Saturday, May 24, 2014

အလေးအနက်ထားပါ ကျမ်းသစ္စာ

Photo: အလေးအနက်ထားပါ ကျမ်းသစ္စာ
Saturday, May 24, 2014
 
ကျောက်ပန်းတောင်း မှာ မေလ ၂၀ ရက်နေ့က ကာချုပ် ဦးမင်းအောင်လှိုင် ပြောသွားတယ်ဆိုတဲ့ မိန့်ခွန်းတစ်ခုကို Facebook ပေါ်မှာ ဖတ်လိုက်ရတာ ကြောင့် စဉ်းစားမိတာလေးတွေကို ချရေးလိုက်ပါတယ်။ ကာချုပ်ပြောသွားတဲ့ အထဲမှာ မှတ်မှတ်ရရ ဖြစ်သွားတဲ့ အကြောင်းအရာကတော့ “တပ်မတော် သားများဟာ အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်ရမှု များစွာဖြင့် တာဝန် ထမ်းဆောင် ရမည်ကို သိရှိသော်လည်း မိမိသဘောဆန္ဒ အလျောက် တပ်မတော်သို့ ဝင်ရောက်သူများ ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင် ဝင်ရောက် စဉ်ကပင် နိုင်ငံတော် အတွက် အသက်ခန္ဓာ စွန့်လွှတ်ရန် အလံကိုင်ကျမ်းကျိန်သစ္စာဆိုရ သကဲ့သို့ နေ့စဉ်သစ္စာ အဓိဋ္ဌာန် လေးချက်ကို ရွတ်ဆိုနေသူများဖြစ်၍ ယင်းသို့ ကျမ်းသစ္စာ ကျိန်ဆို တာဝန်ထမ်းဆောင် နေသူများသည် ဥပဒေအား လေးစား လိုက်နာသူ၊ စည်းကမ်း ကောင်းမွန်သူများ ဖြစ်ရန် လိုကြောင်း” ပြောဆိုခဲ့တဲ့ တာဖြစ်ပါတယ်။
 
စစ်သားတွေက တိုင်းပြည်အတွက် အသက်ခန္ဓာစွန့်လွှတ်ပါမယ်ဆိုပြီး နိုင်ငံတော်အလံကို ကိုင်ကာ ကျမ်းကျိန်ဝင်လာတဲ့အပြင် နေ့တိုင်းလည်း ကျမ်းသစ္စာကျိန်ဆိုနေရတာကြောင့် ဥပဒေကို လေးစားလိုက်နာဖို့နဲ့ စည်းကမ်းကောင်းဖို့ ပိုပြီးလိုအပ်တယ်လို့ ကာချုပ်က ပြောသွားတာပါ။ စစ်သားတွေအပြင် တခြားဝန်ထမ်းတွေရော ကျမ်းကျိန်ရတာရှိလားဆိုပြီး ကျွန်တော် လေ့လာကြည့်တော့ လုံခြုံရေးဝန်ထမ်း ရဲတွေ၊ တရားစီရင်ရေး မဏ္ဍိုင်က တရားသူသကြီးတွေနဲ့ ရှေ့နေတွေ၊ ဥပဒေပြုမဏ္ဍိုင်က လွှတ်တော် အမတ်တွေ လည်း ကျမ်းသစ္စာကျိန်ဆိုရတယ်လို့ သိရပါတယ်။ ဒါပေမယ့် တရားသူကြီးနဲ့ ရှေ့နေတွေက တရားစီရင် အမှုစစ်ချိန်မှသာ ကျိန်ဆိုရပြီး လွှတ်တော် အမတ်တွေကတော့ ၅ နှစ်မှာ တစ်ကြိမ်ပဲ ကျိန်ဆိုရတယ်လို့ သိရပါတယ်။ စစ်သားတွေလိုမျိုး နေ့တိုင်း သစ္စာဆိုရတာမျိုး မရှိသလို သက်ဆိုင်ရာ အကြီးအကဲတွေကလည်း သစ္စာဆိုထားတာကြောင့် ဥပဒေလေးစားလိုက်နာဖို့နဲ့ စည်းကမ်းကောင်းဖို့ သတိပေးတာမျိုးကိုတော့ မတွေ့ရပါဘူး။
 
စဉ်းစားမိတာက စစ်တပ်မှာ ခေါင်းဆောင်ကစပြီး ကျမ်းသစ္စာကျိန်ဆိုတာကို  အလေးအနက်ထားပြီး ကိုယ်တိုင်က ဥပဒေနဲ့ စည်းကမ်းကို လေးစားလိုက်နာ နေပေမယ့် လွှတ်တော်အမတ်တွေက တစ်ခါ ကျမ်းကျိန်ပြီးတော့ မေ့သွား သလို ပါပဲ။ နောက်ပိုင်းမှာ ၎င်းတို့ကိုယ်တိုင်က လေးစားလိုက်နာတာမျိုး မရှိတော့တဲ့အပြင် ဥပဒေမဲ့လုပ်ရပ်တွေကို တဖက်လက်နဲ့ အားပေးနေတာ တွေ တွေ့လာရပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ကတော့ ပြောစရာမလိုအောင် နာမည်ပျက်နေပါတယ်။
 
အသက်နဲ့ ခန္ဓာစွန့်ဖို့ ကျမ်းကျိန်ထားတဲ့ စစ်သားတွေကတောင် ကျန်းသစ္စာကို ဖောက်ဖျက်ရမှာ မကြောက်တာကို တခြားသူတွေအနေနဲ့လည်း ကျိန်ဆို ထားတဲ့ အတိုင်း လေးစားလိုက်နာသင့်ပါတယ်။ ကျမ်းသစ္စာဆိုတယ်ဆိုတာ သာမန် စကားပြောတာမျိုးမဟုတ်ပဲ ကျမ်းစာရွက် (သို့မဟုတ်) ကျမ်းစာအုပ်ကို ကိုင်၍လည်းကောင်း၊ အလံကို ကိုင်၍လည်းကောင်း ကျိန်ဆိုခဲ့ရတာဖြစ်တာ ကြောင့် အလေးအနက်ထားသင့်တဲ့ အပြင် ကျမ်းစူးတယ်ဆိုတဲ့ စကားလည်း ရှိတာကြောင့် အခြား မဏ္ဍိုင်များအနေနဲ့ စစ်တပ်လိုမျိုး သစ္စာစကားကို အလေးထားပြီး ဥပဒေကို လေးစားလိုက်နာသင့်တယ်လို့ ယူဆမိပါတယ်။
 
(အညတရ စာရေးဆရာ တစ်ဦး)
Myanmar Female Soldiers
ကျောက်ပန်းတောင်း မှာ မေလ ၂၀ ရက်နေ့က ကာချုပ် ဦးမင်းအောင်လှိုင် ပြောသွားတယ်ဆိုတဲ့ မိန့်ခွန်း တစ်ခုကို Facebook ပေါ်မှာ ဖတ်လိုက်ရတာ ကြောင့် စဉ်းစားမိတာလေးတွေကို ချရေးလိုက်ပါတယ်။ ကာချုပ်ပြောသွားတဲ့ အထဲမှာ မှတ်မှတ်ရရ ဖြစ်သွားတဲ့ အကြောင်းအရာကတော့ “တပ်မတော် သားများဟာ အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်ရမှု များစွာဖြင့် တာဝန် ထမ်းဆောင် ရမည်ကို သိရှိသော်လည်း မိမိသဘော ဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်သူများ ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင်ဝင်ရောက်စဉ် ကပင် နိုင်ငံတော် အတွက် အသက်ခန္ဓာ စွန့်လွှတ်ရန် အလံကိုင်ကျမ်းကျိန်သစ္စာဆိုရ သကဲ့သို့ နေ့စဉ် သစ္စာ အဓိဋ္ဌာန် လေးချက်ကို ရွတ်ဆိုနေသူများဖြစ်၍ ယင်းသို့ ကျမ်းသစ္စာ ကျိန်ဆို တာဝန်ထမ်းဆောင် နေသူများ သည် ဥပဒေအား လေးစား လိုက်နာသူ၊ စည်းကမ်း ကောင်းမွန်သူများ ဖြစ်ရန် လိုကြောင်း” ပြောဆိုခဲ့တဲ့ တာဖြစ်ပါတယ်။
စစ်သားတွေက တိုင်းပြည်အတွက် အသက်ခန္ဓာစွန့်လွှတ်ပါမယ်ဆိုပြီး နိုင်ငံတော်အလံကို ကိုင်ကာ ကျမ်းကျိန်ဝင်လာတဲ့အပြင် နေ့တိုင်းလည်း ကျမ်းသစ္စာကျိန်ဆိုနေရတာကြောင့် ဥပဒေကို လေးစားလိုက်နာ ဖို့နဲ့ စည်းကမ်းကောင်းဖို့ ပိုပြီးလိုအပ်တယ်လို့ ကာချုပ်က ပြောသွားတာပါ။ စစ်သားတွေအပြင် တခြား ဝန်ထမ်းတွေရော ကျမ်းကျိန်ရတာရှိလားဆိုပြီး ကျွန်တော် လေ့လာကြည့်တော့ လုံခြုံရေးဝန်ထမ်း ရဲတွေ၊ တရားစီရင်ရေး မဏ္ဍိုင်က တရားသူသကြီးတွေနဲ့ ရှေ့နေတွေ၊ ဥပဒေပြုမဏ္ဍိုင်က လွှတ်တော် အမတ်တွေ လည်း ကျမ်းသစ္စာကျိန်ဆိုရတယ်လို့ သိရပါတယ်။ ဒါပေမယ့် တရားသူကြီးနဲ့ ရှေ့နေတွေက တရားစီရင် အမှုစစ်ချိန်မှသာ ကျိန်ဆိုရပြီး လွှတ်တော် အမတ်တွေကတော့ ၅ နှစ်မှာ တစ်ကြိမ်ပဲ ကျိန်ဆိုရတယ်လို့ သိရပါတယ်။ စစ်သားတွေလိုမျိုး နေ့တိုင်း သစ္စာဆိုရတာမျိုး မရှိသလို သက်ဆိုင်ရာ အကြီးအကဲတွေ ကလည်း သစ္စာဆိုထားတာကြောင့် ဥပဒေလေးစားလိုက်နာဖို့နဲ့ စည်းကမ်းကောင်းဖို့ သတိပေးတာမျိုး ကိုတော့ မတွေ့ရပါဘူး။

စဉ်းစားမိတာက စစ်တပ်မှာ ခေါင်းဆောင်ကစပြီး ကျမ်းသစ္စာကျိန်ဆိုတာကို  အလေးအနက်ထားပြီး ကိုယ်တိုင်က ဥပဒေနဲ့ စည်းကမ်းကို လေးစားလိုက်နာ နေပေမယ့် လွှတ်တော်အမတ်တွေက တစ်ခါ ကျမ်းကျိန်ပြီးတော့ မေ့သွား သလို ပါပဲ။ နောက်ပိုင်းမှာ ၎င်းတို့ကိုယ်တိုင်က လေးစားလိုက်နာတာမျိုး မရှိတော့တဲ့အပြင် ဥပဒေမဲ့လုပ်ရပ်တွေကို တဖက်လက်နဲ့ အားပေးနေတာ တွေ တွေ့လာရပါတယ်။ တရား စီရင်ရေး မဏ္ဍိုင်ကတော့ ပြောစရာမလိုအောင် နာမည်ပျက်နေပါတယ်။

အသက်နဲ့ ခန္ဓာစွန့်ဖို့ ကျမ်းကျိန်ထားတဲ့ စစ်သားတွေကတောင် ကျန်းသစ္စာကို ဖောက်ဖျက်ရမှာ မကြောက် တာကို တခြားသူတွေအနေနဲ့လည်း ကျိန်ဆို ထားတဲ့ အတိုင်း လေးစားလိုက်နာသင့်ပါတယ်။ ကျမ်းသစ္စာ ဆိုတယ်ဆိုတာ သာမန် စကားပြောတာမျိုးမဟုတ်ပဲ ကျမ်းစာရွက် (သို့မဟုတ်) ကျမ်းစာအုပ်ကို ကိုင်၍ လည်းကောင်း၊ အလံကို ကိုင်၍လည်းကောင်း ကျိန်ဆိုခဲ့ရတာဖြစ်တာ ကြောင့် အလေးအနက်ထားသင့်တဲ့ အပြင် ကျမ်းစူးတယ်ဆိုတဲ့ စကားလည်း ရှိတာကြောင့် အခြား မဏ္ဍိုင်များအနေနဲ့ စစ်တပ်လိုမျိုး သစ္စာစကား ကို အလေးထားပြီး ဥပဒေကို လေးစားလိုက်နာသင့်တယ်လို့ ယူဆမိပါတယ်။

(အညတရ စာရေးဆရာ တစ်ဦး)
Myanmar Female Soldiers

No comments:

Post a Comment