းနေပါတယ် ” ဟု အီနိုင်းကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လီဆူးတိုင်းရင်းသားအများစုမှာ လက်ဖက်စိုက်ပျိုးခြင်းအပေါ် လုံးဝမှီခိုဘ၀ရပ်တည်နေသူ များဖြစ်ပြီး၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် ဘ၀ကို ရိုးရိုးသားသားဖြတ်သန်းသူများဖြစ်ကြောင်းကိုလည်း လီဆူးတိုင်းရင်းသား လူငယ်တစ်ဦးက “ ပလောင်စစ်တပ်က စားစရာနဲ့ငွေကြေးကောက်ခံတော့ များများမပေးနိုင်ပါဘူး။ လူတွေ ကလည်း ပလောင်စစ်တပ်ထဲ မလိုက်ချင်ကြပါဘူး။ ရိုးရိုးသားသားပဲ လုပ်စားချင်တယ်။ မိသားစုတွေကလည်း များတယ်။ အခုလို နေရပ်စွန့်ပြေးရတော့ လောလောဆယ် အလုပ်ရှာလုပ်ရပါတယ်။ အလုပ်မရွေးလုပ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့စားရတဲ့ငွေနဲ့စားလို့ မလောက်တော့ ခက်တာပေါ့ ” ဟု ပြောသည်။

မမ - ရှမ်းမြောက် (လားရှိုး)
Hot News

No comments:

Post a Comment