Wednesday, May 28, 2014

မိဘသဘောမတူသောသူနှင့်ခိုးယူပေါင်းသင်းသည့် ပါကစ္စတန်မိန်း ကလေးတစ်ဦးအား တရားရုံးအပြင်ဘက်တွင်မိသားစုတွေ ကခဲနှင့်ပေါက်သတ်


 
 
 
 
 
 
 
 
 
 
ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့က တရားရုံးချုပ်အပြင်ဘက်မှာ အမျိုးသမီး တစ်ဦးကို သူ့မိသားစုဝင်တွေက ခဲတွေနဲ့ ပစ်ပေါက်ပြီး အသေသတ် ပစ်ခဲ့ကြ ပါတယ်။

အဲဒီ အမျိုးသမီးဟာ သူ့ မိသားစုဝင်တွေ သဘောမတူတဲ့ သူနဲ့ လက်ထပ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။
ဖါဇာနာပါဗင်းဆိုသူ အမျိုးသမီးကိုမိသားစုဝင် (၂၀)ဦးခန့်ကလားဟိုးရ်မြို့ တရားရုံးချုပ်အပြင်ဘက်မှာခဲနဲ့ပေါက် သတ် လိုက်တဲ့ဖြစ်ရပ်ပါ။ သူမိသားစုဝင်တွေကတော့ အသက်(၂၅)နှစ်ရှိတဲ့
မိုဟာမက်အာဘဲဆိုသူနှင့်လက်ထပ်စေချင်ခဲ့တယ်လို့ဆိုပါတယ်။

သူမကိုသူမအမျိုးသားထံမှခွဲဖို့အတွက်ဆွဲယူခဲ့ရာမှတော့သမကခုခံခဲ့တယ်လို့ဆိုပါတယ်။
ထိုသို့ပြုမူမှုကိုထိုမိန်းကလေးအဖေဖြစ်သူနဲ့အကိုဖြစ်သူကအပြင်သို့ထွက်လာကာဆွေမျိုး
များနှင့်အတူအုပ်ခဲတွေနဲ့ပတ်ပေါက်သတ်လိုက်တယ်လို့ဆိုပါတယ်။

ထိုကဲ့သို့သတ်ဖြတ်ခြင်းကိုမွတ်ဆလင်ဘာသာဝင်ပါကစ္စတန်လူမျိုးအများစုကတော့
" ဂုဏ်သရေရှိတဲ့သတ်ဖြတ်ခြင်း " ခြင်းလို့ခေါ်ဆိုနေကြပါတယ်။ ပါကင်စတန်နိုင်ငံမှာရှိတဲ့လူအခွင့်အရေးကောင်မရှင် ကတော့ လွန်ခဲ့တ့(၂၀၁၃) ခုနစ်မှာထိုကဲ့သို့ ဂုဏ်သရေရှိတဲ့သတ်
ဖြတ်ခြင်းမျိုးခံရတဲ့အမျိုးသမီးဦးရေစုစုပေါင်း (၈၆၉)ဦးရှိခဲ့တယ်လို့မှတ်တမ်းတင်ထားခဲ့ပါတယ်။

သားငယ် ဘာသာပြန်ဆိုသည်။




No comments:

Post a Comment