Friday, April 25, 2014

သံဃာတော်များအား သင်္ကန်းချွတ်၍ နပမ်းလုံးရန် ပြောကြားသည်အထိ NLD ပါတီဝင်များက စော်ကား ဟု ဆို


သံဃာတော်များအား သင်္ကန်းချွတ်၍ နပမ်းလုံးရန် ပြောကြားသည်အထိ NLD ပါတီဝင်များက စော်ကား ဟု ဆို

Friday, April 25, 2014

သံဃာတော်များအား လူများလှူသည် ဆွမ်းတစ်နပ်စားပြီး ဒီမိုကရေစီကို ထိခိုက်ပြောဆိုသည် ဟု စွပ်စွဲပြောကြားပြီး သင်္ကန်းချွတ်ပြီး နပမ်းလုံးရန် စိန်ခေါ်ခဲ့သည့် ဘာသာ၊ သာသနာကို စော်ကားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အထက်ပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ ညနေ ၄နာရီခန့်က မြိတ်ခရိုင်ကျွန်းစုမြို့နယ်ညောင်ဘီးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ စော်ကားခဲ့သူ ကာယကံရှင်များနှင့် NLD ပါတီ တာဝန် ရှိသူများက တရားဝင် လူသိထင်ရှား သိရှိစေရန် ၀န်ချတောင်းပန်ရန် အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်း ဦးဆောင်သံဃာတော်များ၊ မြန်မာအမျိုးသားကွန်ရက်တာဝန်ရှိသူများ၊ အမျိုး ဘာသာ သာသနာ မြှင့်တင်ရေးကွန်ရက် နှင့် တက်ကြွသော မျိုးချစ်လူငယ်များက တောင်းဆိုထားကြောင်း သိရှိရသည်။

“NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့ ဒေါ်တင်တင်ရီရယ်၊ ကျွန်းစုမြို့နယ် NLD ဥက္ကဌ ဦးကိုကိုလေးရယ် ဦးဆောင်တဲ့ NLD ပါတီဝင် စုစုပေါင်း ၁၅ ယောက်လောက်ရှိမယ်။ ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၄ နာရီလောက်မှာ ညောင်ဘီး ကျေးရွာ ဓမ္မရခက္ခိတကျောင်း ကို ရောက်လာတယ်။ ဆရာတော် ဦးစင်္ကြာသီလက သူတို့ကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအကြောင်းကို မေးတယ်။ ကောင်းကောင်း မွန်မွန် ပြန်မဖြေနိုင်ဘူး။ ကျန်တဲ့ ရွာသူရွာသားတွေလည်း ရှိတယ်။ NLD ပါတီ အရှက်ကွဲသွားရတယ်။ အဲဒီမှာပဲ NLD က ဒေါ်အေးစန်း ဆိုတဲ့ အမျိုးသမီးက မိုက်မိုက်ရိုင်းရိုင်း စော်စော် ကားကား ပြောတယ်။ ဘုန်းကြီးတွေက လူတွေ လှူတဲ့ ဆွမ်း စားပြီး ဒီမိုကရေစီကို ထိခိုက်အောင် ပြေတယ်။ နိုင်ငံရေး အကြောင်း ဘာမှ နားမလည်ညဲနဲ့ NLD ကို စော်ကားတယ်။ ဒီလို စော်ကားတာကို မခံဘူး။ သင်္ကန်းချွတ်ပြီး နပမ်းလုံးရအောင် ဆိုပြီး တော်တော်ကြီးကို ဆိုးဆိုးရွားရွား ပြောတယ်ဗျာ။ NLD ပါတီက ဒီလို လုပ်တာ မြင်ရတော့ ကျွန်တော်တို့ တော်တော်လေး ခံစားရပါတယ်။ ကြောက်လည်းကြောက်မိတယ်။ သံဃာတော်တွေကို ဒီလိုမျိုး ပြောရဲတာ၊ ပြောနေတာတွေကို ဘယ်လိုမှ မခံစားနိုင်ဘူး။ အဲဒီမှာ ရှိတဲ့ လူတွေအတော်များများ ငိုကြယိုကြနဲ့ပေါ့” ဟု ညောင်ဘီးကျေးရွာမှ ဦးအောင်နိုင်စန်းက ပြောကြားသည်။

ထို့အပြင် ထိုသို့ အချင်းများသည့်အချိန်တွင်  ကျွန်းစုမြို့နယ် NLD ဥက္ကဋ္ဌ ဦးကိုလေးကလည်း လူလိမ္မာ စကားကို ယုံ၊ လူမိုက်စကားကို မယုံရန်၊ ၀ိနည်း မညီ၊ သီလ မရှိ ၊ နိုင်ငံရေး လုပ်နေသည့် ဘုန်းကြီးမျိးကို တရားစွဲမည် ဟု ဆဲဆို ကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။

အလားတူ ညောင်ဘီး ကျေးရွာ NLD အတွင်းရေးမှူး ဦးခင်မောင်ဝင်းကလည်း နိုင်ငံရေး လုပ်မည် ဆိုလျှင် သင်္ကန်းကို အရင်ချွတ်ပြီး လုပ်ပါဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 

“အဲဒီမှာ အတူပါလာတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီကို ဒေါ်အေး စန်းက ပြောတယ်။ ဒီဘုန်းကြီး ဦးစင်္ကြာသီလကို တရားစွဲပေးပါ ဆိုပြီး။ လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့ ဒေါ်တင်တင်ရီက ဆရာတော်ကို တရားစွဲမယ်။ ထောင်ချပစ်မယ် ဆိုပြီး ပြေတယ်။ တွေးကြည့်တာနဲ့ ကျောချမ်းစရာ ကြောက်စရာ ကောင်းပါတယ်ဗျာ” ဟု ဦးအောင်နိုင်စန်းက ပြောဆိုသည်။ 

“ဘုန်းကြီးတို့ အသေးစိတ် မေးမြန်းထားပါတယ်။ ခုချိန်ထိ ကြားသိရသလောက်ကတော့ ဦးစင်္ကြာသီလ ပြောတာ အမှား မပါဘူး လို့ သိရပါတယ်။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးနဲ့ လူ့အခွင့်အရေး ဘယ်ဟာကို အလေးထားမလဲ မေးတယ်။ ကိုယ့်အမျိုး ဘာသာ သာသနာကို မစောင့်ရှောက်နိုင်တဲ့ နိုင်ငံရေး ပါတီ၊ မစောင့်ရှောက်ချင်တဲ့ နိုင်ငံရေးပါတီဟာ နိုင်ငံတော်နဲ့ ပြည်သူကို ဘယ်လို ကာကွယ်စောင့်ရှောက်မလဲ ဆိုပြီး မေးတယ် လို့ သိရပါတယ်။ ဘာပဲ ပြောပြော သံဃာတော်တွေကို ဒီလိုမျိုး နင်ပဲငဆ စော်ကားတာမျိုးကတော့ ခွင့်လွှတ်စရာ မရှိပါဘူး။ အဲဒီမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပါတယ်။ သူကိုယ်တိုင်က သံဃာတော်တွေကို စော်ကားတာကို တားဆီးခြင်း မရှိဘူး။ တရားစွဲဆိုနိုင် အောင် လုပ်မယ် ဆိုပြီး အားပေးအားမြှောက် ပြုတယ် ဆိုပြီး သိရပါတယ်။ အသေးစိတ် သိရပြီးရင်တော့ ဘုန်းကြီးတို့အနေနဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်တွေကို တရားဝင် တောင်းဆိုချက် ပို့သွားမှာပါ” ဟု အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ။ သံဃာကို သင်္ကန်းချွတ် နပမ်းလုံးရအောင် ဆိုပြီး ပြောတာကတော့ လက်ခံနိုင်စရာ လုံးဝ မရှိဘူး။ သံဃာတွေကတော့ မေတ္တာသမားတွေ ဖြစ်တဲ့အတွက် သည်းခံနိုင်ရင် သည်းခံနိုင်လိမ့်မယ်။ နိုင်ငံရေးလုပ်ချင်ရင် သင်္ကန်းချွတ်လိုက် ဆိုတဲ့ စကားက ဒေါ်စု အမာခံတွေ လူမှုကွန်ရက်မှာ ပြောနေတဲ့ စကားပဲ။ ဒါဟာ NLD ရဲ့ မူဝါဒလား ကျွန်တော်တို့ အလေးထား စဉ်းစားရတော့မယ်။ NLD ပါတီက တာဝန်ရှိသူတွေကိုယ်တိုင် အမျိုး ဘာသာ သာသနာကို စော်ကားနေတာ အကြိမ်ကြိမ် ရှိနေပြီ။ ဒီပါတီဟာ အာဏာရဖို့ ဘာမဆိုလုပ်မယ့် ပါတီ။ သံဃာကို စော်ကားတယ်။ သာသနာကို စော်ကားတယ်။ ဒီလို ပါတီမျိုးကို ကျွန်တော်တို့ လက်ပိုက် ကြည့်မနေနိုင်ဘူး။ သံဃာတော်ကို သင်္ကန်းချွတ်၊ နပမ်းလုံးမယ် ဆိုတဲ့စကား ဘ်ာဗုဒ္ဓဘာသာဝင် ပြောရဲသလဲ။ ပါးစပ်က ဘယ်လို ပြောထွက်မလဲ။ စဉ်းစားကြည့်။ အခု NLD က လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် တောင်းပန်တာ မလုပ်တဲ့အပြင် သံဃာတော်ကို တရားစွဲမယ် ဆိုပြီး အလိုတူအလိုပါ လုပ်တယ်။ ဒီလွှတ်တော် ကိုယ်စားလှယ်မှာလည်း တာဝန်ရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချပါတယ်။ NLD ပါတီ ဥက္ကဌ ကိုယ်တိုင် သံဃာတော်တွေကို တောင်းပန်ပါ။ တောင်းပန်တာ မလုပ်ဘူး ဆိုရင် သာသနာကို စော်ကားမှု၊ သံဃာကို စော်ကားမှုနဲ့ ကျွန်တော်တို့ကိုယ်တိုင် တရားစွဲမယ်။ NLD လုပ်ရပ်တွေက တဖြည်းဖြည်းနဲ့ လွန်လာပြီ။ NLD တာဝန်ရှိသူတွေကိုယ်တိုင် မြှောက်ပင့်ပေးနေတာ တွေ့နေရပြီ” ဟု တက်ကြွသောမျိုးချစ်လူငယ်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

“ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီကိစ္စကို NLD ပါတီ အမြန်ဆုံး ဖြေရှင်းပေးပါ။ ၀န်ချတောင်းပန်ပေးပါ လို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ လွှတ်ပေးထားလို့ မရတော့ဘူး။ ခုဟာက ဗုဒ္ဓမြတ်စွာဘုရားရှင်ကို စိဉ္စမာဏ စော်ကားတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ အနေနဲ့ မဆိုင်သလို ကြည့်နေလို့ မရတော့ဘူး။ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အမြန်ဆုံး ၀န်ချ တောင်းပန်ဖို့ တောင်းဆိုပါတယ်” ဟု အမျိုး ဘာသာ သာသနာ မြှင့်တင်ရေးကွန်ရက် ဦးဆောင်သူတစ်ဦးက ပြောကြားသည်။ 

ယခုကဲ့သို့ သံဃာတော်အား မကြံကောင်းမစီရာ စော်ကားခြင်းနှင့်ပတ်သက်၍ NLD ပါတီ တာဝန်ရှိသူများက မည်သို့ ဖြေရှင်းဆောင်ရွက်မည်ကို အလေးထား စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

(ဓာတ်ပုံ_ကျွန်းစု NLD ပါတီ ဥက္ကဋ္ဌဦးကိုလေးနှင့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီတို့အား တွေ့ရစဉ်) 

P-874629302654
သံဃာတော်များအား လူများလှူသည် ဆွမ်းတစ်နပ် စားပြီး ဒီမိုကရေစီကို ထိခိုက်ပြောဆိုသည် ဟု စွပ်စွဲပြော ကြားပြီး သင်္ကန်း ချွတ်ပြီး နပမ်းလုံးရန် စိန်ခေါ်ခဲ့သည့် ဘာသာ၊ သာသနာကို စော်ကား သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
အထက်ပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ ညနေ ၄နာရီခန့်က မြိတ်ခရိုင်ကျွန်းစု မြို့နယ်ညောင်ဘီးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ စော်ကားခဲ့သူ ကာယကံရှင် များနှင့် NLD ပါတီ တာဝန် ရှိသူများက တရားဝင် လူသိထင်ရှား သိရှိစေရန် ၀န်ချတောင်းပန်ရန် အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်း ဦးဆောင် သံဃာတော်များ၊ မြန်မာအမျိုးသား
ကွန်ရက်တာဝန်ရှိသူများ၊ အမျိုး ဘာသာ သာသနာ မြှင့်တင်ရေး ကွန်ရက် နှင့် တက်ကြွသော မျိုးချစ်လူငယ် များက တောင်းဆိုထားကြောင်း သိရှိရသည်။
“NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့ ဒေါ်တင်တင်ရီရယ်၊ ကျွန်းစုမြို့နယ် NLD ဥက္ကဌ ဦးကိုကိုလေးရယ် ဦးဆောင်တဲ့ NLD ပါတီဝင် စုစုပေါင်း ၁၅ ယောက်လောက်ရှိမယ်။ ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၄ နာရီလောက်မှာ ညောင်ဘီး ကျေးရွာ ဓမ္မရခက္ခိတကျောင်း ကို ရောက်လာတယ်။ ဆရာတော် ဦးစင်္ကြာသီလက သူတို့ကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအကြောင်းကို မေးတယ်။ ကောင်းကောင်း မွန်မွန် ပြန်မဖြေနိုင်ဘူး။ ကျန်တဲ့ ရွာသူရွာသားတွေလည်း ရှိတယ်။ NLD ပါတီ အရှက်ကွဲသွားရတယ်။ အဲဒီမှာပဲ NLD က ဒေါ်အေးစန်း ဆိုတဲ့ အမျိုးသမီးက မိုက်မိုက်ရိုင်းရိုင်း စော်စော် ကားကား ပြောတယ်။ ဘုန်းကြီးတွေက လူတွေ လှူတဲ့ ဆွမ်း စားပြီး ဒီမိုကရေစီကို ထိခိုက်အောင် ပြေတယ်။ နိုင်ငံရေး အကြောင်း ဘာမှ နားမလည်ညဲနဲ့ NLD ကို စော်ကားတယ်။ ဒီလို စော်ကားတာကို မခံဘူး။ သင်္ကန်းချွတ်ပြီး နပမ်းလုံးရအောင် ဆိုပြီး တော်တော်ကြီးကို ဆိုးဆိုးရွားရွား ပြောတယ်ဗျာ။ NLD ပါတီက ဒီလို လုပ်တာ မြင်ရတော့ ကျွန်တော်တို့ တော်တော်လေး ခံစားရပါတယ်။ ကြောက်လည်းကြောက်မိတယ်။ သံဃာတော်တွေကို ဒီလိုမျိုး ပြောရဲတာ၊ ပြောနေတာတွေကို ဘယ်လိုမှ မခံစားနိုင်ဘူး။ အဲဒီမှာ ရှိတဲ့ လူတွေအတော်များများ ငိုကြယိုကြနဲ့ပေါ့” ဟု ညောင်ဘီးကျေးရွာမှ ဦးအောင်နိုင်စန်းက ပြောကြားသည်။
ထို့အပြင် ထိုသို့ အချင်းများသည့်အချိန်တွင် ကျွန်းစုမြို့နယ် NLD ဥက္ကဋ္ဌ ဦးကိုလေးကလည်း လူလိမ္မာ စကားကို ယုံ၊ လူမိုက်စကားကို မယုံရန်၊ ၀ိနည်း မညီ၊ သီလ မရှိ ၊ နိုင်ငံရေး လုပ်နေသည့် ဘုန်းကြီးမျိးကို တရားစွဲမည် ဟု ဆဲဆို ကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။
အလားတူ ညောင်ဘီး ကျေးရွာ NLD အတွင်းရေးမှူး ဦးခင်မောင်ဝင်းကလည်း နိုင်ငံရေး လုပ်မည် ဆိုလျှင် သင်္ကန်းကို အရင်ချွတ်ပြီး လုပ်ပါဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“အဲဒီမှာ အတူပါလာတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီကို ဒေါ်အေး စန်းက ပြောတယ်။ ဒီဘုန်းကြီး ဦးစင်္ကြာသီလကို တရားစွဲပေးပါ ဆိုပြီး။ လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့ ဒေါ်တင်တင်ရီက ဆရာတော်ကို တရားစွဲမယ်။ ထောင်ချပစ်မယ် ဆိုပြီး ပြေတယ်။ တွေးကြည့် တာနဲ့ ကျောချမ်းစရာ ကြောက် စရာ ကောင်းပါတယ်ဗျာ” ဟု ဦးအောင်နိုင်စန်းက ပြောဆိုသည်။
“ဘုန်းကြီးတို့ အသေးစိတ် မေးမြန်းထားပါတယ်။ ခုချိန်ထိ ကြားသိရသလောက်ကတော့ ဦးစင်္ကြာသီလ ပြောတာ အမှား မပါဘူး လို့ သိရပါတယ်။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးနဲ့ လူ့အခွင့်အရေး ဘယ်ဟာကို အလေးထားမလဲ မေးတယ်။ ကိုယ့်အမျိုး ဘာသာ သာသနာကို မစောင့်ရှောက်နိုင်တဲ့ နိုင်ငံရေး ပါတီ၊ မစောင့်ရှောက်ချင်တဲ့ နိုင်ငံရေးပါတီဟာ နိုင်ငံတော်နဲ့ ပြည်သူကို ဘယ်လို ကာကွယ်စောင့်ရှောက်မလဲ ဆိုပြီး မေးတယ် လို့ သိရပါတယ်။ ဘာပဲ ပြောပြော သံဃာတော်တွေကို ဒီလိုမျိုး နင်ပဲငဆ စော်ကားတာမျိုးကတော့ ခွင့်လွှတ်စရာ မရှိပါဘူး။ အဲဒီမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပါတယ်။ သူကိုယ်တိုင်က သံဃာတော်တွေကို စော်ကားတာကို တားဆီးခြင်း မရှိဘူး။ တရားစွဲဆိုနိုင် အောင် လုပ်မယ် ဆိုပြီး အားပေးအားမြှောက် ပြုတယ် ဆိုပြီး သိရပါတယ်။ အသေးစိတ် သိရပြီးရင်တော့ ဘုန်းကြီးတို့အနေနဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်တွေကို တရားဝင် တောင်းဆိုချက် ပို့သွားမှာပါ” ဟု အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။
“ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ။ သံဃာကို သင်္ကန်းချွတ် နပမ်းလုံးရအောင် ဆိုပြီး ပြောတာကတော့ လက်ခံနိုင်စရာ လုံးဝ မရှိဘူး။ သံဃာတွေကတော့ မေတ္တာသမားတွေ ဖြစ်တဲ့အတွက် သည်းခံနိုင်ရင် သည်းခံနိုင်လိမ့်မယ်။ နိုင်ငံရေးလုပ်ချင်ရင် သင်္ကန်းချွတ်လိုက် ဆိုတဲ့ စကားက ဒေါ်စု အမာခံတွေ လူမှုကွန်ရက်မှာ ပြောနေတဲ့ စကားပဲ။ ဒါဟာ NLD ရဲ့ မူဝါဒလား ကျွန်တော်တို့ အလေးထား စဉ်းစားရတော့မယ်။ NLD ပါတီက တာဝန်ရှိသူတွေကိုယ်တိုင် အမျိုး ဘာသာ သာသနာကို စော်ကားနေတာ အကြိမ်ကြိမ် ရှိနေပြီ။ ဒီပါတီဟာ အာဏာရဖို့ ဘာမဆိုလုပ်မယ့် ပါတီ။ သံဃာကို စော်ကားတယ်။ သာသနာကို စော်ကားတယ်။ ဒီလို ပါတီမျိုးကို ကျွန်တော်တို့ လက်ပိုက် ကြည့်မနေနိုင်ဘူး။ သံဃာတော်ကို သင်္ကန်းချွတ်၊ နပမ်းလုံးမယ် ဆိုတဲ့စကား ဘ်ာဗုဒ္ဓဘာသာဝင် ပြောရဲသလဲ။ ပါးစပ်က ဘယ်လို ပြော ထွက်မလဲ။ စဉ်းစားကြည့်။ အခု NLD က လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် တောင်းပန်တာ မလုပ်တဲ့အပြင် သံဃာတော်ကို တရားစွဲမယ် ဆိုပြီး အလိုတူအလိုပါ လုပ်တယ်။ ဒီလွှတ်တော် ကိုယ်စားလှယ်မှာလည်း တာဝန်ရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချပါတယ်။ NLD ပါတီ ဥက္ကဌ ကိုယ်တိုင် သံဃာတော်တွေကို တောင်းပန်ပါ။ တောင်းပန်တာ မလုပ်ဘူး ဆိုရင် သာသနာကို စော်ကားမှု၊ သံဃာကို စော်ကားမှုနဲ့ ကျွန်တော်တို့ကိုယ်တိုင် တရားစွဲမယ်။ NLD လုပ်ရပ်တွေက တဖြည်းဖြည်းနဲ့ လွန်လာပြီ။ NLD တာဝန်ရှိသူတွေကိုယ်တိုင် မြှောက် ပင့်ပေးနေတာ တွေ့နေရပြီ” ဟု တက်ကြွသောမျိုးချစ်လူငယ်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီကိစ္စကို NLD ပါတီ အမြန်ဆုံး ဖြေရှင်းပေးပါ။ ၀န်ချတောင်းပန်ပေးပါ လို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ လွှတ်ပေးထားလို့ မရတော့ဘူး။ ခုဟာက ဗုဒ္ဓမြတ်စွာဘုရားရှင်ကို စိဉ္စမာဏ စော်ကားတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ အနေနဲ့ မဆိုင်သလို ကြည့်နေလို့ မရတော့ဘူး။ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အမြန်ဆုံး ၀န်ချ တောင်းပန်ဖို့ တောင်းဆိုပါတယ်” ဟု အမျိုး ဘာသာ သာသနာ မြှင့်တင်ရေးကွန်ရက် ဦးဆောင်သူတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ သံဃာတော်အား မကြံကောင်းမစီရာ စော်ကားခြင်းနှင့်ပတ်သက်၍ NLD ပါတီ တာဝန်ရှိသူများက မည်သို့ ဖြေရှင်းဆောင်ရွက်မည်ကို အလေးထား စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
(ဓာတ်ပုံ_ကျွန်းစု NLD ပါတီ ဥက္ကဋ္ဌဦးကိုလေးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ တို့အား တွေ့ရစဉ်)
P-874629302654

ပြည်သူ့အာဏာ

1 comment:

  1. ဖင်ပါခံခိုင်းရမှာ

    ReplyDelete