Wednesday, April 23, 2014

မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး

မန္တလေး၊ ဧပြီ ၂၂

မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် အပူဒဏ်ကြောင့် ဧပြီလ ၂၁ ရက်နေ့တွင် လူခြောက်ဦး၊ ဧပြီလ ၂၂ ရက်နေ့တွင် လူငါးဦး စုစုပေါင်း ၁၁ ဦး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

“အဓိက ဖြစ်တဲ့သူတွေကတော့ နေပူထဲမှာ လုပ်ကိုင်တဲ့ လက်လုပ်လက်စားတွေ၊ နေပူထဲမှာနေတဲ့ ကလေးငယ်လေးတွေ၊ အရက်သမားတွေ သူတို့တွေက ပိုပြီး အဖြစ်များတယ်” ဟု ၎င်းကဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ မန္တလေးမြို့ပေါ်မှ အရက်အလွန်အကျွံ သောက်သုံးသူနှင့် နေပူထဲတွင် အလုပ် လုပ်ကိုင်သည့် လူရှစ်ဦး ရောက်ရှိလာကာ နှစ်ဦးမှာအပူရှပ် (Heat Stroke) သေဆုံးပြီး ရောက်ရှိလာခဲ့ကြောင်း ဦးမင်းလွင်က ထပ်မံပြောကြားသည်။
“မနေ့က နေတော်တော်လေး ပူတယ်။ ချွေးတွေထွက် မူးလဲပြီး ဆေးရုံ ရောက်လာတာ” ဟု မန္တလေး ဆေးရုံကြီးသို့ ဧပြီလ ၂၁ ရက်နေ့တွင် ရောက်ရှိကာ ဆေးကုသမှု ခံယူနေသည့် မန္တလေးမြို့ခံ ကျပန်း အလုပ်လုပ်ကိုင်သူ အသက် ၈၃ နှစ် အရွယ်ရှိ ဦးငွေအောင်က ဆိုသည်။

အပူရှပ်ခြင်းကြောင့် ဆေးရုံသို့ ရောက်ရှိလာသူ များသည် အသက် ၂၀ နှစ်မှ ၈၀ နှစ်ကျော်များ ဖြစ်ကြပြီး သေဆုံးသူ နှစ်ဦးသည် အသက် ၃၀ နှစ်ခန့် ရှိကြောင်း ဦးမင်းလွင်က ပြောဆိုသည်။
“ဧပြီ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ရောက်လာတယ်။ အပူကြောင့် သေဆုံးသွားတဲ့ အလောင်းနှစ်လောင်းပါ ရောက်လာတယ်။ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေးတစ်ယောက် သေတာ။ ကျန်တဲ့သူတွေကတော့ လူနာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဆေးရုံမှာ ဆက်ထားသွားမှာ။ ကျွန်တော်တို့ဆေးရုံ အနေနဲ့ကလည်း ရေခဲတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေ၊ လူအင်အားတွေကို အဆင်သင့် လုပ်ထားပါတယ်” ဟု ၎င်းကထပ်မံဆိုသည်။
မန္တလေးခရိုင် မဟာအောင်မြေ မြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အခြေအနေမဲ့ သွားလာနေထိုင်နေသည့် အမျိုးသမီး တစ်ဦးသည် အရက်အလွန်အကျွံ သောက်စား၍ လမ်းဘေးတဲ အတွင်းတွင် သေဆုံးနေကြောင်း၊ အဆိုပါ နေ့ရက်တွင်ပင် အမရပူရမြို့နယ် ရှမ်းလေးကျွန်း ကျေးရွာထိပ် လမ်းလယ်ကျွန်းပေါ်တွင် အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦးသည် အစာရေစာ ပြတ်လပ်၍ အပူကြောင့် အင်အားချိနဲ့ သေဆုံးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ယင်းနေ့တွင်ပင် မိတ္ထီလာမြို့ မြင်းကန်ကျေးရွာ အနီးတွင် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးသည် အရက်အလွန်အကျွံ သောက်ပြီး သေဆုံးခဲ့ကြောင်း၊ ယင်းအပြင် မြင်းခြံမြို့နယ်ရှိ ဘုန်းကြီးကျောင်း အတွင်းတွင် အသက် ၈၀ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦးသည် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခဲ့သဖြင့် အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ ထပ်မံသိရသည်။

ရာသီဥတု ခန့်မှန်းချက်အရ လက်ရှိ နှစ်နွေရာသီတွင် အပူလွန်ကာလ ဖြတ်သန်းရဖွယ် ရှိသဖြင့် ရာသီဥတု ပူပြင်းသော အချိန်တွင် အပူလွန်ရောဂါများ၊ အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားလာပါက အဆင်သင့် ကုသနိုင်ရန် မန္တလေး ဆေးရုံကြီးတွင် ဆေးဝါးများ၊ ရေခဲများ၊ အခန်းများကို မတ်လ တတိယ အပတ်မှစတင်ပြီး ကြိုတင် ပြင်ဆင်ထား ခဲ့ကြောင်း မန္တလေး ဆေးရုံကြီးဆေးနှင့် လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က The Voice သို့ ပြောကြားထားသည်။

Heat Stroke ဖြစ်၍ ရောက်လာသော လူနာများအတွက် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုကူညီရေး အသင်းများက ကူညီဆောင်ရွက်ပေးခြင်းအပြင် အရေးပေါ် လူနာကုသဌာနတွင် ဝန်ထမ်းအင်အား ၈၀ ကျော် ထားရှိထားကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး မှတ်တမ်းများအရ ထပ်မံသိရသည်။

အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားပါက အပူချိန် ကျသွားစေရန် ရေစိမ်ထားသည့် တဘက်ဖြင့် ခန္ဓာကိုယ်ကို ပတ်ထားခြင်း၊ လေအေးပေးစက် ဖွင့်ထားစေခြင်း၊ နေရောင်ခြည်ဖြင့် တိုက်ရိုက် မထိတွေ့စေခြင်းတို့ ပြုလုပ်ရန် လိုအပ်ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်လွင်က ထပ်မံပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ် မေလက ပြင်းထန်သော အပူချိန်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် လူရာချီ သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် အမြင့်ဆုံး နေ့အပူချိန်မှာ ဧပြီလ ၂၁ ရက်နေ့ တိုင်းတာချက်အရ မန္တလေးမြို့တွင် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်တွင် ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည်တွင် ၄၁ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံတွင် ၄၁ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ ညောင်ဦးတွင် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းတွင် ၄၀ ဒသမ ၆ ဒီဂရိစင်တီဂရိတ်တို့ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

သင်္ကြန်ကာလ အပြီးတွင် အပူချိန် သိသိသာသာ မြင့်တက်လာမှုကြောင့် မိုးရွာစေရန် မန္တလေးမြို့တော်တွင် မိုးခေါ် လွန်ဆွဲပွဲများ ကျင်းပလျက် ရှိသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ယင်းအပြင် အပူဒဏ်ကြောင့် ဧပြီလ ၂၁ ရက်နေ့တွင် လူခြောက်ဦး၊ ဧပြီလ ၂၂ ရက်နေ့တွင် လူငါးဦး စုစုပေါင်း ၁၁ ဦး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။
“အဓိက ဖြစ်တဲ့သူတွေကတော့ နေပူထဲမှာ လုပ်ကိုင်တဲ့ လက်လုပ်လက်စားတွေ၊ နေပူထဲမှာနေတဲ့ ကလေးငယ်လေးတွေ၊ အရက်သမားတွေ သူတို့တွေက ပိုပြီး အဖြစ်များတယ်” ဟု ၎င်းကဆိုသည်။
ဧပြီလ ၂၁ ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ မန္တလေးမြို့ပေါ်မှ အရက်အလွန် အကျွံ သောက်
သုံးသူနှင့် နေပူထဲတွင် အလုပ် လုပ်ကိုင်သည့် လူရှစ်ဦး ရောက်ရှိလာကာ နှစ်ဦးမှာအပူရှပ် (Heat Stroke) သေဆုံးပြီး ရောက်ရှိလာခဲ့ကြောင်း ဦးမင်းလွင်က ထပ်မံပြောကြားသည်။
“မနေ့က နေတော်တော်လေး ပူတယ်။ ချွေးတွေထွက် မူးလဲပြီး ဆေးရုံ ရောက်လာတာ” ဟု မန္တလေး ဆေးရုံကြီးသို့ ဧပြီလ ၂၁ ရက်နေ့တွင် ရောက်ရှိကာ ဆေးကုသမှု ခံယူနေသည့် မန္တလေးမြို့ခံ ကျပန်း အလုပ်လုပ်ကိုင်သူ အသက် ၈၃ နှစ် အရွယ်ရှိ ဦးငွေအောင်က ဆိုသည်။
အပူရှပ်ခြင်းကြောင့် ဆေးရုံသို့ ရောက်ရှိလာသူ များသည် အသက် ၂၀ နှစ်မှ ၈၀ နှစ်ကျော်များ ဖြစ်ကြပြီး သေဆုံးသူ နှစ်ဦးသည် အသက် ၃၀ နှစ်ခန့် ရှိကြောင်း ဦးမင်းလွင်က ပြောဆိုသည်။
“ဧပြီ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ရောက်လာတယ်။ အပူကြောင့် သေဆုံးသွားတဲ့ အလောင်းနှစ်လောင်းပါ ရောက်လာတယ်။ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက် သေတာ။ ကျန်တဲ့သူတွေကတော့ လူနာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဆေးရုံမှာ ဆက်ထားသွားမှာ။ ကျွန်တော်တို့ဆေးရုံ အနေနဲ့ကလည်း ရေခဲတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေ၊ လူအင်အားတွေကို အဆင်သင့် လုပ်ထားပါတယ်” ဟု ၎င်းကထပ်မံဆိုသည်။
မန္တလေးခရိုင် မဟာအောင်မြေ မြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အခြေအနေမဲ့ သွားလာနေထိုင်နေသည့် အမျိုးသမီး တစ်ဦးသည် အရက်အလွန်အကျွံ သောက်စား၍ လမ်းဘေးတဲ အတွင်းတွင် သေဆုံးနေကြောင်း၊ အဆိုပါ နေ့ရက်တွင်ပင် အမရပူရမြို့နယ် ရှမ်းလေးကျွန်း ကျေးရွာထိပ် လမ်းလယ်ကျွန်းပေါ်တွင် အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦးသည် အစာရေစာ ပြတ်လပ်၍ အပူကြောင့် အင်အားချိနဲ့ သေဆုံးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
ယင်းနေ့တွင်ပင် မိတ္ထီလာမြို့ မြင်းကန်ကျေးရွာ အနီးတွင် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးသည် အရက်အလွန်အကျွံ သောက်ပြီး သေဆုံးခဲ့ကြောင်း၊ ယင်းအပြင် မြင်းခြံမြို့နယ်ရှိ ဘုန်းကြီးကျောင်း အတွင်းတွင် အသက် ၈၀ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦးသည် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခဲ့သဖြင့် အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ ထပ်မံသိရသည်။
ရာသီဥတု ခန့်မှန်းချက်အရ လက်ရှိ နှစ်နွေရာသီတွင် အပူလွန်ကာလ ဖြတ်သန်းရဖွယ် ရှိသဖြင့် ရာသီဥတု ပူပြင်းသော အချိန်တွင် အပူလွန်ရောဂါများ၊ အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားလာပါက အဆင်သင့် ကုသနိုင်ရန် မန္တလေး ဆေးရုံကြီးတွင် ဆေးဝါးများ၊ ရေခဲများ၊ အခန်းများကို မတ်လ တတိယ အပတ်မှစတင်ပြီး ကြိုတင် ပြင်ဆင်ထား ခဲ့ကြောင်း မန္တလေး ဆေးရုံကြီးဆေးနှင့် လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က The Voice သို့ ပြောကြားထားသည်။
Heat Stroke ဖြစ်၍ ရောက်လာသော လူနာများအတွက် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုကူညီရေး အသင်းများက ကူညီဆောင်ရွက်ပေးခြင်းအပြင် အရေးပေါ် လူနာကုသဌာနတွင် ဝန်ထမ်းအင်အား ၈၀ ကျော် ထားရှိထားကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး မှတ်တမ်းများအရ ထပ်မံသိရသည်။
အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားပါက အပူချိန် ကျသွားစေရန် ရေစိမ်ထားသည့် တဘက်ဖြင့် ခန္ဓာကိုယ်ကို ပတ်ထားခြင်း၊ လေအေးပေးစက် ဖွင့်ထားစေခြင်း၊ နေရောင်ခြည်ဖြင့် တိုက်ရိုက် မထိတွေ့စေခြင်းတို့ ပြုလုပ်ရန် လိုအပ်ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်လွင်က ထပ်မံပြောကြားသည်။
ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ် မေလက ပြင်းထန်သော အပူချိန်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် လူရာချီ သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် အမြင့်ဆုံး နေ့အပူချိန်မှာ ဧပြီလ ၂၁ ရက်နေ့ တိုင်းတာချက်အရ မန္တလေးမြို့တွင် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်တွင် ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည်တွင် ၄၁ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံတွင် ၄၁ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ ညောင်ဦးတွင် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းတွင် ၄၀ ဒသမ ၆ ဒီဂရိစင်တီဂရိတ်တို့ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
သင်္ကြန်ကာလ အပြီးတွင် အပူချိန် သိသိသာသာ မြင့်တက်လာမှုကြောင့် မိုးရွာစေရန် မန္တလေးမြို့တော်တွင် မိုးခေါ် လွန်ဆွဲပွဲများ ကျင်းပလျက် ရှိသည်။

The Voice

No comments:

Post a Comment