ပညာရေးသမားများကဲ့သို့ အရေးပါသောပုဂ္ဂိုလ်များအပါအ၀င် လူ ၃၅ ဦးကျော်အား တပ်မတော်သို့ လာရောက်တွေ့ဆုံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြင့် ထိုင်းတပ်မတော်က သူ၏အာဏာတည်မြဲမှုကို ဆက်လက် လုပ်ဆောင်နေသည်ဟုသိရသည်။
သောကြာနေ့က ထိန်းသိမ်းခံထားရသည့် ၀န်ကြီးချုပ်ဟောင်း ယင်လတ် အပါအ၀င် ထိုင်းနိုင်ငံရေးလှုပ်ရှား သူ တစ်ရာကျော်အား စစ်အုပ်ချုပ်ရေးကောင်စီ သို့လာရောက်ရန် စစ်တပ်မှအမိန့်ထုတ်ပြန်ထားခြင်းဖြင့် ထိုင်းနိုင်ငံရေး လှုပ်ရှားမှုများကိုတစ်နေ့တည်းတွင် အပြောင်းအလဲများ အဖြစ်မြင်တွေ့နေရသည်။
တစ်ဆက်တည်းတွင်ပင် အမေရိကမှ ကူညီရန် ရည်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ကိုလည်း ဆိုင်းငံ့ထားပြီး အရပ်သားဥပဒေကို ပြန်လည်ပေးအပ်ရန် တောင်းဆိုထားသည်။
ထို့အပြင် ၀ါရှင်တန်ဘက်မှလည်း အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့သော ကြာသပတေးနေ့နောက်ပိုင်း တွင် နိုင် ငံခြားခရီးသွားများအား ထိုင်းနိုင်ငံသို့သွားရောက်မည့် ခရီးစဉ်များအားဖျက်သိမ်းရန်နှင့် အမေရိကန် အစိုးရ ပိုင်းမှ သွားရောက်ရမည့်အရေးမကြီးသည့် ခရီးစဉ်များအား ရပ်တန့်ထားရန်တိုက်တွန်းမှုများပြုလုပ် ထားသည်ဟုဆိုသည်။
ပြောရေးဆိုခွင့်ရှိသူများမှလည်း ယင်လတ်အား တစ်ပတ်ထက်ပို၍ ထိန်းသိမ်းထားနိုင်မည် မဟုတ်ကြောင်းနှ င့် နိုင်ငံတော်ပြန်လည် တည်ဆောက်ရေးအတွက် ယင်လတ်အား ထိန်းသိမ်းထားရန်မှာလည်း လိုအပ်ကြော င်းပြော ဆို ခဲ့သည်။
Col Werachon Sukhondhadhpatipak ဆိုသူကလည်း ယင်းကဲ့သို့ နိုင်ငံရေးသမားများအား ထိန်းသိမ်း ထားခြင်းမှာ ၄င်းတို့အား ကျေးဇူးတင်ရမည့်အချိန်ကို ပေးအပ်လိုသောကြောင့် ဖြစ်ကြောင်း စနေနေ့ ကပြော ကြား ခဲ့သည်ဟုသိရသည်။
ခိုင်သဇင်ဦး
Popular Myanmar News Journal
No comments:
Post a Comment