Friday, May 2, 2014

မသန်စွမ်းဝန်ထမ်း ခန့်အပ်ရန် မြန်မာ့ရှေ့ဆောင်ဘဏ် စီစဉ်နေ

မသန်စွမ်းတစ်ဦးကို ဝန်ထမ်းအဖြစ် စတင်ခန့်ထားရန် မြန်မာနိုင်ငံ မသန်စွမ်း သူများရှေ့ဆောင်အဖွဲ့ သို့ မြန်မာ့ရှေ့ဆောင်ဘဏ်က ဝန်ထမ်းတစ်ဦး တောင်းထားကြောင်း သိရသည်။
မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးကိုရှေးရှု၍ စမ်းသပ်ခန့်ထားခြင်းဖြစ်ပြီး လုပ် ငန်းခွင်အဆင်ပြေပါက မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိလာမည်ဖြစ်သောကြောင့် မိမိတို့ပေးပို့ မည့်ဝန်ထမ်းကိုအရည်အချင်းပြည့်ဝစေရန်စနစ်တကျသင်ကြား၍အရည်အချင်းပြည့်ဝသောသူကို စေလွှတ် မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့တည်ထောင်သူ စီမံကိန်းဒါရိုက်တာ ဦးနေလင်းစိုး က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။
''မတ်လနှောင်းပိုင်းလောက်က ကမ်းလှမ်းတာပါ။ အင်္ဂလိပ်စာတတ်ရမယ်၊ ကွန်ပျူတာ အခြေခံရှိပြီး အစီရင်ခံ စာရေးတာတို့ ရုံးလုပ်ငန်းအတွေ့အကြုံ နည်းနည်းပါးပါးရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်လေးတွေတော့ ရှိတာပေါ့။ လိုအပ်တာတွေကို သင်ကြားပေးပြီးမှ လွှတ်ရင် ဟိုဘက်အတွက် ပိုကောင်း တယ်။ လောလော ဆယ်မှာ တစ်ယောက်စခန့်မယ်။ အဆင်ပြေရင်ထပ်ခန့်ဖို့တော့ရှိပါတယ်''ဟု ဦးနေလင်းစိုးက ဆက်ပြော သည်။
မသန်စွမ်းသူများ အလုပ်အကိုင်ရရှိစေရန် နိပွန်ဖောင်ဒေးရှင်း၊ ဧဒင်အုပ်စု၊ မြန်မာ နိုင်ငံ ဆန်စပါးအသင်း ချုပ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူများ အလုပ်အကိုင် ရရှိရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ယခုကဲ့သို့ပြောသည်။''အခုကစပြီး ချိတ်ဆက်ကာ လုပ်နေတဲ့အနေအထားပါ။ ပညာရေးကိုစပြီး လုပ်ဖို့ ဆောင်ရွက်နေတယ်။ ပညာရေးအထောက်ကူပြု ပစ္စည်းတွေ၊ နောက် ပစ္စည်းတွေဝယ်ဖို့အတွက် လိုအပ်တဲ့ငွေကို အတိုးမယူဘဲထုတ်ချေးပေးတယ်။ တစ်ဖက်ကလဲ ဆန်စပါးအသင်း ဆန်စပါးအသင်းရဲ့ Leadership Program မှာထည့်ကာ သူတို့ရဲ့စကေးကိုကြည့်ပြီး ဘဏ်လုပ်ငန်းမှာ အသုံးဝင်လား၊ ဆန်စပါး အသင်းရဲ့လုပ်ငန်းတွေမှာ အသုံးဝင်လားအလုပ်သွင်း ပေးဖို့ ဆောင်ရွက်နေပါတယ်''ဟု ဦးချစ်ခိုင်က ပြော သည်။မသန်စွမ်းသူများ အလုပ်အကိုင်ရရှိစေရန် နိုင်ငံတကာတွင်အစိုးရက ထောက်ပံ့မှု များ ပြုလုပ်ပေး လျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် မသန်စွမ်းသူအလုပ်လက်မဲ့ အများ ဆုံးဖြစ်ကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment