Wednesday, April 2, 2014

စစ်တွေမှ ဘင်္ဂါလီနေအိမ်များ စာကပ်၍ သပိတ်မှောက်နေ

cxfexdgg
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများအား သန်းခေါင်စာရင်းကောက်ယူရာ၌ ရိုဟင်ဂျာဟု ထည့်သွင်းပေးခြင်း မရှိသောကြောင့် ဘင်္ဂါလီများ လူမျိုးများမှာစစ်တွေ၌ စကပ်၍ သပိတ်မှောက်ခဲ့ကြသည်ဟု ဒေသခံ အစ္စလာမ်ဘာသာဝင်များထံမှ သိရှိရသည်။
လူမျိုးမှာ ရိုဟင်ဂျာဆိုပြီး စာတမ်းတွေ ကပ်ထားတာရှိတယ်၊ဘာလူမျိုးလည်းမေးရင် ရိုဟင်ဂျာလို့ ဖြေတော့ သန်းခေါင်စာရင်းကောက်တဲ့သူတွေကဆက်မကောက်တော့ဘူး၊ ပြန်ထွက်သွားတယ်ဟု စစ်တွေမြို့နေ အစ္စလာမ်ဘာသာဝင်ကိုလှမောင်က ပြောသည်။

 သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာကို ထည့်သွင်းမည် မဟုတ်ကြောင်း နှင့်ရိုဟင်ဂျာဟု ဖြေဆိုခြင်းများရှိပါက ထည့်သွင်းခြင်းမပြုရန် မတ်လ(၃၀)ရက်ကရခိုင်ပြည်နယ် အစိုးရက တရားဝင်ထုတ်ပြန်ခဲ့သည်။
ရိုဟင်ဂျာလူမျိုးဆိုပြီးတော့  စာတွေတော့ ကပ်ထားတယ်၊ ကျွန်တော်တို့ကအသေ အချာရှင်းပြတယ်၊ သူတို့ကလည်း ရိုဟင်ဂျာပဲ ပြောတယ်၊ပြဿသာနာတော့ မရှိပါဘူးဟု ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ယူနေသည့်ရဲအရာရှိတစ်ဦးကပြောသည်။
မတ်လ(၃၀)ရက် သန်းခေါင်စာရင်းကောက်ယူသည့် ပထမနေ့၌ စစ်တွေမြို့ အနောက်စံပြရပ်ကွက် ဘာဆာရာကျေးရွာရှိ ဘင်္ဂါလီအများစုသည် လူမျိုးနေရာ၌ ဘင်္ဂါလီဟုစာရင်းပေးခဲ့ကြပြီးဧပြီ(၁)ရက်၌ သန်းခေါင်စာရင်းကောက်ယူရာ သဲချောင်းကျေရွာမှ ဘဂါင်္လီအများစုကရိုဟင်ဂျာဟု ဖြေဆို ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကောက်ယူမှုသို့ ဒုတိယသမ္မတဦးဥာဏ်ထွန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီတို့လည်း ရောက်ရှိနေကြပြီး ရဲနှင့်စစ်တပ်မှလုံခြုံရေး အပြည့်ပေးထားကြောင်း သိရသည်။
သန်းခေါင်စာရင်းတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟုထည့်သွင်းပေးခြင်း မရှိသောကြောင့် စစ်တွေမြို့ရှိ ရပ်ကွက်အချို့မှဘင်္ဂါလီများသည် မတ်လ(၃၀)ရက်မှစတင်ကာ သပိတ်မှောက်သည့်အနေဖြင့် လူမျိုးနေရာတွင် ရိုဟင်ဂျာဟုရေးသားထားသော စာတမ်းများကို နေအိမ်များ၌ကပ်ထားလျက်ရှိကြောင်း သိရသည်။

ရွှေမြစ်မခ

No comments:

Post a Comment