Friday, May 23, 2014

ဆီမီး ဖိုင်နယ်သို့ တက်ရန် ကာဂျစ် စတန် အသင်း အား အနိုင် ကစား ရမည့် မြန်မာ အသင်းကို မြန်မာ ပရိသတ်များ ဆက်လက် အားပေး နေမည်

Photo: ဆီမီး ဖိုင်နယ်သို့ တက်ရန် ကာဂျစ် စတန် အသင်း အား အနိုင် ကစား ရမည့် မြန်မာ အသင်းကို မြန်မာ ပရိသတ်များ ဆက်လက် အားပေး နေမည်
Friday, May 23, 2014 

AFC Challenge Cup ပြိုင်ပွဲ၌ နှစ်ပွဲ ကစားပြီး ချိန်တွင် မြန်မာ့ လက်ရွေးစင် အသင်းသည် တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်ဖြင့် အုပ်စု တတိယ နေရာတွင် မော်လ်ဒိုက် အသင်းနှင့် ရမှတ်တူ ရပ်တည်နေသည်။ နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာနှင့် ကာဂျစ်စတန်၊ အိမ်ရှင် မော်လဒိုက်နှင့် ပါလက်စတိုင်း တို့ တစ်ပြိုင်နက်တည်း ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

အုပ်စု(က)ပွဲစဉ် ဒုတိယနေ့ပွဲစဉ်များအပြီးတွင် ပါလက်စတိုင်းအသင်းက နှစ်ပွဲနိုင် (၆)မှတ်၊ မြန်မာအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်(၃)မှတ်၊ အိမ်ရှင် မော်လဒိုက် အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်(၃)မှတ်တို့နှင့် ကာဂျစ်စတန် အသင်းက နှစ်ပွဲစလုံး ရှုံးကာ အမှတ်မရ သေးပေ။

မြန်မာ အသင်းသည် အုပ်စု ပထမ ဆုံးပွဲတွင် အိမ်ရှင် မော်လ်ဒိုက်ကို တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင် ကစားခဲ့ပြီး ၃ဂိုး-၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယ ပွဲစဉ်တွင် ကာဂျစ်စတန်ကို အနိုင်ရရှိ ခဲ့သည့် ပါလက်စတိုင်း အသင်းကို မထင်မှတ်ဘဲ ၂ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ ရသဖြင့် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် ကာဂျစ်စတန် အသင်းကို အနိုင် ရရန် လိုအပ်နေပြီး သွင်းဂိုးလည်း များမှသာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
အိမ်ရှင် မော်လ်ဒိုက် အသင်းသည် ကာဂျစ်စတန်နှင့် တွေ့ဆုံရာတွင် ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရ ထား၍ အုပ်စု နောက်ဆုံး ပွဲစဉ်တွင် ပါလက်စတိုင်း အသင်းနှင့် ကစား ရမည် ဖြစ်သည်။ အိမ်ရှင် မော်လ် ဒိုက်နှင့် မြန်မာအသင်း ကာဂျစ်စတန် အသင်းကို အနိုင်ရ ခဲ့ပါက ခြောက်မှတ်တူ အသင်းသုံးသင်း ဖြစ်လာမည် ဖြစ်သည်။ မြန်မာ အသင်းမှာ ကာဂျစ် စတန် အသင်းကို အနည်းဆုံး၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရန် လိုအပ်နေ သည်။
မြန်မာ အသင်းနှင့် ကာဂျစ်စတန် အသင်းတို့၏ ယှဉ်ပြိုင်မှုကို မေ ၂၃ရက်တွင် ကျင်းပ သွားမည်ဖြစ်ပြီး ၎င်းတို့၏ ယှဉ်ပြိုင် ကစားကြပုံ များကို For Sport ရုပ်သံလိုင်း အပြင် Skynet Sport 1 မှလည်း ည ၁၀နာရီခွဲတွင် တစ်ပြိုင်နက် တည်း တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ Web Portal အဖွဲ့သားများ

No comments:

Post a Comment