Thursday, April 24, 2014

လာမည့်ပညာသင်နှစ် ရှစ်တန်းနှင့်ကိုးတန်း စာမေးပွဲကျဆုံးမှု ယခုနှစ်ထက်ပိုများနိုင်

အရည်အသွေးရှိကျောင်းသား၊ ကျောင်းသူများမွေးထုတ်ရန် ရည်ရွယ် ပြုလုပ်နေခြင်းကြောင့် လာမည့်ပညာ သင်နှစ်တွင် ရှစ်တန်းနှင့် ကိုးတန်း ကျောင်းသား၊ ကျောင်းသူများ ကျရှုံး မှုသည် ယခုနှစ်ထက်ပို ဆိုးလာမည် ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးကဆို သည်။
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် အတွင်း ရှစ်တန်း၊ ကိုးတန်းအောင် ချက်ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးအ တိုင်းအတာအရ ရာခိုင်နှုန်း ၉ဝ ကျော် ရှိခဲ့ပြီး ကျောင်းတစ်ကျောင်းချင်းအ လိုက်တွက်ချက်ကြည့် ပါက အောင် ချက်ရာခိုင်နှုန်းမှာ ပျမ်းမျှအားဖြင့် ရာခိုင်နှုန်း ၉ဝပင် ပြည့်မီခြင်း မရှိ ကြောင်း အမှတ်(၃)
အခြေခံပညာရေး ဦးစီးဌာနမှသိရသည်။
ယခု နှစ်အောင်စာရင်းမှစတင် ကာ နောင်လာမည့်နှစ်များတွင် အ ရည်အသွေးကိုအဓိကထားပြီး ရှစ်တန်း နှင့် ကိုးတန်း(အောင်၊ ရှုံး)များကို ပိုမိုတင်းကျပ်စွာစစ်ဆေးမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း အထက် ပါညွှန်ကြားရေးမှူးကပြောသည်။
''အရည်အသွေးကိုအဓိကထား ပြီးတော့စစ်လိုက်တာကြောင့် ဒီနှစ် ကျတာတွေရှိလာတာပါ။ နောင်ဆို ရင် ဒီထက်တောင်ပိုဆိုးမယ်။ အရည် အချင်းရှိသူတွေတက်မယ်။ မရှိတဲ့သူ တွေတော့ကျန်ခဲ့မယ်''ဟု ¤င်းကပြော သည်။
ယခုနှစ် ရှစ်တန်းနှင့် ကိုးတန်း များတွင်ကျရှုံးသောသူများသည် (မော် ရေးရှင်း)မမှီသူ များသာဖြစ်ပြီး အောင် မှတ်ရရန် ခုနစ်မှတ်ခန့်သာလို သူများကို(မော်ရေးရှင်း)ဖြင့် အအောင် ပေးထားကြောင်း၊ အရည်အချင်းမ ပြည့်မီသူများကို အအောင်မပေးရန် ညွှန်ကြားချက်များလည်းထွက်ထား ကြောင်းသိရသည်။
''အကျနဲ့အချက မတူဘူး။ ဒီနှစ် က အရည်အချင်းမပြည့်ရင်ချရမယ် ဆိုတာပြောထားတော့ အမှတ်အား လုံးပေါင်းလို့ ခုနစ်မှတ်လောက်လိုရင် တော့ရတယ်။ အဲဒီထက်များရင်တော့ မရဘူး။ နောက်နှစ်တွေလဲ ဒီအတိုင်း ပဲလာမှာပဲ''ဟုအထက(၁)မြောက် ဥက္ကလာမှအလယ်တန်းပြ ဆရာမတစ် ဦးကပြောသည်။
ကျရှုံးသည့်ကျောင်းသား၊ ကျောင်းသူများသည်ကျသည့် အတန်း ကို နောက် တစ်နှစ်ပြန် လည်တက် ရောက် ရတော့မည်ဖြစ်ပြီး ကျရှုံးဘာ သာရပ်များကို ပြန်လည်ဖြေဆို အောင်မြင်ပြီး အတန်းတင်ပေးခြင်း များမရှိကြောင်း သိရသည်။
''ကျရင် တစ်နှစ်အောက်သွား ပြီ။ အရင်တုန်းကတော့ ရှစ်တန်းမှာ တစ်ဘာသာလောက်ကျတဲ့ ကျောင်း သားကို အတန်းတင်ပေးချင်တယ်ဆို ရင် မိဘကိုကျောင်းအုပ်ကခေါ်ပြီး ကျတဲ့ဘာသာကို သေချာပြန်လေ့ ကျင့်ဖြေခိုင်းတာမျိုးတွေတော့ ကြား ခဲ့ဖူးတယ်။ ဒါကကျောင်းအုပ်နဲ့ပဲဆိုင် တယ်။ ဒီနှစ်ကတော့ အဲဒီလိုတွေမရ တော့ဘူး။ ကျရင်နောက်တစ်နှစ်ပြန် တက်ပဲ''ဟု ဗဟန်းမြို့နယ်ပညာရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခင်နှစ်များက အအောင်အ ရှုံးဆုံးဖြတ်ရာတွင် မြို့နယ်အလိုက် နှင့် သက်ဆိုင်ရာကျောင်းများမှချမှတ် သည့်မူဖြင့်သာဆုံးဖြတ်ခဲ့ပြီး ယခုနှစ် တွင် အခြေခံပညာဦးစီးဌာနများ၏မူတစ်ခုတည်းဖြင့်သာချမှတ်ဆောင် ရွက်ခဲ့ခြင်းကြောင့် ကျရှုံးမှုများပိုမိုများ ပြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၂ဝဝ၆ ခုနှစ် အတန်းတင် စာမေး ပွဲတွင်ကျရှုံးသည့်ကျောင်းသားများကို ကျသည့် ဘာသာရပ် အားပြန်လည် ဖြေဆိုအောင်မြင်လျှင် အတန်းတင်ပေး သည့်စနစ်ရှိခဲ့ဖူးကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment