Monday, April 28, 2014

Raytheon ကုမ္ပဏီမှ Excalibur လေဆာပဲ့ထိန်း ကျည်သစ် တစ်မျိုးအား စမ်းသပ် ပစ်ခတ်ရန် စီစဉ်ဆောင်ရွက်နေခြင်း


Monday, April 28, 2014
Raytheon ကုမ္ပဏီသည် Excalibur-S အမည်ရှိ ၁၅၅ မီလီမီတာ လေဆာရောင်ခြည်သုံး digital semi-active laser (dSAL) ပဲ့ထိန်းကျည် တစ်မျိုးကို တီထွင် ထုတ်လုပ်လျက် ရှိပြီး အဆိုပါ ကျည်အမျိုးအစား၏ ပစ်ခတ် စမ်းသပ်မှုများကို လာမည့် ၉ လအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။
Photo: Raytheon ကုမ္ပဏီမှ Excalibur လေဆာပဲ့ထိန်း ကျည်သစ် တစ်မျိုးအား စမ်းသပ် ပစ်ခတ်ရန် စီစဉ်ဆောင်ရွက်နေခြင်း

Raytheon ကုမ္ပဏီသည် Excalibur-S အမည်ရှိ ၁၅၅ မီလီမီတာ လေဆာရောင်ခြည်သုံး digital semi-active laser (dSAL) ပဲ့ထိန်းကျည် တစ်မျိုးကို တီထွင် ထုတ်လုပ်လျက် ရှိပြီး အဆိုပါ ကျည်အမျိုးအစား၏ ပစ်ခတ် စမ်းသပ်မှုများကို လာမည့် ၉ လအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။

ယင်းကျည်အမျိုးအစားအား ကုမ္ပဏီ၏ Excalibur Ib ကျည်အမျိုးအစား၏ ဒီဇိုင်းပုံစံကို ယူ၍ တည်ဆောက်ထားကြောင်း၊ အရည်အသွေး စစ်ဆေးသည့် အပြီးသတ် လုပ်ငန်းများမှာလည်း နောက်ရက် ပေါင်း ၆ဝ ခန့်တွင် ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း၊ ထို့အပြင် ကုမ္ပဏီ၏ အခြား စစ်လက်နက် ပစ္စည်း လုပ်ငန်းခွဲများတွင် တပ်ဆင် အသုံးပြုလျက် ရှိသော dSAL စနစ်ကို ယခုဒီဇိုင်းပုံစံ၌ တပ်ဆင် အသုံးပြု ထားကြောင်း Raytheon ကုမ္ပဏီ၏ လုပ်ငန်း ဖွံ့ဖြိုးမှု မန်နေဂျာ Dave Brockway မှ IHS Jane's  သတင်း ဌာနသို့ ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

ကုမ္ပဏီအနေဖြင့် SAL စနစ်ကို အသုံးပြု၍ ပစ်မှတ်အား တိကျစွာ စမ်းသပ် ပစ်ခတ်နိုင်ရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိကြောင်း၊ သို့မှသာ စစ်မြေပြင်တွင် သတ်မှတ်ထားသော ပစ်မှတ်အား ထိရောက်စွာ တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ယင်းကျည် အမျိုးအစားဖြင့် လှုပ်ရှား ပစ်မှတ်များကိုလည်း ပစ်ခတ်နိုင်ရန် တီထွင် ထုတ်လုပ်ထားပြီး လက်တွေ့သရုပ်ပြ ပစ်ခတ်နိုင်ရန် စီစဉ်ထားကြောင်း Dave Brockway မှ ထပ်လောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ကျည်အမျိုးအစားသည် စစ်မြေပြင်ရှိ တပ်ဖွဲ့များအား ထိရောက်စွာ အထောက်အကူပြု နိုင်မည်ဖြစ်ပြီး အမြောက်လက်နက်များမှ အခြားသော ပစ်မှတ် ရှာဖွေရေး ကိရိယာများ အပေါ် မှီခိုနေရသည့် အခြေအနေများ လျော့နည်းလာမည် ဖြစ်ပါသည်။ ယင်းပစ်မှတ် ရှာဖွေရေး ကိရိယာများကို သီးခြား အသုံးပြုခြင်းကြောင့်လည်း အချိန်နှင့် လုပ်ငန်း ကန့်သတ်ချက်များ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုသို့သော ကန့်သတ်ချက် များကို လျော့ချနိုင်ရေး အတွက် ယခုကဲ့သို့ စွမ်းရည်ရှိသော ကျည်အမျိုးအစားကို တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု Brockway မှ ပြောကြားခဲ့ပါသည်။

စစ်မြေပြင်တွင် ပစ်မှတ် တည်နေရာအား တိကျစွာ သိရှိနိုင်ရန် ခက်ခဲမှုရှိကြောင်း၊ အကယ်၍ ပစ်မှတ် တည်နေရာသည် ၂ဝ၊ ၃ဝ နှင့် ၅ဝ မီတာအတွင်း ကွာဟချက်ရှိပါက Excalibur ကျည်ကို အသုံး ပြု၍ ပစ်ခတ်နိုင်ကြောင်း၊ ယင်းကျည်မှလည်း ချိန်ရွယ်ထားသော ပစ်မှတ်အား လှုပ်ရှား စစ်ကစားကာ တိုက်ခိုက်သွားလိမ့်မည် ဖြစ်ကြောင်း၊ အကယ်၍ ပစ်မှတ် တည်နေရာမှာ ရုတ်တရက် ပြောင်းလဲ သွားပါကလည်း အဆိုပါ ကျည်အမျိုးအစားသစ်မှ ကျည်သွား လမ်းကြောင်း ပြောင်းလဲကာ လှုပ်ရှား တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း၊ သို့သော် ပစ်မှတ်တည်နေရာသည် ၃ဝ မီတာနှင့် အထက် ပြောင်းလဲသွားပါက Excalibur ကျည်မှာ ပေါက်ကွဲမှု ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း စသည်ဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအား Brockway မှ ရှင်းလင်း ပြောကြားခဲ့ပါသည်။

လက်ရှိ အခြေအနေတွင် အမေရိကန် တပ်ဖွဲ့များ၌ အမြောက်စခန်းများမှ လှုပ်ရှား ပစ်မှတ်များအား တိကျစွာ ပစ်ခတ်နိုင်ရန် အတွက် Excalibur-S ကျည်အမျိုးအစားများ လိုအပ်လျက် ရှိပါသည်။ ယင်းလိုအပ်ချက်မှာလည်း ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် ကြည်းတပ်ဖွဲ့၏ Non-line-Of-Sight Cannon (NLOS-C) စီမံကိန်းများအား ပင်တဂွန်မှ ဖျက်သိမ်းပြီးနောက် လိုအပ်ချက် အရေအတွက် ပမာဏများစွာ ဖြစ်ပေါ်ခဲ့ပါသည်။

Excalibur-S ကျည်အမျိုးအစားအား နိုင်ငံတကာမှ စိတ်ဝင်စားမှု ရရှိစေရန် ဒီဇိုင်း နည်းပညာသစ် များကို ကြိုးပမ်း တီထွင်သွားရမည် ဖြစ်ပြီး အရည်အသွေး စစ်ဆေးမှုများနှင့် သရုပ်ပြ စမ်းသပ် ပစ်ခတ်မှု များကိုလည်း လိုအပ်သော အနေအထားသို့ ရောက်ရှိစေရန် ကြိုးပမ်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း Brockway မှဆွေးနွေး ပြောကြားခဲ့သော်လည်း ပြည်ပတင်ပို့ ရောင်းချမှုများနှင့် ပတ်သက်သော အသေးစိတ် သတင်း အချက်အလက် များကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

လက်ရှိ Excalibur ကျည်အမျိုးအစား များအား အမေရိကန် ကြည်းတပ်နှင့် မရိန်းတပ်ဖွဲ့ တို့တွင် တပ်ဆင် အသုံးပြုလျက် ရှိပြီး သြစတြေးလျ၊ ကနေဒါနှင့် ဆွီဒင်နိုင်ငံ များသို့လည်း တင်ပို့ ရောင်းချထား ပါသည်။

Excalibur-S ကျည်အမျိုးအစား၏ ကိုယ်ထည် ပုံစံအား Raytheon ကုမ္ပဏီ၏ Paveway နှင့်ွ Griffin ခဲယမ်း အမျိုးအစားများတွင် တပ်ဆင် အသုံးပြုထားပြီး ဖြစ်သော dSAL ကိုယ်ထည်ပုံစံကို အသုံးပြု တည်ဆောက် ထားပါသည်။ ယင်းခဲယမ်း အမျိုးအစား ၂ မျိုးသည်လည်း စီမံကိန်း တစ်ခုအနေဖြင့် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်ပါသည်။ ယခု ကျည်အမျိုးအစားသည်လည်း Excalibur Ia-2 ကျည်အမျိုး အစားကဲ့သို့ပင် အကွာအဝေး ၃၇.၅ ကီလိုမီတာအထိ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်း ရှိပါသည်။
ယင်းကျည်အမျိုးအစားအား ကုမ္ပဏီ၏ Excalibur Ib ကျည်အမျိုးအစား၏ ဒီဇိုင်းပုံစံကို ယူ၍ တည်ဆောက်ထားကြောင်း၊ အရည်အသွေး စစ်ဆေးသည့် အပြီးသတ် လုပ်ငန်းများမှာလည်း နောက်ရက် ပေါင်း ၆ဝ ခန့်တွင် ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း၊ ထို့အပြင် ကုမ္ပဏီ၏ အခြား စစ်လက်နက် ပစ္စည်း လုပ်ငန်းခွဲများတွင် တပ်ဆင် အသုံးပြုလျက် ရှိသော dSAL စနစ်ကို ယခုဒီဇိုင်းပုံစံ၌ တပ်ဆင် အသုံးပြု ထားကြောင်း Raytheon ကုမ္ပဏီ၏ လုပ်ငန်း ဖွံ့ဖြိုးမှု မန်နေဂျာ Dave Brockway မှ IHS Jane's သတင်း ဌာနသို့ ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ကုမ္ပဏီအနေဖြင့် SAL စနစ်ကို အသုံးပြု၍ ပစ်မှတ်အား တိကျစွာ စမ်းသပ် ပစ်ခတ်နိုင်ရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိကြောင်း၊ သို့မှသာ စစ်မြေပြင်တွင် သတ်မှတ်ထားသော ပစ်မှတ်အား ထိရောက်စွာ တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ယင်းကျည် အမျိုးအစားဖြင့် လှုပ်ရှား ပစ်မှတ်များကိုလည်း ပစ်ခတ်နိုင်ရန် တီထွင် ထုတ်လုပ်ထားပြီး လက်တွေ့သရုပ်ပြ ပစ်ခတ်နိုင်ရန် စီစဉ်ထားကြောင်း Dave Brockway မှ ထပ်လောင်း ပြောကြားခဲ့ပါသည်။


အဆိုပါ ကျည်အမျိုးအစားသည် စစ်မြေပြင်ရှိ တပ်ဖွဲ့များအား ထိရောက်စွာ အထောက်အကူပြု နိုင်မည်ဖြစ်ပြီး အမြောက်လက်နက်များမှ အခြားသော ပစ်မှတ် ရှာဖွေရေး ကိရိယာများ အပေါ် မှီခိုနေရသည့် အခြေအနေများ လျော့နည်းလာမည် ဖြစ်ပါသည်။ ယင်းပစ်မှတ် ရှာဖွေရေး ကိရိယာများကို သီးခြား အသုံးပြုခြင်းကြောင့်လည်း အချိန်နှင့် လုပ်ငန်း ကန့်သတ်ချက်များ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုသို့သော ကန့်သတ်ချက် များကို လျော့ချနိုင်ရေး အတွက် ယခုကဲ့သို့ စွမ်းရည်ရှိသော ကျည်အမျိုးအစားကို တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု Brockway မှ ပြောကြားခဲ့ပါသည်။
စစ်မြေပြင်တွင် ပစ်မှတ် တည်နေရာအား တိကျစွာ သိရှိနိုင်ရန် ခက်ခဲမှုရှိကြောင်း၊ အကယ်၍ ပစ်မှတ် တည်နေရာသည် ၂ဝ၊ ၃ဝ နှင့် ၅ဝ မီတာအတွင်း ကွာဟချက်ရှိပါက Excalibur ကျည်ကို အသုံး ပြု၍ ပစ်ခတ်နိုင်ကြောင်း၊ ယင်းကျည်မှလည်း ချိန်ရွယ်ထားသော ပစ်မှတ်အား လှုပ်ရှား စစ်ကစားကာ တိုက်ခိုက်သွားလိမ့်မည် ဖြစ်ကြောင်း၊ အကယ်၍ ပစ်မှတ် တည်နေရာမှာ ရုတ်တရက် ပြောင်းလဲ သွားပါကလည်း အဆိုပါ ကျည်အမျိုးအစားသစ်မှ ကျည်သွား လမ်းကြောင်း ပြောင်းလဲကာ လှုပ်ရှား တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း၊ သို့သော် ပစ်မှတ်တည်နေရာသည် ၃ဝ မီတာနှင့် အထက် ပြောင်းလဲသွားပါက Excalibur ကျည်မှာ ပေါက်ကွဲမှု ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း စသည်ဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအား Brockway မှ ရှင်းလင်း ပြောကြားခဲ့ပါသည်။ လက်ရှိ အခြေအနေတွင် အမေရိကန် တပ်ဖွဲ့များ၌ အမြောက်စခန်းများမှ လှုပ်ရှား ပစ်မှတ်များအား တိကျစွာ ပစ်ခတ်နိုင်ရန် အတွက် Excalibur-S ကျည်အမျိုးအစားများ လိုအပ်လျက် ရှိပါသည်။ ယင်းလိုအပ်ချက်မှာလည်း ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် ကြည်းတပ်ဖွဲ့၏ Non-line-Of-Sight Cannon (NLOS-C) စီမံကိန်းများအား ပင်တဂွန်မှ ဖျက်သိမ်းပြီးနောက် လိုအပ်ချက် အရေအတွက် ပမာဏများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ Excalibur-S ကျည်အမျိုးအစားအား နိုင်ငံတကာမှ စိတ်ဝင်စားမှု ရရှိစေရန် ဒီဇိုင်း နည်းပညာသစ် များကို ကြိုးပမ်း တီထွင်သွားရမည် ဖြစ်ပြီး အရည်အသွေး စစ်ဆေးမှုများနှင့် သရုပ်ပြ စမ်းသပ် ပစ်ခတ်မှု များကိုလည်း လိုအပ်သော အနေအထားသို့ ရောက်ရှိစေရန် ကြိုးပမ်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း Brockway မှဆွေးနွေး ပြောကြားခဲ့သော်လည်း ပြည်ပတင်ပို့ ရောင်းချမှုများနှင့် ပတ်သက်သော အသေးစိတ် သတင်း အချက်အလက် များကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။ လက်ရှိ Excalibur ကျည်အမျိုးအစား များအား အမေရိကန် ကြည်းတပ်နှင့် မရိန်းတပ်ဖွဲ့ တို့တွင် တပ်ဆင် အသုံးပြုလျက် ရှိပြီး သြစတြေးလျ၊ ကနေဒါနှင့် ဆွီဒင်နိုင်ငံ များသို့လည်း တင်ပို့ ရောင်းချထား ပါသည်။Excalibur-S ကျည်အမျိုးအစား၏ ကိုယ်ထည် ပုံစံအား Raytheon ကုမ္ပဏီ၏ Paveway နှင့်ွ Griffin ခဲယမ်း အမျိုးအစားများတွင် တပ်ဆင် အသုံးပြုထားပြီး ဖြစ်သော dSAL ကိုယ်ထည်ပုံစံကို အသုံးပြု တည်ဆောက် ထားပါသည်။ ယင်းခဲယမ်း အမျိုးအစား ၂ မျိုးသည်လည်း စီမံကိန်း တစ်ခုအနေဖြင့် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်ပါသည်။ ယခု ကျည်အမျိုးအစားသည်လည်း Excalibur Ia-2 ကျည်အမျိုး အစားကဲ့သို့ပင် အကွာအဝေး ၃၇.၅ ကီလိုမီတာအထိ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်း ရှိပါသည်။
မြ၀တီ

No comments:

Post a Comment