Wednesday, April 23, 2014

NLD ပါတီအတွင်း ဒေါ်အောင်ဆန်းစုကြည် အာဏာကျဆင်းလာပြီလား



NLD ပါတီရဲ့ နာယကတစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (၂၁-၄-၂၀၁၄) ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးပြီး ဦးဝင်းတင် အသုဘသဂြိုလ်ရေးနဲ့ ပတ်သက်ပြီး NLD ပါတီ အတွင်း သဘောထားကွဲလွဲမှုတွေ စိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်နေပါတယ်။ တကယ်ေ တာ့ စိတ်မကောင်းစရာပါ။ NLD ပါတီဟာ နောက်ပိုင်းမှာ နိုင်ငံအုပ်ချုပ်မယ်၊ သမ္မတ လုပ်မယ်လို့ကြွေးကြော်နေ ပြီး နိုင်ငံအုပ်ချုပ်ခဲ့မယ်၊ သမ္မတလုပ်ခဲ့မယ်ဆိုရင် နိုင်ငံရဲ့ ခက်ခဲနက်နဲတဲ့ ပြဿနာများကို ဖြေရှင်းရမှာပါ။ ဒါပေမယ့် ဒီလိုအသုဘ အခမ်းအနားလေးတစ်ခုတောင် စိတ်ဝမ်း ကွဲပြီး ပြဿ နာတွေ တက်နေမယ် ဆိုရင် နိုင်ငံရဲ့ ခက်ခဲနက်နဲတဲ့ ပြဿနာတွေကို ဘယ် လိုဖြေရှင်းမလဲဆိုတာ မေးခွန်းထုတ်စရာပါ။
တကယ်တော့ ပြဿ နာတွေ ကို ဖြေရှင်း တဲ့ နေရာမှာ NLD ပါတီဟာ အလွန်အားနည်းပါတယ်။ NLD ပါတီမှာ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေပဲ များပါတယ်။ တကယ်အ လုပ်လုပ် တဲ့သူက နည်းပါတယ်။
ဦးဝင်းတင် အသုဘနဲ့ပတ်သက်ပြီး စဉ်းစားမိတာက NLD ပါတီအတွင်း နာယက ဦးတင်ဦးနှင့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အကျိတ်အ ခဲလေးတွေ ရှိနိုင်တာဆိုတာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ဦးဝင်းတင်ရဲ့ နောက်ဆုံးဆန္ဒအတိုင်း အသုဘအခမ်း အနားမဖြစ်တာကို စိတ်အနှောက်အယှက် ဖြစ်နေပါတယ်။ ဦးဝင်းတင်က သူသေလျှင် ၂၄ နာရီအတွင်း မြေချပေးဖို့ ပြောကြားခဲ့ပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ၂၄ နာရီအတွင်း မြေ ချဖို့ပြောပါတယ်။ ဒါပေမယ့် NLD နာယက ဦးတင်ဦးက လက်မခံပါဘူး။ ဦးတင်ဦးက အကြောင်းပြရာ မှာတော့ `` ဦးဝင်းတင်ဟာ သူသေလို့ရှိရင် မြန်မြန် သင်္ဂြိုလ်ပေးပါလို့ပြောတယ်။ အကောင်အထည်ဖော်ဖို့ ကြိုးစားပါတယ်။
သူ့ရဲ့စိတ်ထားက ဒီ့ပြင် လူကို ဒုက္ခ မပေးချင်ဘူး ဆိုတာမှန်တယ်။ ဒါပေမယ့် အဖွဲ့အစည်းက အများကြီးရှိတယ်။ NLD ရှိတယ်၊ အနုပညာ လောကရှိတယ်၊ သတင်းလောက ရှိတယ်။ နိုင်ငံရေး အကျဉ်းသားလောကရှိတယ်၊ ဒါတွေနဲ့ပတ်သက်လို့ ပစ်ထား လို့မရဘူး။ နောက်ဆုံးနှုတ်ဆက်ချင်တယ်၊ အလေးပြုချင်မှာပဲ။ ဆုံးသွားတဲ့အချိန်နဲ့ ပြောတဲ့ဆိုတဲ့ အချိန်တွေက နေ့ဝက်ကျော်သွားတော့ ဘယ်လိုလုပ်မလဲ `` လို့ အကြောင်းပြပါတယ်။ ဒါပေမယ့် ဦးတင်ဦးက ဒါဟာ အကြောင်းပြချက်ပေး တာဖြစ်ပြီး အရင်ကတည်းက ဦးတင်ဦးဟာ ဒေါ်စုကြည် အပေါ် အကျိတ်အခဲလေးတွေ ရှိပါတယ်။ ဒေါ်စုကြည်က NLD ပါတီအ တွင်း နောက်တက်လူငယ်တွေကို နေရာပေးခြင်းနှင့် လူဟောင်း များကို လူရာမသွင်းခြင်းတို့နှင့်ပတ်သက်နေပြီး ဒေါ်စုမှ သူလုပ်ချင်တာလုပ်နေပြီး NLD ပါတီနာယက အဖွဲ့တွေရဲ့ အကြံအဥာဏ်ပေးမှုတွေကိုလည်း လက်မခံ တာကြောင့် နာယကအဖွဲ့တွေအကြား စိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်နေပါတယ်။
ဒါ့ကြောင့် NLD နာယကတစ်ဦးဖြစ်တဲ့ ဦးဝင်းတင် သေဆုံးမှုမှာလည်း ဦးတင်ဦး က သူလုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောပါပဲ။ နောက်ပြီး ဦးဝင်းတင် ဆေးရုံတက်နေရချိန်က အစောပိုင်းတွင် ဒေါ်စုကြည်က လာရောက်တွေ့ဆုံခြင်းမရှိဘဲ ဒေါ်စုကြည် နိုင်ငံခြားမှ ပြန်လာမှ ဂျာမနီ နဲ့ ပြင်သစ်နိုင်ငံတွေက ဦးဝင်းတင် ဆေးရုံတက်နေတာ သွားတွေ့ သင့်ကြောင်းအကြံ အဥာဏ်ပေးလိုက်မှ ရောက်ရောက်ချင်း ဆေးရုံသို့ ဒေါ်စုကြည်က လာရောက်တွေ့ဆုံသွားခဲ့ပါတယ်။ ဒါကို ဦးတင်ဦးက မကျေနပ်ဖြစ်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးနောက် ဦးဝင်းတင် ဆုံးပါးသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဦးဝင်းတင် ရဲ့ အသုဘကို သေဆုံးသူရဲ့ ဆန္ဒအတိုင်း သင်္ဂြိုလ်ပေး ဖို့ ပြောတာကို နိုင်ငံရေးအကျဉ်းသားများအဖွဲ့ ၊ သတင်းစာဆရာများအသင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် မိုးသီးဇွန်တို့က လက်မခံဘဲ သူ့စကားကို ဆန့်ကျင်ကာ အသုဘကို ၃ ရက် ကြာမှ သင်္ဂြိုလ်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက် ဒေါ်စုဟာ အလွန် အမင်း ဒေါ သဖြစ်နေပါတယ်။ နောက်တစ်ခုက မိုးသီးဇွန်ပဲ ဖြစ်ပါတယ်။ ဦးဝင်းတင် ရုပ်အလောင်း ရေချိုးပေးနေတာကို မိုးသီးဇွန်က ဓာတ်ပုံရိုက်ပြီး တင်လိုက်ပါတယ်။ ဒါဟာ သေဆုံးသူ ဦးဝင်းတင်ကို စော်ကားသလိုပါပဲ။
ဦးဝင်းတင် အသက်ရှင်စဉ်က စော်ကားလို့မရတဲ့အတွက် သေဆုံးပြီးမှ မိုးသီးဇွန်က ဒီလို ရေချိုးနေတဲ့ ဓာတ်ပုံကို တင်ပြီး စော်ကားတာဖြစ် တဲ့အ တွက် ပြည်သူအများအကြား ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ မိုးသီးဇွန်ဟာ ဦးဝင်းတင် ဆေးရုံတက်နေစဉ်မှာ သတင်းလာရောက် မမေးရဲဘဲ သေဆုံးမှလာရောက်ပြီး ဦးတင်ဦးတို့နှင့်ပေါင်း ကာ နိုင်ငံရေးအမြတ်ထုတ်တဲ့အတွက် ဒေါ်စုနှင့်အဖွဲ့က မကျေမနပ်ဖြစ်နေကြ ပါတယ်။ ဒါ့ကြောင့် NLD ပါတီအတွင်း ဒေါ်အောင်ဆန်းစုကြည် အာဏာကျဆင်း လာပြီလားဟု ။
မောင်ထွန်းလူ
credit to : Online Update News

1 comment:

  1. ထွန်းလူတော့ မဖြစ်နိုင်ဘူး။ ထွန်းခွေးဘဲဖြစ်လိမ့်မယ်။

    ReplyDelete