Thursday, May 29, 2014

အယ်လ်နီညို ရာသီဥတုဒဏ် စတင်ကြုံတွေ့နေရပြီ

ယနေ့မှ ဇွန်လ ၃ ရက် အထိမိုးလေဝသခန့်မှန်းချက် အရ အယ်လ်နီညိုရာသီဥတု ဒဏ်ကို စတင်ကြုံတွေ့ ခံစား နေရပြီဟု မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။
ရက်သတ္တပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ မိုး နည်းမည်ဖြစ်ကြောင်း၊ အရှေ့ ဘက်ရှိ ပစိဖိတ်သမုဒ္ဒရာထဲ တွင် မိုးများနေကျဖြစ်သည့် အနောက်ပိုင်း ဖိလစ်ပိုင်၊ အင်ဒို နီးရှားတို့တွင် မိုးများလျော့ကျ လာနေပြီး မိုးများသည့်ဒေသ သည်ပစိဖိတ်သမုဒ္ဒရာ၏အရှေ့ ဘက်သို့ရွေ့လျားသွားနေသည် ကိုတွေ့ရှိရကြောင်းဒေါက်တာ ထွန်းလွင်က ပြောသည်။
''ဘင်္ဂလားပင်လယ်အော် မှာရောတောင်တရုတ်ပင်လယ် ပြင်မှာရော လာမယ့်တစ်ပတ် အတွင်း
မုန်တိုင်းကြီးတွေဖြစ်ဖို့ အလားအလာမရှိဘူးလို့ခန့်မှန်း ရရှိထားပါတယ်။
မြန်မာပြည် မှာလဲ မိုးနည်းဖို့များနေပါ တယ်''ဟု ၄င်းကပြောသည်။

အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်လျှင်ပူပြင်းခြောက်သွေ့မည်ဖြစ်ပြီး သောက်သုံးရေနှင့်စိုက်ပျိုးမြေရှားပါးကာ စိုက်ပျိုးရေးကိုများစွာ ထိခိုက်နိုင်ကြောင်း ဦးထွန်းလွင်ကသုံးသပ်ထားသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအနေဖြင့် အယ်လ်နီညိုဆိုသည့် ပူနွေး သောဖြစ်စဉ်၊ လာနီညာဟုခေါ်သည့် အေးပြီး စွတ်စိုသည့်ဖြစ်စဉ်၊ သဘာဝဟုဆိုသည့် ပုံမှန်ဖြစ်စဉ်သုံးမျိုးရှိရာ ယခင်ကလာနီညာနှင့် အယ်လ်နီညိုဖြစ်စဉ်သည် ခုနစ်နှစ်မှ တစ်ကြိမ်သာဖြစ်လေ့ရှိသော် လည်း ၁၉၇၈ခုနှစ်နောက်ပိုင်းတွင် နှစ်နှစ်တစ်ကြိမ်မှ နှစ်စဉ် ပြောင်းလဲမှုများဖြစ်လာသည်ဟုသိရသည်။

The Union

No comments:

Post a Comment