Saturday, May 24, 2014

ကားစက်နိုးခြင်း မီးဖွင့်ပိတ်ခြင်း၊ဘယ်ညာ အချက်ပြခြင်းနှင့် ကားတံခါး ဖွင့်ပိတ်ခြင်းများကို လက်ရိပ် ပြရုံဖြင့် လုပ်နိုင်မည်

Photo: ကားစက်နိုးခြင်း မီးဖွင့်ပိတ်ခြင်း၊ဘယ်ညာ အချက်ပြခြင်းနှင့် ကားတံခါး ဖွင့်ပိတ်ခြင်းများကို လက်ရိပ် ပြရုံဖြင့် လုပ်နိုင်မည်
Saturday, May 24, 2014

တစ်ချိန်ကသိပ္ပံရုပ် ရှင်ဇာတ်ကားများတွင် တွေ့ရှိရသော အာကာသ ခေတ် ကားမျိုးကို ယခုအခါ ကား ထုတ်လုပ်သူများ ထုတ်လုပ် လာနိုင်ကြောင်း သိရသည်။

လူတို့၏ ခွန်အားစိုက် ထုတ်မှု မပြုဘဲ လက်ရိပ် ကလေးပြရုံမျှဖြင့် တစ်စီးလုံးကို ထိန်းချုပ်နိုင်သော ကားမျိုးကို ပွဲထုတ်ပြ သလိုက်သည်။ ကား ထုတ်လုပ်သူများက ယာဉ်မောင်း သူများ၏ လက်များမှာ အာရုံခံ ကိရိယာ Sensor panels အနား ရောက်သွားသည်နှင့် ထိန်းချုပ်မှု ပြု၍ ယာဉ်မောင်းနိုင်သော စနစ်မျိုးကို တီထွင်ရန် ကြိုးပမ်း လုပ်ဆောင်နေသည်။ နယူးယောက် ကားပြပွဲတွင် Land Rover ကားကုမ္ပဏီမှ အဆိုပါ ကားမျိုးကို ထုတ်ပြ သွားခဲ့သည်။

မီးဖွင့်ပိတ်ခြင်း၊ ကားသွားရန် ဘယ်သို့ မဟုတ် ညာသို့ အချက်ပြခြင်းနှင့် ကားတံခါး ဖွင့်ခြင်း၊ ပြတင်းပေါက်များ ပိတ်ခြင်းတို့ကို လက်ရိပ် ပြရုံမျှဖြင့် လုပ်နိုင်ပြီဖြစ် ၍ကားတံခါး လက်ကိုင်များကို တပ်စရာ မလိုတော့ပေ။ ထို့အတူ ကားသော့ကိုလည်း သော့ပေါက် အတွင်း ထိုးထည့်၍ လှည့်ဖွင့်နေ စရာလည်း မလိုတော့ချေ။ ကားနှင့် ပတ်သက်၍ နည်းပညာက တော်လှန် ပြောင်းလဲ လိုက်ခြင်းဖြစ်သည်။ သို့သော် တစ်ခုတော့ စိုးရိမ်ရသည်။ ကားသူခိုးက ကား ကွန်ပျူတာမှ နေ၍ လုံခြုံရေး စနစ်ကို Hacking လုပ် ကာကားကို ခိုးယူ မောင်းနှင် သွားမှာကိုသာ စိုးရပါသည်။

နယူးယောက် ကားပြပွဲတွင် Land Rover ကုမ္ပဏီကို မည်သည့် ကုမ္ပဏီကမှ အမီ မလိုက်နိုင်ခဲ့ပါ။ သူ့ကား ကတံခါး လက်ကိုင် တွေမပါ။ အချက်ပြ တာတွေကိုလည်း လက်ရိပ် ပြတာနှင့် လုပ်နိုင်သည်။ အတော့်ကို ထူဆန်းနေသည်။ Mercedes Slကားကလည်း နောက်မြီးကို ဖွင့်လိုလျှင် နောက်ဘန်ပါ အောက်နားကိုေ ခြထောက်ထည့်၍ လှုပ်မှ အလိုအလျောက် ဖွင့်နိုင်၏။ ဤ နည်းပညာသည် ယာဉ်မောင်း၏ လှုပ်ရှားမှုကို ကင်မရာများ အသုံးပြု၍ ဖမ်းယူသည့် Software အသုံးပြုထားပြီး ကား ကွန်ပျူတာသို့ ပို့သည့် စနစ်ဖြစ်သည်။

Juguar Land Rover ကုမ္ပဏီမှ သုတေသနနှင့် နည်းပညာ ညွှန်ကြားရေးမှူး r.Wolfgangpple u Sunday Times ကို ပြောပြရာ၌ုံ လုံခြုံရေးကြောင့် အချို့လုပ်ဆောင် ချက်များကို သော့ချက် ခလုတ်တွေ သုံးထားရသည်။တော်တော်များများကိုတော့ လက်ရိပ် ပြရုံဖြင့် လုပ်နိုင်သည်ဟု ဆိုသည်။''

အချို့နေရာမှာလည်း လက်ရိပ် ပြစနစ် မသုံးဘဲ ခလုတ် နှိပ်ရတာတို့၊ ခလုတ် လှည့်ပေးရတာတို့ လုပ်ထား ရသေးတယ်''ဟု ပြောပြသည်။ Ford ကုမ္ပဏီကတော့ ပြတင်းပေါက် မှန်အတင် အချလောက်ပဲ လက်ရိပ်ပြ စနစ် သုံးထားသည်။ ယခင်က Mercedes ကုမ္ပဏီတွင် လုပ်ခဲ့သော Glasgow UniversityမှပါမောRoderick Murray Smithကသူ့ကို အသုံးပြုမည် ဆိုပါက ကားကို သေချာစွာ စစ်ဆေး ထားဖို့တော့ လိုပါတယ်ဟု သတိပေး ထားသည်။ သင့် လက်ကို အနားမှ ဖြတ်မောင်းသွားသည့် အဆိုပါ ကားမျိုးကို လက်ဝှေ့ ယမ်းပြလိုက်လျှင် တေးဂီတသံဖြင့် ချက်ချင်း တုံ့ပြန့်ပါလိမ့်မည်။

သပ္ပံဟန်
မြ၀တီ
တစ်ချိန်ကသိပ္ပံရုပ် ရှင်ဇာတ်ကားများတွင် တွေ့ရှိရသော အာကာသ ခေတ်ကားမျိုးကို ယခုအခါ ကား ထုတ် လုပ် သူများ ထုတ်လုပ် လာနိုင်ကြောင်း သိရသည်။
လူတို့၏ ခွန်အားစိုက်ထုတ်မှု မပြုဘဲ လက်ရိပ်ကလေးပြရုံမျှဖြင့် တစ်စီးလုံးကို ထိန်းချုပ်နိုင်သော ကားမျိုးကို ပွဲထုတ်ပြ သလိုက်သည်။ ကားထုတ်လုပ်သူများက ယာဉ်မောင်းသူများ၏ လက်များမှာ အာရုံခံကိရိယာ Sensor panels အနား ရောက်သွားသည်နှင့် ထိန်းချုပ်မှု ပြု၍ ယာဉ်မောင်းနိုင်သော စနစ်မျိုးကို တီထွင်ရန် ကြိုးပမ်း လုပ်ဆောင်နေသည်။ နယူးယောက် ကားပြပွဲတွင် Land Rover ကားကုမ္ပဏီမှ အဆိုပါ ကားမျိုးကို ထုတ်ပြ သွားခဲ့သည်။

မီးဖွင့်ပိတ်ခြင်း၊ ကားသွားရန် ဘယ်သို့ မဟုတ် ညာသို့ အချက်ပြခြင်းနှင့် ကားတံခါး ဖွင့်ခြင်း၊ ပြတင်းပေါက် များ ပိတ်ခြင်းတို့ကို လက်ရိပ် ပြရုံမျှဖြင့် လုပ်နိုင်ပြီဖြစ်၍ ကားတံခါးလက်ကိုင်များကို တပ်စရာ မလိုတော့ပေ။ ထို့အတူ ကားသော့ကိုလည်း သော့ပေါက်အတွင်း ထိုးထည့်၍ လှည့်ဖွင့်နေ စရာလည်း မလိုတော့ချေ။ ကားနှင့် ပတ်သက်၍ နည်းပညာက တော်လှန် ပြောင်းလဲ လိုက်ခြင်းဖြစ်သည်။ သို့သော် တစ်ခုတော့ စိုးရိမ်ရသည်။ ကားသူခိုးက ကားကွန်ပျူတာမှ နေ၍ လုံခြုံရေးစနစ်ကို Hacking လုပ်ကာ ကားကို ခိုးယူ မောင်းနှင် သွားမှာကိုသာ စိုးရပါသည်။

နယူးယောက် ကားပြပွဲတွင် Land Rover ကုမ္ပဏီကို မည်သည့် ကုမ္ပဏီကမှ အမီ မလိုက်နိုင်ခဲ့ပါ။ သူ့ကား ကတံခါး လက်ကိုင် တွေမပါ။ အချက်ပြတာတွေကိုလည်း လက်ရိပ် ပြတာနှင့် လုပ်နိုင်သည်။ အတော့်ကို ထူဆန်းနေသည်။ Mercedes Slကားကလည်း နောက်မြီးကို ဖွင့်လိုလျှင် နောက်ဘန်ပါ အောက် နားကိုေ ခြထောက်ထည့်၍ လှုပ်မှ အလိုအလျောက် ဖွင့်နိုင်၏။ ဤ နည်းပညာသည် ယာဉ်မောင်း၏ လှုပ်ရှား မှုကို ကင်မရာများ အသုံးပြု၍ ဖမ်းယူသည့် Software အသုံးပြုထားပြီး ကား ကွန်ပျူတာသို့ ပို့သည့် စနစ်ဖြစ်သည်။

Juguar Land Rover ကုမ္ပဏီမှ သုတေသနနှင့် နည်းပညာ ညွှန်ကြားရေးမှူး r.Wolfgangpple u Sunday Times ကို ပြောပြရာ၌ုံ လုံခြုံရေးကြောင့် အချို့လုပ်ဆောင် ချက်များကို သော့ချက် ခလုတ်တွေ သုံးထားရသည်။တော်တော်များများကိုတော့ လက်ရိပ် ပြရုံဖြင့် လုပ်နိုင်သည်ဟု ဆိုသည်။''

အချို့နေရာမှာလည်း လက်ရိပ် ပြစနစ် မသုံးဘဲ ခလုတ် နှိပ်ရတာတို့၊ ခလုတ် လှည့်ပေးရတာတို့ လုပ်ထား ရသေးတယ်''ဟု ပြောပြသည်။ Ford ကုမ္ပဏီကတော့ ပြတင်းပေါက် မှန်အတင် အချလောက်ပဲ လက်ရိပ်ပြ စနစ် သုံးထားသည်။ ယခင်က Mercedes ကုမ္ပဏီတွင် လုပ်ခဲ့သော Glasgow Universityမှ ပါမော Roderick Murray Smithကသူ့ကို အသုံးပြုမည် ဆိုပါက ကားကို သေချာစွာစစ်ဆေးထားဖို့တော့ လိုပါ တယ်ဟု သတိပေး ထားသည်။ သင့်လက်ကို အနားမှ ဖြတ်မောင်းသွားသည့် အဆိုပါ ကားမျိုးကို လက်ဝှေ့ ယမ်းပြလိုက်လျှင် တေးဂီတသံဖြင့် ချက်ချင်း တုံ့ပြန့်ပါလိမ့်မည်။

သပ္ပံဟန်
မြ၀တီ

No comments:

Post a Comment