အလုပ်သမားပြဿနာများကို သက်ဆိုင်ရာခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ပေးသည့်အပေါ်
အချို့အ လုပ်ရှင်များမှာ လိုက်နာမှုမရှိ ကြောင်း အလုပ်သမားအခွင့်အရေးဆောင်ရွက်သူရှေ့နေဦးယဉ်အောင်က ပြော သည်။ အလုပ်ရှင်အလုပ်သမား ပြဿ
နာများပေါ်ပေါက်လာပါက အလုပ်သမားညွန်ကြားမှုဦးစီးဌာနမှ တာ ဝန်ရှိသူ တစ်ဦး၊
အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်သမားကိုယ်စားလှယ်တစ်ဦးတို့မှ
ခုံသမာဓိ အဖွဲ့ဖွဲ့၍ ဖြေရှင်းကာဆုံး ဖြတ်ပေးရကြောင်း၊ ထိုဆုံးဖြတ်ချက်များအပေါ် အလုပ်ရှင်အချို့မှလိုက်နာမှုမရှိ ကြကြောင်းယင်းကပြော သည်။''ခုံသမာဓိအဖွဲ့အနေနဲ့ အလုပ်သမားဥပဒေနဲ့အညီအခု ထက်ပို
ကြပ်မတ်ဖို့ လိုအပ်လာပြီ။ သူတို့ဆုံး ဖြတ်တာကိုမလိုက်နာရင် အလုပ်သမားတွေအတွက် ဘာမှထူးလာမှာ မဟုတ်ဘူး'' ဟုယင်းကပြောသည်။အလုပ်သမားအငြင်းပွားမှု ပြဿနာများဖြေရှင်းရေးအတွက်
ခုံသမာဓိကောင်စီအဖွဲ့ဝင် တစ်ဦး ဖြစ်သူဦးသန်းမောင်(စစ်တွေ)ကလည်း
လက်ရှိအလုပ်သမားအငြင်းပွားမှု ဆိုင်ရာ ဖြေရှင်းရေး ဥပဒေအရ ခုံသမာဓိရုံး၏
ဆုံးဖြတ်ချက်ကို မလိုက်နာလျှင် မည်သို့အရေးယူရမည်ဆို သည့်
ပုဒ်မပါရှိခြင်း မရှိသည့်အတွက် ယခုမှပြန်လည်ပြင်ဆင် နေဆဲဖြစ် ကြောင်း
ရန်ကုန်တိုင်းမ်နှင့် တွေ့ ဆုံစဉ်ပြောဆိုခဲ့ဖူး သည်။အလုပ်ရှင်များအနေဖြင့် ယ ခင်ထက် အလုပ်သမားများအပေါ် လုပ်ပိုင်ခွင့်များပိုမိုပေးလာပါကြောင်း၊ အချို့သောစက်ရုံအလုပ်ရုံများတွင် အလုပ်သမားလိုအပ်ချက်ကိုအခွင့် ကောင်းယူနေသူများလည်းရှိကြောင်း ရွှေပေါက္ကံစက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။''အလုပ်သမားနဲ့ အလုပ်ရှင် ကြား အဆင်မပြေတာတော့ တစ်ခါတလေရှိမှာပဲ။ ဒါပေမဲ့
ဒါကိုအခွင့် ကောင်းယူတဲ့လူ မျိုးတွေကိုလဲသတိ ထားသင့်တယ်''ဟုယင်း ကပြော သည်။
၂ဝ၁၄ခုနှစ်တွင် ယမန်နှစ်ထက် အလုပ်သမားဆန္ဒပြမှုများ သိသိသာသာလျော့ ကျလာခဲ့သော်လည်း အချို့ပြေလည်မှုရရှိပြီးသောအလုပ် ရုံများတွင် ပြဿနာများထပ်မံပေါ် ပေါက်လျက်ရှိနေသည်။
အနိမ့်ဆုံးလုပ်ခလစာဥပဒေ အပါအဝင် အလုပ်သမားဆိုင်ရာ အခွင့်အရေးများရရှိရန် မေ ၁ရက် (May Day)တွင် ဆူးလေစေတီတော် အနီးတွင် စက်ရုံအလုပ်ရုံ ၁ဝ ရုံခန့် မှ အလုပ်သမားများစုပေါင်းဆန္ဒပြ ကြမည်ဖြစ်သည်။
Yangon Media Group
၂ဝ၁၄ခုနှစ်တွင် ယမန်နှစ်ထက် အလုပ်သမားဆန္ဒပြမှုများ သိသိသာသာလျော့ ကျလာခဲ့သော်လည်း အချို့ပြေလည်မှုရရှိပြီးသောအလုပ်
အနိမ့်ဆုံးလုပ်ခလစာဥပဒေ အပါအဝင် အလုပ်သမားဆိုင်ရာ အခွင့်အရေးများရရှိရန် မေ ၁ရက် (May Day)တွင် ဆူးလေစေတီတော် အနီးတွင် စက်ရုံအလုပ်ရုံ ၁ဝ ရုံခန့် မှ အလုပ်သမားများစုပေါင်းဆန္ဒပြ ကြမည်ဖြစ်သည်။
Yangon Media Group
No comments:
Post a Comment