Wednesday, May 28, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုကို သတိပေးရန် ရွေးကောက်ပွဲကော်မရှင် လုပ်ပိုင်ခွင့်မရှိဟု NLD တုံ့ပြန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောမှုများကို သတိပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် လုပ်ပိုင်ခွင့် NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က တုံ့ပြန်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်သည့် ဟောပြောမှုများကို သတိထားရန် အသိပေးစာ တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ကာယကံရှင် မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြားဝင်ပြီး ပြောလို့မရဘူး။ သူကလုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်” ဟု ဦးထွန်းထွန်းဟိန်က ဆိုသည်။

ယင်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လုပ်ပိုင်ခွင့်ကို ကျော်လွန် နေသောကြောင့် ပြန်လည် တုံ့ပြန်ရန် မေလ ၃၁ ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း NLD ပါတီမှသိရသည်။

အဆိုပါ အကြောင်းကြားစာ ပေးပို့ထားခြင်းသည် အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးအပ် ထားသော အခွင့်အာဏာအရ ပါတီများကို ထိန်းကျောင်းခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

“ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ဥပဒေနဲ့အညီ ပါတီတွေကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းတို့ကို လုပ်ပေးဖို့ တာဝန်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် အခြေခံဥပဒေကို လေးစားရန် ပြဋ္ဌာန်း ထားပြီး ဖောက်ဖျက်သည်ဟု တွေ့ရှိပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ များကို ညွှန်ကြားချက် ထုတ်ပြန် အသိပေးနိုင်သည့်အပြင် ညွှန်ကြားချက်ကို မလိုက်နာပါက သက်ဆိုင်ရာပါတီကို သုံးနှစ်ဆိုင်းငံ့ ထားခြင်းနှင့် ပါတီမှတ်ပုံတင် ပယ်ဖျက်ခြင်းတို့ဖြင့် အရေး ယူနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် အာဏာနှင့် အထူးအခွင့်အရေးကို မက်မောခြင်းကြောင့် နိုင်ငံရေး လုပ်ခြင်း မဟုတ်ကြောင်း သက်သေပြရန် စိန်ခေါ်ကြောင်း မေလ ၁၈ ရက်နေ့ မန္တလေးမြို့ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောဆိုချက်သည် အခြေခံဥပဒေက ခွင့်ပြုထားသော ဘောင်ကို ကျော် လွန်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီသို့ အသိပေး ညွှန်ကြားချက် တစ်စောင် ပေးပို့ခဲ့သည်။

ယင်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေး ညွှန်ကြားချက်များ ထုတ်ပြန်သော်လည်း မူလ သတ်မှတ်ထားသည့်အတိုင်း မြန်မာနိုင်ငံ မြို့ကြီး ၁၇ မြို့တွင် လူထုဟောပြောပွဲ များကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အခြေခံဥပဒေ၏ ပြင်ဆင်ခြင်းအခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်များ ပူးတွဲလူထု ဟောပြောပွဲများကို မေလ တတိယပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့ တို့တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ မေ ၂၇

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုများကို သတိပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် လုပ်ပိုင်ခွင့် NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က တုံ့ပြန်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်သည့် ဟောပြောမှုများကို သတိထားရန် အသိပေးစာ တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ကာယကံရှင် မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြားဝင်ပြီး ပြောလို့မရဘူး။ သူကလုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်” ဟု ဦးထွန်းထွန်းဟိန်က ဆိုသည်။

ယင်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လုပ်ပိုင်ခွင့်ကို ကျော်လွန် နေသောကြောင့် ပြန်လည် တုံ့ပြန်ရန် မေလ ၃၁ ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း NLD ပါတီမှသိရသည်။

အဆိုပါ အကြောင်းကြားစာ ပေးပို့ထားခြင်းသည် အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင် သို့ ပေးအပ် ထားသော အခွင့်အာဏာအရ ပါတီများကို ထိန်းကျောင်းခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

“ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ဥပဒေနဲ့အညီ ပါတီတွေကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းတို့ကို လုပ်ပေးဖို့ တာဝန်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် အခြေခံဥပဒေကို လေးစားရန် ပြဋ္ဌာန်း ထားပြီး ဖောက်ဖျက်သည်ဟု တွေ့ရှိပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ များကို ညွှန်ကြားချက် ထုတ်ပြန် အသိပေးနိုင်သည့်အပြင် ညွှန်ကြားချက်ကို မလိုက်နာပါက သက်ဆိုင်ရာပါတီကို သုံးနှစ်ဆိုင်းငံ့ ထားခြင်းနှင့် ပါတီမှတ်ပုံတင် ပယ်ဖျက်ခြင်းတို့ဖြင့် အရေးယူနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် အာဏာနှင့် အထူးအခွင့်အရေးကို မက်မောခြင်းကြောင့် နိုင်ငံရေး လုပ်ခြင်း မဟုတ်ကြောင်း သက်သေပြရန် စိန်ခေါ်ကြောင်း မေလ ၁၈ ရက်နေ့ မန္တလေးမြို့ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ ပြောဆိုချက်သည် အခြေခံဥပဒေက ခွင့်ပြု ထားသော ဘောင်ကို ကျော် လွန်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီသို့ အသိပေး ညွှန်ကြားချက် တစ်စောင် ပေးပို့ခဲ့သည်။

ယင်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေး ညွှန်ကြားချက်များ ထုတ်ပြန်သော်လည်း မူလ သတ်မှတ်ထားသည့်အတိုင်း မြန်မာနိုင်ငံ မြို့ကြီး ၁၇ မြို့တွင် လူထုဟောပြောပွဲ များကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အခြေခံဥပဒေ၏ ပြင်ဆင်ခြင်းအခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်များ ပူးတွဲလူထု ဟောပြောပွဲများကို မေလ တတိယပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့ တို့တွင် ပြုလုပ်ခဲ့သည်။

No comments:

Post a Comment