Sunday, April 27, 2014

ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ခွေးရူးကိုက်ခံရ၍ သေဆုံးသူ များပြားနေ

Photo: ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ခွေးရူးကိုက်ခံရ၍ သေဆုံးသူ များပြားနေ
Sunday, April 27, 2014

ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၌ ခွေးရူးအကိုက်ခံရ၍ သေဆုံးရသည့်ဖြစ်စဉ်များ များပြားလာကြောင်းနှင့် ပြည်နယ်အချို့တွင် ခွေးရူးကာကွယ်ဆေး ကြိုတင်ထိုးနှံရန် အခက်အခဲများရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်နွေရာသီတွင် ခွေးရူးကိုက်ခံရ၍ သေဆုံးသူများရှိနေပြီး ပြည်နယ်အချို့တွင် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ခွေးရူးကာကွယ်ဆေးထိုးနှံခွင့် မရရှိကြကြောင်း သိရသည်။

“ကျွန်မတို့ဆီမှာဆိုရင် ခွေးလေခွေးလွင့်တွေ အရမ်းများတယ်။ အိမ်တစ်အိမ်မှာ ခွေးခြောက်ကောင်လောက်တော့ ရှိတယ်။ပြီးရင် အဲဒီခွေးတွေကနေ ခွေးရူးဖြစ်သွားတာတွေလည်းရှိတော့ ကျွန်မတို့အပါအ၀င် တခြားအိမ်က လူတွေကလည်း ခွေးရူးကာကွယ်ဆေး ထိုးချင်ကြတယ်။ ဒါပေမဲ့ ဒီမှာက တိရ စ္ဆာန်ဆေးကုခန်းဆိုပြီးတော့ သီးသန့် ဖွင့်ထားတာမျိုးလည်း မရှိသလို ခွေးရူးကာကွယ်ဆေးထိုးချင်လို့ ဌာနကရှိတဲ့ တိရစ္ဆာန်ဆရာဝန်ကို သွားပြောတော့လည်း ဆေးက ဒီမှာ မရှိဘူး။ ရန်ကုန်ကိုမှာ ရမယ်။ ပြီးရင် ရေခဲတွေနဲ့လည်း သယ်ရမယ်။ ခွေးရူးကာကွယ်ဆေး ထိုးထားရင် ခွေးက ခြံထဲမှာပဲနေရမယ်။ အဲ့လိုမှမဟုတ်ရင် တခြား ဆေးမထိုးထားတဲ့ ခွေးတွေ ကိုက်မိရင်လည်း ခွေးရူးရောဂါ ပြန်ဖြစ်မှာပဲ ပြောတယ်။ အဲဒါနဲ့ပဲ ဆေးထိုးချင်ရင်တောင် ဆေးထိုးလို့မရတဲ့အခြေအနေ ဖြစ်နေတယ်။ ပြီးရင် ဒီမှာက ခွေးရူးနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုးတွေက ရှားတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း ခွေးကိုက်ခံရရင် စိုးရိမ်ရမှန်း မသိကြဘူး။ ဟိုတလောကဆိုရင် အမျိုးသမီးတစ်ယောက် ခွေးရူးကိုက်ခံရတယ်။ ဒါပေမဲ့ သူ့ကို ကိုက်တဲ့ခွေး သေသွားမှ ခွေးရူးကိုက်ခံရမှန်းသိလို့ ဆေးခန်းသွားတော့ သူ့မှာလည်း ခွေးရူးပိုးဝင်နေပြီဆိုပြီး ဆရာဝန်ကပြောလိုက်တယ်လို့ ကြားတယ်” ဟု စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေသူ ဒေါ်ဇင်ဖြူ လင်းက ဆိုသည်။

ထို့ပြင် ယခင်လမှစပြီး ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းအချို့၌ ဆေးခန်းများတွင် ခွေးရူးအကိုက်ခံရ၍ လာပြသူများ ရှိလာသော်လည်း ဆေးခန်းတွင် ခွေးရူးကာကွယ်ဆေးများ မရှိသဖြင့် ပြည်သူ့ဆေးရုံများသို့ လွှဲပြောင်းပေးခဲ့ရကြောင်း လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ထို့ပြင် ယခုလအတွင်း မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်း ခွေးရူးအကိုက်ခံရသည့် ဖြစ်စဉ်များပြားနေပြီး ဧပြီလဆန်းပိုင်းတွင် အမရပူရမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ခွေးရူးကိုက်ခံရ၍ ၁၀ နှစ်အရွယ် ကိုရင်တစ်ပါး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ခွေးရူးအကိုက်ခံရသည့် နွားကိုက်၍ သေဆုံးမှုများ ရှိခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ခွေးရူးအကိုက်ခံရ၍ လူသေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

“ဒီနှစ် ခွေးရူးရာသီမှာတော့ ခွေးရူးကိုက်ခံရတဲ့သူတွေ တော်တော်များတယ်။ပြီးတော့ ခွေးရူးအကိုက်ခံရလို့ သေတဲ့သူတွေလည်း ကြိုးကြားကြိုးကြား ကြားနေရတယ်။ အကိုက်ခံရရင်လည်း ကလေးတွေ ပိုများတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဆရာဝန်တစ်ဦးက ဆိုသည်။

 ခွေးရူးကိုက်ခံရ၍ လူသေဆုံးမှုများ ရှိခဲ့သည့်အတွက် မတ်လအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခွေးလေခွေးလွင့် တစ်ထောင်ခန့်အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ယခုလတွင် မန္တလေးတိုင်းဒေသကြီး၌ ခွေးကောင်ရေ ငါးထောင်ခန့်အား ခွေးရူးကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း၊မြန်မာနိုင်ငံတွင် နှစ်စဉ် ခွေးကိုက်ခံရ သူဦးရေ ခြောက်သိန်းခန့် ရှိနေကြောင်း နှင့် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေ ၁၀၀၀ အထက်တွင်ရှိနေပြီး လက်ရှိမြန်မာနိုင်ငံတွင် ခွေးကောင်ရေပေါင်း ၃ ဒသမ ၅ သန်း ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့တွင် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် အဖွဲ့တစ်ခုမှ ခွေးရူးကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးနေစဉ်
Eleven Media Group
ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၌ ခွေးရူးအကိုက်ခံရ၍ သေဆုံးရသည့်ဖြစ်စဉ်များ များပြားလာကြောင်းနှင့် ပြည်နယ်အချို့တွင် ခွေးရူးကာကွယ်ဆေး ကြိုတင်ထိုးနှံရန် အခက်အခဲ များရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်နွေရာသီတွင် ခွေးရူးကိုက်ခံရ၍ သေဆုံးသူများရှိနေပြီး ပြည်နယ်အချို့တွင် လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ခွေးရူးကာကွယ်ဆေးထိုးနှံခွင့် မရရှိကြကြောင်း သိရသည်။

“ကျွန်မတို့ဆီမှာဆိုရင် ခွေးလေခွေးလွင့်တွေ အရမ်းများတယ်။ အိမ် တစ်အိမ်မှာ ခွေးခြောက်ကောင်လောက်တော့ ရှိတယ်။ပြီးရင် အဲဒီခွေးတွေကနေ ခွေးရူးဖြစ် သွားတာတွေလည်းရှိတော့ ကျွန်မတို့အပါအ၀င် တခြားအိမ်က လူတွေကလည်း ခွေးရူးကာကွယ်ဆေး ထိုးချင်ကြတယ်။ ဒါပေမဲ့ ဒီမှာက တိရ စ္ဆာန်ဆေးကုခန်းဆိုပြီးတော့ သီးသန့် ဖွင့်ထားတာမျိုးလည်း မရှိသလို ခွေးရူးကာကွယ်ဆေးထိုးချင်လို့ ဌာနကရှိတဲ့ တိရစ္ဆာန်ဆရာဝန်ကို သွားပြောတော့လည်း ဆေးက ဒီမှာ မရှိဘူး။ ရန်ကုန်ကိုမှာ ရမယ်။ ပြီးရင် ရေခဲတွေနဲ့လည်း သယ်ရမယ်။ ခွေးရူးကာကွယ်ဆေး ထိုးထားရင် ခွေးက ခြံထဲမှာပဲနေရမယ်။ အဲ့လိုမှမဟုတ်ရင် တခြား ဆေးမထိုးထားတဲ့ ခွေးတွေ ကိုက်မိရင်လည်း ခွေးရူးရောဂါ ပြန်ဖြစ်မှာပဲ ပြောတယ်။ အဲဒါနဲ့ပဲ ဆေးထိုးချင် ရင်တောင် ဆေးထိုး လို့မရတဲ့အခြေအနေ ဖြစ်နေတယ်။ ပြီးရင် ဒီမှာက ခွေးရူးနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုးတွေက ရှားတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း ခွေးကိုက်ခံရရင် စိုးရိမ်ရမှန်း မသိကြဘူး။ ဟိုတလောကဆိုရင် အမျိုးသမီးတစ်ယောက် ခွေးရူးကိုက်ခံရတယ်။ ဒါပေမဲ့ သူ့ကို ကိုက်တဲ့ခွေး သေသွားမှ ခွေးရူး ကိုက်ခံရမှန်းသိလို့ ဆေးခန်းသွားတော့ သူ့မှာလည်း ခွေးရူးပိုးဝင်နေပြီဆိုပြီး ဆရာဝန်ကပြောလိုက်တယ်လို့ ကြားတယ်” ဟု စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေသူ ဒေါ်ဇင်ဖြူ လင်းက ဆိုသည်။

ထို့ပြင် ယခင်လမှစပြီး ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းအချို့၌ ဆေးခန်းများတွင် ခွေးရူးအကိုက်ခံရ၍ လာပြသူများ ရှိလာသော်လည်း ဆေးခန်းတွင် ခွေးရူးကာကွယ်ဆေးများ မရှိသဖြင့် ပြည်သူ့ဆေးရုံများသို့ လွှဲပြောင်းပေးခဲ့ရကြောင်း လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ထို့ပြင် ယခုလအတွင်း မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်း ခွေးရူး အကိုက်ခံရသည့် ဖြစ်စဉ်များပြားနေပြီး ဧပြီလဆန်းပိုင်းတွင် အမရပူရမြို့နယ်ရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် ခွေးရူးကိုက်ခံရ၍ ၁၀ နှစ်အရွယ် ကိုရင်တစ်ပါး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တွင်လည်း ခွေးရူးအကိုက်ခံရသည့် နွားကိုက်၍ သေဆုံးမှုများ ရှိခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တွင်လည်း ခွေးရူးအကိုက်ခံရ၍ လူသေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

“ဒီနှစ် ခွေးရူးရာသီမှာတော့ ခွေးရူးကိုက်ခံရတဲ့သူတွေ တော်တော်များတယ်။ပြီးတော့ ခွေးရူးအကိုက်ခံရလို့ သေတဲ့သူတွေလည်း ကြိုးကြားကြိုးကြား ကြားနေရတယ်။ အကိုက်ခံရရင်လည်း ကလေးတွေ ပိုများတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဆရာဝန်တစ်ဦးက ဆိုသည်။

ခွေးရူးကိုက်ခံရ၍ လူသေဆုံးမှုများ ရှိခဲ့သည့်အတွက် မတ်လအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခွေးလေခွေးလွင့် တစ်ထောင်ခန့်အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ယခုလတွင် မန္တလေးတိုင်းဒေသကြီး၌ ခွေးကောင်ရေ ငါးထောင်ခန့်အား ခွေးရူးကာကွယ်ဆေးများ ထိုးနှံပေး ခဲ့ကြောင်း၊မြန်မာနိုင်ငံတွင် နှစ်စဉ် ခွေးကိုက်ခံရ သူဦးရေ ခြောက်သိန်းခန့် ရှိနေကြောင်း နှင့် ခွေး ရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေ ၁၀၀၀ အထက်တွင်ရှိနေပြီး လက်ရှိမြန်မာနိုင်ငံ တွင် ခွေးကောင်ရေပေါင်း ၃ ဒသမ ၅ သန်း ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့တွင် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် အဖွဲ့တစ်ခုမှ ခွေးရူး ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးနေစဉ်
Eleven Media Group

No comments:

Post a Comment