Thursday, April 3, 2014

DKBA ထိန်းချုပ်နယ်မြေတွင်နေထိုင်မည့် သမီးကလေးကျေးရွာမှပြည်သူများကို ကရင်ပြည်နယ်အစိုးရကတားဆီး

သမီးကလေးကျေးရွာမှ ပြည် သူများအား ဒီမိုကရေစီအကျိုးပြု ဗုဒ္ဓ ဘာသာကရင်တပ်မတော်(DKBA) ထိန်း ချုပ်နယ်မြေတွင် နေထိုင်ရန် လာရောက် ခေါ်ယူစဉ် ကရင်ပြည်နယ်အစိုးရက တား ဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
''ကရင်ပြည်နယ်အစိုးရ ခွင့်ပြုချက် တွေပါလားဆိုတာမျိုးနဲ့ တားဆီးခံရတယ် လို့ ကျွန်တော်တို့ကြားရတယ်။ ကျွန်တော် တို့က အဓိက,ကတော့ လူသားချင်းစာ နာထောက်ထားတဲ့အနေနဲ့ သမီးကလေး ကျေးရွာက လူတွေကို လာခေါ်တာပါ''ဟု မြဝတီမြို့ရှိ DKBA ဆက်ဆံရေးအ ရာရှိ ဗိုလ်ကြီးစောစိုးမြင့်က ပြောကြား ခဲ့သည်။

ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၁ဝဝ ကျော်နှင့် လူဦးရေ ၃ဝဝ ကျော်တို့ ကိုခေါ်ဆောင်လာစဉ် ဘီးလင်းတံတား နှင့် ဒုံသမိတံတားတို့တွင် တားဆီးခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ကြီးစောစိုးမြင့်ကပြော သည်။
၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတွင်း က တပ်ပိုင်မြေဟုဆိုကာ သိမ်းယူခံရစဉ် က သမီးကလေးကျေးရွာမှ ပြည်သူများ ကို DKBA မှ စစ်ဗျူဟာမှူး ဗိုလ်မှူး စောဆန်းအောင်မှ လာရောက်ခေါ် ဆောင်ရန် မော်တော်ယာဉ်များစေလွှတ် ခဲ့ပြီး ယခု နောက်ထပ်တစ်ကြိမ် လာ ရောက်ခေါ်ဆောင်ခြင်း ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment