Wednesday, May 28, 2014

လူဦးရေတစ်သိန်းကျော်သည့် မြို့ကြီးများတွင် တန်ဖိုးမျှတအိမ်ရာများ ဆောက်လုပ်မည်

တန်ဖိုးမျှတအိမ်ရာများကို ပြည်နယ်နှင့်တိုင်းများတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်နေသည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က မဇိ္ဈမကို ပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက တန်ဖိုးမျှတအိမ်ရာများကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် တည်ဆောက်လျက်ရှိပြီး လူဦးရေတစ်သိန်းအထက်နေထိုင်လျက်ရှိသည့် မြို့ကြီးများတွင်လည်း တန်ဖိုး မျှတအိမ်ရာများကို တိုင်းဒေသအစိုးရအဖွဲ့များနှင့် ညှိနှိုင်းကာ တည်ဆောက်သွားရန် စီစဉ်လျက်ရှိခြင်းဖြစ် သည်။
ဒေါ်အေးအေးမြင့်က “ ရောင်းချမယ့် ပုံစံတွေက ရန်ကုန်လိုပုံစံမျိုးတော့ မဟုတ်ပါဘူး။ တန်ဖိုးမျှတ
အိမ်ရာရှိတဲ့ ဒေသတွေရဲ့ အခြေအနေအလိုက် ကွာခြားမှုတော့ ရှိမှာပါ ” ဟု ပြောသည်။
စစ်ကိုင်းတိုင်းမှ မုံရွာမြို့၊ ဧရာဝတီတိုင်းမှ ပုသိမ်မြို့နှင့် မွန်ပြည်နယ်မှ မော်လမြိုင်မြို့တို့တွင် တန်ဖိုးမျှတ အိမ်ရာများတည်ဆောက်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ဆွေးနွေးလျက်ရှိပြီး တန်ဖိုးမျှတအိမ်ရာများ ကို တိုင်းအစိုးရအဖွဲ့များက ဦးစီးဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဒေါ်အေးအေးမြင့်က မဇ္ဈိမကိုပြော သည်။
ဒေါ်အေးအေးမြင့် က “ တန်ဖိုးမျှတ အိမ်ရာတွေကိုရောင်းချရမှာ မြေကအစိုးရပိုင်ဖြစ်တဲ့အတွက် ထည့်မ တွက်ထားပါဘူး။ တန်ဖိုးကို အတတ်နိုင်ဆုံးလျှော့ချပေးထားတယ်။ ဌာနအနေနဲ့ Under Standard တွေ ဆောက်လို့မရဘူး။Standard နဲ့ Safety ဖြစ်တဲ့ အိမ်ရာတွေဖြစ်ဖို့ တည်ဆောက်ရတဲ့အတွက် ဆောက် လုပ်ရေး ကုန်ကျစရိတ်တွေ၊ ရေ၊ လမ်း၊ မီးတို့ ပြီးပြည့်စုံအောင် ဆောင်ရွက်ရတဲ့အတွက် Cost တွေက တော့ တက်လာတာရှိမယ် ” ဟု ပြောသည်။
ရန်ကုန်တိုင်းတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးမျှတအိမ်ရာစီမံကိန်းများဖြစ်သည့် ရွှေလင် ပန်းအိမ်ရာ၊ကျန် စစ်သားအိမ်ရာ၊ ဧရာဝဏ်အိမ်ရာ၊ ရတနာအိမ်ရာတို့ကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးစီးတည်ဆောက်သည့် ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ အခန်းများသည် အနည်းဆုံးကျပ်သိန်း ၂၀၀ ၀န်းကျင် ရှိပြီး တန်ဖိုးမျှတသည့်ဈေးနှုန်းမဟုတ်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက ဝေဖန် ပြောဆိုထားသည်။
မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (၂၀၁၂ - ၁၆) အစီအစဉ်အရ နှစ်အလိုက် မြို့ကြီး ၅၆ မြို့ကို ဖွံ့ဖြိုးရေး စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိပြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွင် ဆောင်ရွက်ရမည့် အိမ်ရာစီမံချက် (Housing Schemes) အရ တန်ဖိုးနည်းအိမ်ရာများ(Low Cost Housing) တည်ဆောက်မည့်စီမံချက်များ ပါဝင်သည်။

Mizzima

No comments:

Post a Comment