Friday, May 2, 2014

မြေသယ်ယာဉ်ပေါ်၌ အိပ်ပျော်နေသည့် လူငယ်တစ်ဦး မြေကြီးပိသေဆုံး

မြောက်ဒဂုံမြို့နယ်၊ ကုန်းဘောင်အိမ်ယာအတွင်း၌ ရပ်ထားသောမြေသယ်ယာဉ်ပေါ်တွင် အိပ်ပျော်နေသူ လူငယ်တစ်ဦး မြေကြီးပိ၍ သေဆုံးခဲ့သောဖြစ်စဉ်တစ်ခု မေလ ၁ရက်၊ နံနက် ၉နာရီခွဲ အချိန်ကဖြစ်ပွား ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။မြေကြီးပိ၍ သေဆုံးသူမှာ အသက် (၁၆)နှစ်သာ ရှိသေးပြီး မြေကြီးချပေးစဉ် မြေညှိသောလုပ်ငန်းကို လုပ်ကိုင်သူဖြစ်သည်။ဖြစ်ပွားပုံ မှာ မြောက်ဒဂုံမြို့နယ်၊ စက်မှုဇုန်အတွင်း ကနောင်မင်းသားလမ်းဘေးရှိ General Enterprises Garment ကုမ္ပဏီဝင်းအတွင်းမှ ကိုဖြိုးမင်းလတ် မောင်းနှင်သော CAT-320 Backhoe နှင့် မြေကြီးများကိုယူကာဦး သန်းမြင့် မောင်းနှင်သော မြေသယ်ယာဉ်ပေါ်သို့ မြေကြီးများတင်ဆောင်စဉ် ယာဉ်ပေါ်၌ အိပ်ပျော်နေသော မောင်ဝင်းသူမှာ မြေကြီးပိ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းကဆိုသည်။ သေဆုံး သူအားယာဉ်မောင်းဦးသန်းမြင့်ကလိုက်လံရှာဖွေစဉ် မြေသယ်ယာဉ်ပေါ်ရှိ မြေကြီးပုံအကြားတွင် သေဆုံးသူ၏ ပုဆိုးစကို တွေ့ရှိသဖြင့် မြေကြီးပိသေဆုံးနေသည်ကို သိရှိခဲ့ခြင်းဖြစ်သည်။အဆိုပါအမှုနှင့် ပတ်သက်၍ Backhoe ယာဉ်မောင်းနှင့် မြေသယ်ယာဉ် ယာဉ်မောင်းတို့ကို ဒဂုံမြောက်ရဲစခန်းမှ(ပ) ၂၃၁/၁၄ ၊ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အရေးယူထားပြီး ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။
Mizzima - News in Burmese

No comments:

Post a Comment