“မြန်မာနိုင်ငံက အဖွဲ့အစည်း တော်တော်များများမှာ လုပ်နေတဲ့ မြန်မာနိုင်ငံက ပညာတတ်တွေကိုယ်တိုင် ပြောသင့်ပြောထိုက်တာကို မပြောဘဲ နေသာသလို နေနေကြတဲ့သူတွေ အများကြီးရှိတယ်။ ငွေကြေးလှူဒါန်း ကြတဲ့ အဖွဲ့တွေက အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင် ပိုက်ဆံရတယ်ဆိုပြီး လုပ်ချင်သလို လုပ်နေကြ တယ်။ တချို့ INGO တွေက နာမည်ကောင်းလေးရချင်လို့ နိုင်ငံတကာ ပညာရှင်တွေကိုခေါ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက် ခိုင်းတယ်။ နိုင်ငံတကာပညာရှင်တွေက လာကူညီတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ပြတယ်။ အဲဒီလို လာရောက် ကူညီလုပ်ကိုင်တော့ သူတို့အတွက် အခွင့်ကောင်းတစ်ရပ်လို အစီရင်ခံစာရေးလို့ ကောင်းသွား တယ်။NGO နှင့် INGO အချို့တွင် စီမံခန့်ခွဲမှုစရိတ်ကို အကြောင်းပြုပြီး ငွေကြေးအလွဲသုံးစားမှုများ ရှိနေပါသည်။ ပြည်တွင်း NGO များအနေဖြင့် စာရင်းဇယားများကို တိကျစွာလုပ်ကိုင်နိုင်အောင် ဒီ NGO နှင့် INGO ပြည်တွင်း အဖွဲ့များ သော်လည်းကောင်း ပြည်ပ အဖွဲ့များသော်လည်းကောင်း သေချာစိစစ်ပြီးမှသာ လုပ်ကိုင်ကြဖို့ လိုအပ် ပါတယ်။ လုပ်ကိုင်ချင်တဲ့ NGO နှင့် INGO ဖွဲ့တွေကို ရှေ့ဆက်လုပ်မဲ့ လုပ်ငန်းအသေးစိတ်ကို တင်ပြဖို့ လိုအပ် ပါတယ်။ တင်ပြလာမှုအပေါ်တွင်လည်း အမှန်တကယ် လိုအပ်သည်များကိုသာ လုပ်ကိုင်ခွင့်ပြု ရန်လိုသလို တင်ပြလာတဲ့ လုပ်ငန်းစဉ်တွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ ကလည်း သေချာစစ်ဆေး ကြပ်မတ်ဖို့ လိုအပ်ပါတယ်။
“သူတို့ကို စစ်ဆေးမှုတွေပြုလုပ်မယ်ဆိုပြန်တေ
ထိုကဲ့သို့ Check List တစ်ခုတည်းအပေါ်ကို အားထားပြီး ဒေသအခြေအနေမှန်နှင့် ပတ်ဝန်းကျင်၏ အမှန် တကယ် လိုအပ်ခြင်းများကို ရှာဖွေနိုင်မှသာ ဒီ NGO နဲ့ INGO လူ့အခွင့်ထူးခံ လူတန်းစားတွေကို စစ်ဆေးမှုတွေ အရေးယူမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အဲဒီလိုလုပ်နေတဲ့ ပြည်တွင်းအဖွဲ့တွေရော၊ ပြည်ပအဖွဲ့တွေပါ ရှိနေတယ်။
ဒါတွေဟာ နိုင်ငံတော်အတွက် အကျိုးမဲ့ အရာမထင် မိမိတစ်ကိုယ်တည်း ကောင်းစားရေးကိုသာ ဦးစားပေးလုပ်ကိုင်နေကြ NGO နဲ့ INGO တွေဟာ ခွင့်ထူးခံလူတွေဖြစ်နေတယ်။ အခုဖြစ်နေတဲ့ အလွဲသုံးစားမှုတွေ၊ စီမံခန့်ခွဲမှုစရိတ် အများဆုံး သုံးနေ တာတွေက INGOတွေမှာ အများဆုံးဖြစ်နေသညကို မြင်တွေ့ကြားသိနေရပါသည်။
မောင်တင်အေး
credit : Online Update News
No comments:
Post a Comment