Thursday, April 24, 2014

သီလဝါရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း ပါဝင်နေသည့်လယ်ယာမြေများ တစ်ဧကလျှင် သိန်း ၇ဝနှုန်း လျော်ကြေးပေးမည်

သီလဝါရေနက် ဆိပ်ကမ်းစီမံ ကိန်းအတွင်းပါဝင်နေသည့် လယ်ယာ မြေများအတွက် တစ်ဧကလျှင် သိန်း၇ဝ နှုန်းဖြင့်လျော်ကြေးပေးချေရန် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ဘက်မှ သဘော တူ လိုက်ပြီဖြစ်ကြောင်း ဒေသခံများစုဖွဲ့ ထားသည့် သီလဝါလူမှုဘဝဖွံ့ဖြိုးရေး အဖွဲ့မှအဖွဲ့ဝင်တစ်ဦးထံမှ သိရ သည်။
သီလဝါရေနက်ဆိပ်ကမ်းစီမံကိန်း အတွက် ဖယ်ရှားခံရမည့်ဒေသခံများကို နစ်နာလျော်ကြေးပေး ရာတွင် ဒေသခံ များတောင်းသည့်နှုန်းထားနှင့် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ဘက်မှကမ်းလှမ်း သည့် နှုန်း ထားများကွာဟမှုကြောင့် ကာလ ရှည်ကြာ မြေယာအငြင်း ပွားမှုဖြစ်ပေါ် နေရာမှ မြန်မာ့ ဆိပ်ကမ်း
အာဏာပိုင် နှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သီလဝါဒေသလူ မှုဘဝဖွံ့ဖြိုးရေးအဖွဲ့ ဝင်ဦးစိုး သိမ်းထံမှသိရသည်။
''ဧပြီ ၉ရက်က ဆိပ်ကမ်းက ဦး ဆောင်ညွှန်ကြားရေးမှူး ဦးကျော်မြင့် ဦးဆောင်တဲ့ တောင်ပိုင်း ခရိုင် အုပ်ချုပ် ရေးမှူးတွေပါတဲ့သူတွေနဲ့ ဆွေးနွေးခဲ့ တာ။ တစ်ဧကကို သိန်း ၇ဝနှုန်းနဲ့ ပေး လျော်ဖို့ သဘောတူညီချက်ရတယ်။ အဲ ဒီသဘောတူညီချက်အတိုင်း စီမံကိန်း ဆောင် ရွက်မယ့် ကုမ္ပဏီတွေက ပေး လျော်ရမှာ''ဟု ဦးစိုးသိမ်းက ထုတ်ဖော် ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲအတွက် ဒေသခံ များ၏မီဒီယာဖိတ်ခေါ်ခွင့် တောင်းဆိုမှု ကို ဆိပ်ကမ်းအာဏာပိုင်ဘက်မှ လက် မခံသည့်အတွက် သတင်းမထုတ်ပြန် နိုင်ခြင်းဖြစ်ကြောင်း ထပ်မံပြောသည်။
အဆိုပါစီမံကိန်းကြောင့် သီလဝါ ဒေသရှိ ဘေးပေါက်ကျေးရွာသည် ရွာ လုံးကျွတ်ပြောင်းရွှေ့ပေး ရမည်ဖြစ်ပြီး ယခုသဘောတူညီချက်အရ အကွက်အ မှတ် ၂ဝ မှ ၃၂ အထိပါဝင်သည့် လယ် မြေဧက ၃၇၇ ဒသမ ၁၂သည် လျော် ကြေးရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသီလဝါရေနက်ဆိပ်ကမ်း စီမံကိန်းသည် လက်ရှိဖော်ဆောင်နေဆဲ သီလဝါအထူးစီးပွားရေး ဇုန်စီမံကိန်း နှင့် ကပ်လျက်အနေအထားတွင် တည်ရှိ ပြီး လျော်ကြေးရရှိမှုတွင် သီလဝါရေ နက်ဆိပ်ကမ် စီမံကိန်းအတွင်းပါဝင်သူ ဒေသခံများက အထူးစီပွားရေးဇုန်အ တွင်း ပါဝင်ဖယ်ရှားခံရသူ လယ်သမား များထက် လျော်ကြေး ငွေငါးဆနီးပါးပိုမို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးစိုးသိမ်းက ''အထူးစီးပွားရေး ဇုန်က လယ်တစ်ဧက ၁၅ သိန်းပဲရခဲ့ တာ။ ကျွန်တော်တို့က သိန်း ၇ဝ ဆိုတော့ ပိုတော့ရပါတယ်။ ကျေးရွာပြောင်းရွှေ့ ရေးအတွက် အခုနေရာကြည့်နေပါတယ်'' ဟု ဧပြီ ၂၂ ရက် ညနေကပြောသည်။
အဆိုပါသီလဝါရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်းပါဝင်သည့် ဘေးပေါက် ကျေးရွာတွင် အိမ်ထောင်စု ၁၆၃စု၊ လူဦးရေ ၅ဝဝ နီးပါးနေထိုင်ကာ ကျေးရွာ အစားထိုး နေရာအတွက် အကျယ်ပေ ၄ဝ x ၆ဝ မြေကွက်များကို တောင်းဆို မည်ဖြစ်ကာ သီလဝါဖွံ့ဖြိုးရေးလမ်းမကြီး ၏ ရှေ့ဘက်ခြမ်းနှင့် နောက် ဘက်ခြမ်း များတွင် နေရာအစားထိုးရှာဖွေနေပြီဖြစ် ကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment