Thursday, April 3, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒပြရန် နေရာစီစဉ်ပေးမည်

ဆန္ဒထုတ်ဖော်မှုများကြောင့် အ များပြည်သူ အနှောင့်အယှက်မဖြစ်စေ ရန်နှင့် စည်းကမ်းတကျ ဖြစ်စေရန်အ တွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒပြရန် နေရာတစ်နေရာ စီစဉ်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီးတင်ဝင်းက ပြောသည်။
ဧပြီ ၁ ရက် မြို့တော်ခန်းမရှေ့တွင် မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြသူ များနှင့် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်း ဖွင့် ဆန္ဒပြသူများ ဆွေးနွေးညှိနှိုင်းသည့် ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
''အများပြည်သူ အနှောင့်အယှက် ဖြစ်တယ်လို့ အကြောင်းပြပြီး ဆန္ဒထုတ် ဖော်ခွင့်ကို ငြင်းပယ်မယ်။ သူတို့ကလဲ ဆက်လုပ်မယ်ဆိုရင် အရေးယူတာပဲ အ ဖတ်တင်မယ်။ အဲဒီတော့ နေရာတစ်နေ ရာရှာဖွေပြီး
အရင်တုန်းက ပေါ်ခဲ့ဖူးသ လို ဟစ်တိုင်ပုံစံမျိုး စတိတ်စင်နဲ့ပြောချင် တာပြောလို့ရအောင် နေရာကျယ်ကျယ် ဝန်းဝန်းဖြစ်မယ့် နေရာရှာနေပါတယ်'' ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။
အများပြည်သူ အနှောင့်အယှက် မဖြစ်စေမည့်အပြင် လူအများသိနိုင်သည့် နေရာတစ်နေရာ စီစဉ်ပေး သွားမည်ဖြစ် ကြောင်း၊ ထိုကဲ့သို့ နေရာသတ်မှတ်ပေး ခြင်းကြောင့် ခွင့်ပြုချက် မပေးသည့် ပြ ဿနာလည်း ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရှာဖွေနေဆဲဖြစ်ပြီး နေရာအ တိအကျ ရရှိပါက သတင်းထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း ယင်းကဆက်ပြော သည်။
''လုံခြုံရေးအရရော ရန်ကုန်မြို့ရဲ့ မြို့လယ်ကောင် နှလုံးသည်းပွတ်နေရာ တွေမှာ ဆန္ဒဖော်ထုတ်မှုတွေ မရှိအောင် စီစဉ်တဲ့ အနေအထားအရ မှန်ပါတယ်။ ဒါပေမဲ့ လမ်းလျှောက်ဆန္ဒပြသူတွေကို တော့ နေရာ သတ်မှတ်ပေးလို့ရနိုင်မယ် မထင်ပါဘူး။ နောက် ကုမ္ပဏီတစ်ခုကို မကျေနပ်လို့ ဆန္ဒပြရင် ကုမ္ပဏီရုံးရှေ့မှာ ဆန္ဒပြကြမှာပဲ။ အဲလိုမျိုးတွေကို သတ် မှတ်ပေးလို့ မရနိုင်ပါဘူး''ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က သုံးသပ်သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း သပိတ်စခန်း ဖွင့်လှစ်ထားမှုများ ရှိသလို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင် ရေးအတွက် ဆန္ဒထုတ်ဖော်မှုများရှိနေ သည်။


Yangon Media Group

No comments:

Post a Comment