Wednesday, April 2, 2014

NLD နာယက ဦးဝင်းတင် ကျန်းမာရေး သိသာစွာကောင်းမွန်


ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသခံနေသည့် အင်န်အယ်လ်ဒီ နာယက၊ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေမှာ သိသာစွာ တိုးတက်ကောင်းမွန်လာပြီဟု အနီးကပ်ပြုစုနေသူ အင်န်အယ်လ်ဒီပါတီဝင် ဦးဇော်မျိုးအောင်က မဇ္ဈိမကို ဧပြီ ၁ ရက် ညနေ ၅ နာရီခန့် တွင် အတည်ပြုပြောကြားသည်။

ဝိတိုရိယဆေးရုံမှ မတ်လ ၂၉ ရက်တွင် ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသခံခဲ့ခြင်းဖြစ်ရာ ရန် ကုန်ဆေးရုံသို့ ရောက်ပြီး လေးရက်ခန့်အကြာတွင် အခြေအနေ ကောင်းမွန်လာသည်ဟု ဆိုသည်။
ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေသည် သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး အသက်ရှူစက်ကို အားကိုးရန်မလိုဘဲ ရှူနိုင်သော်လည်း ပိုမိုစိတ်ချရသော အခြေအနေသို့ရောက်ရှိရန် ၎င်းစက်ကို ဆက် လက်ထားရှိခြင်းဖြစ်သည်ဟုလည်း ရေးသားထားသေးသည်။
ဦးဝင်းတင်ကို စောင့်ရှောက်နေသူတစ်ဦးလည်းဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က “ဒီနေ့တော့ အခြေအနေက တိုးတက်ပါတယ်။ ဒီအချိန်မှာ ပြည်တွင်းမှာကုတာလည်း တိုးတက်မှုရှိတယ် ဆိုတော့ မိသားစုတွေဆန္ဒအရလည်း ဒီမှာပဲကုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပါတယ်”ဟု ဆိုသည်။
ဦးဝင်းတင်သည် အသက် ၈၄ နှစ်ရှိပြီဖြစ်ကာ နှစ်ရှည်လများ အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား ဟောင်းတစ်ဦးလည်းဖြစ်သည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး NLD ပါတီကို တည်ထောင်ခဲ့သူတစ်ဦး လည်း ဖြစ်သည်။ ထောင်တွင်းတွင် ၁၉ နှစ်ကျော်နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အင်း စိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။
ဦးဝင်းတင်ကို ၂၀၀၁ တွင် ယူနက်စ်ကို ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သ တင်းစာများအသင်းကြီးက လွတ်လပ်မှုရွှေကလောင်ဆု၊ နယ်စည်းမထား သတင်းထောက်များ အဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှုရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။
Mizzima - News in Burmese

No comments:

Post a Comment