Tuesday, May 27, 2014

အာဖဂန်နစ္စတန်မှာ အိုဘားမား ဘာတွေ ပြောခဲ့သလဲ

Photo: အာဖဂန်နစ္စတန်မှာ အိုဘားမား ဘာတွေ ပြောခဲ့သလဲ
Tuesday, May 27, 2014

အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားဟာ ရုတ်တရက်ပဲ အန္တရာယ်များတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို သွားပြီး စစ်မှုထမ်းနေတဲ့ သူတွေကိုတွေ့စဉ် ဘာတွေ ပြောခဲ့သလဲ ဆိုတာ အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ ဗွီဒီယို ဖိုင်ပါ။

၎ နာရီကြာ အာဖဂန် နစ္စတန်နိုင်ငံခရီးစဉ်အတွင်း Bagram လေတပ်စခန်းကို တနင်္ဂနွေနေ့က သွားရောက်ခဲ့တဲ့ အိုဘားမားဟာ မေလ ၂၆ ရက် တနင်္လာနေ့မှာ ကျရောက်တဲ့ Memorial Day အတွက် သွားရောကာ စစ်မှုထမ်းနေ သူတွေကို ဂုဏ်ပြုစကားပြောခဲ့တာပါ။
စစ်ပွဲတွေ အတွင်း တိုင်းပြည်အတွက် အသက်ပေးသွားကြသူ စစ်သား၊ စစ်သမီးတွေကို အောက်မေ့ဂုဏ်ပြုပွဲကို Memorial Day လို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

အမေရိကန်စစ်မှုထမ်းတွေနဲ့ တွေ့ဆုံစဉ် သမ္မတ အိုဘားမားက တပ်မှူးတွေနဲ့ စစ်သား၊ စစ်သမီးတွေကို အမေရိကန်ပြည်ထောင်စုကို ကယ်တင်နိုင်ခဲ့သူတွေအဖြစ် ချီးမွမ်းဂုဏ်ပြုပါတယ်။
“ခင်ဗျားတို့ဟာ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မယ့်ရန်သူတွေရဲ့ အန္တရာယ်တွေကနေ အကာကွယ်ပေး ခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်" လို့ အိုဘားမားက ပြောပါတယ်။
အာဖဂန်နစ္စတန် စစ်မြေပြင်ကနေ အမေရိကန်တပ်တွေကို အခု ၂၀၁၄ ခုနှစ်ကုန်မှာ အဆုံးသတ်မှာဖြစ်ပြီး အမေရိကန်စစ်သားတွေလည်း ဒီနယ်မြေကနေ ဆုတ်ခွာပေးကြရမှာဖြစ်တယ်လို့ ပြောပါတယ်။
အာဖဂန်မှာ ရှိတဲ့ အမေရိကန်စစ်မှုထမ်းတွေကြောင့် အယ်လ်ကိုင်ဒါးတွေလည်း ထွက်ပြေးနေကြရပြီး အာဖဂန် မှာ နိုင်ငံသားတွေက မဲပေးနိုင်တာကိုလည်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

အာဖဂန် ခေါင်းဆောင်တွေက လုံခြုံရေး အကြံဥာဏ်တွေ လိုအပ်လို့ တောင်းဆိုမယ်ဆိုရင်တော့ ၂၀၁၄ ခုနှစ် 
နှစ်ကုန်သွားပေမယ့်နောက်ပိုင်း တပ်ဖွဲ့ အနည်းငယ်လောက်တော့ ဆက်နေဖို့ ရှိကောင်း ရှိနိုင်တယ်လို့ လည်း သမ္မတ အိုဘားမားက ပြောပါတယ်။
သမ္မတ အိုဘားမားဟာ အာဖရန်နစ္စတန်ကို မကြေညာဘဲ ရုတ်တရက်လာလိုက်တာ မတိုင်ခင်မှာ တနေ့က လည်း ဝါရှင်တန်ဒီစီက လူတွေ အံ့သြသွားစေခဲ့ပါသေးတယ်။ မထင်မှတ်ပဲ အများသူငါကြားထဲ အိုဘားမားက လမ်းလျှောက်လာကာ နွေးနွေးထွေးထွေး နှုတ် ဆက်ပြော ဆိုမှုတွေကြောင့် တအံ့တသြဖြစ်ခဲ့ကြပါသေးတယ်။

အိမ့်သံစဉ် ~
ဧရာဝတီ Facebook / ဧရာဝတီ Twitter
အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားဟာ ရုတ်တရက်ပဲ အန္တရာယ်များတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို သွားပြီး စစ်မှုထမ်းနေတဲ့ သူတွေကိုတွေ့စဉ် ဘာတွေ ပြောခဲ့သလဲ ဆိုတာ အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ ဗွီဒီယို ဖိုင်ပါ။

၎ နာရီကြာ အာဖဂန် နစ္စတန်နိုင်ငံခရီးစဉ်အတွင်း Bagram လေတပ်စခန်းကို တနင်္ဂနွေနေ့က သွားရောက်ခဲ့တဲ့ အိုဘားမားဟာ မေလ ၂၆ ရက် တနင်္လာနေ့မှာ ကျရောက်တဲ့ Memorial Day အတွက် သွားရောကာ စစ်မှုထမ်းနေ သူတွေကို ဂုဏ်ပြုစကားပြောခဲ့တာပါ။
စစ်ပွဲတွေ အတွင်း တိုင်းပြည်အတွက် အသက်ပေးသွားကြသူ စစ်သား၊ စစ်သမီးတွေကို အောက်မေ့ ဂုဏ်ပြုပွဲကို Memorial Day လို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

အမေရိကန်စစ်မှုထမ်းတွေနဲ့ တွေ့ဆုံစဉ် သမ္မတ အိုဘားမားက တပ်မှူးတွေနဲ့ စစ်သား၊ စစ်သမီးတွေကို
အမေရိကန်ပြည်ထောင်စုကို ကယ်တင်နိုင်ခဲ့သူတွေအဖြစ် ချီးမွမ်းဂုဏ်ပြုပါတယ်။
“ခင်ဗျားတို့ဟာ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မယ့်ရန်သူတွေရဲ့ အန္တရာယ်တွေကနေ အကာကွယ်ပေး ခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်" လို့ အိုဘားမားက ပြောပါတယ်။
အာဖဂန်နစ္စတန် စစ်မြေပြင်ကနေ အမေရိကန်တပ်တွေကို အခု ၂၀၁၄ ခုနှစ်ကုန်မှာ အဆုံးသတ်မှာဖြစ်ပြီး အမေရိကန်စစ်သားတွေလည်း ဒီနယ်မြေကနေ ဆုတ်ခွာပေးကြရမှာဖြစ်တယ်လို့ ပြောပါတယ်။
အာဖဂန်မှာ ရှိတဲ့ အမေရိကန်စစ်မှုထမ်းတွေကြောင့် အယ်လ်ကိုင်ဒါးတွေလည်း ထွက်ပြေးနေကြရပြီး အာဖဂန် မှာ နိုင်ငံသားတွေက မဲပေးနိုင်တာကိုလည်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

အာဖဂန် ခေါင်းဆောင်တွေက လုံခြုံရေး အကြံဥာဏ်တွေ လိုအပ်လို့ တောင်းဆိုမယ်ဆိုရင်တော့ ၂၀၁၄ ခုနှစ်
နှစ်ကုန်သွားပေမယ့်နောက်ပိုင်း တပ်ဖွဲ့ အနည်းငယ်လောက်တော့ ဆက်နေဖို့ ရှိကောင်း ရှိနိုင်တယ်လို့ လည်း သမ္မတ အိုဘားမားက ပြောပါတယ်။
သမ္မတ အိုဘားမားဟာ အာဖရန်နစ္စတန်ကို မကြေညာဘဲ ရုတ်တရက်လာလိုက်တာ မတိုင်ခင်မှာ တနေ့က လည်း ဝါရှင်တန်ဒီစီက လူတွေ အံ့သြသွားစေခဲ့ပါသေးတယ်။ မထင်မှတ်ပဲ အများသူငါကြားထဲ အိုဘားမားက လမ်းလျှောက်လာကာ နွေးနွေးထွေးထွေး နှုတ် ဆက်ပြော ဆိုမှုတွေကြောင့် တအံ့တသြဖြစ်ခဲ့ကြပါသေးတယ်။

အိမ့်သံစဉ် ~
ဧရာဝတီ Facebook / ဧရာဝတီ Twitter

No comments:

Post a Comment