Friday, May 23, 2014

မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်၊ ၁၂ နာရီအလိုတွင် အနီရောင်အဆင့် သတိပေးမည်

Photo: မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်၊ ၁၂ နာရီအလိုတွင် အနီရောင်အဆင့် သတိပေးမည်
Friday, May 23, 2014 

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လိမ္မော်ရောင် အဆင့်ရှိ မုန်တိုင်းငယ်မှာ ရခိုင်ကမ်းရိုးတန်း ဒေသသို့ ဦးတည် ရွေ့လျားနေပြီး ကမ်းရိုးတန်းသို့ မဝင်ရောက်မီ ၁၂ နာရီခန့် အလိုတွင် အနီရောင်အဆင့် ထုတ်ပြန်၍ သတိပေးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကြေညာချက် ထုတ်ပြန်သည်။
“လက်ရှိမှာ ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေပေမယ့် မုန်တိုင်းလမ်းကြောင်း ဘယ်ကွေ့မလား ညာကွေ့မလား ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ မုန်တိုင်းငယ်သည် ဂွမြို့၏ အနောက် အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် ၁၆၀ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၂၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေကြောင်း ၎င်းက ပြောဆိုသည်။
မုန်တိုင်းငယ် အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
(LC/မေမီ)

The Voice Weekly
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လိမ္မော်ရောင် အဆင့်ရှိ မုန်တိုင်းငယ်မှာ ရခိုင်ကမ်းရိုးတန်း ဒေသသို့ ဦးတည် ရွေ့လျားနေပြီး ကမ်းရိုးတန်းသို့ မဝင်ရောက်မီ ၁၂ နာရီခန့် အလိုတွင် အနီရောင်အဆင့် ထုတ်ပြန်၍ သတိပေးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကြေညာချက် ထုတ်ပြန်သည်။
“လက်ရှိမှာ ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေပေမယ့် မုန်တိုင်းလမ်းကြောင်း ဘယ်ကွေ့မလား ညာကွေ့မလား ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ မုန်တိုင်းငယ်သည် ဂွမြို့၏ အနောက် အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် ၁၆၀ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၂၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေကြောင်း ၎င်းက ပြောဆိုသည်။
မုန်တိုင်းငယ် အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကာ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
(LC/မေမီ)

The Voice Weekly

No comments:

Post a Comment