Thursday, May 29, 2014

ဒုတိယ ကမ္ဘာစစ်အတွင်းက မြုပ်နှံထားသည့် ဂျပန်တို့ ၏ ရွှေသိုက်အား ရွာသားများတူးဖေါ်တွေ့ ရှိ


ထိုင်းနိုင်ငံ ဖတ်ထလုံး မြို့နယ်အတွင်းမှာ ဓါတ်ဆီဆိုင်ဆောက်ရန် လယ်ကွင်းရှင်းရာမှ မြေကြီး အတွင်းက ရွှေပြားများတွေ့ ရှိခဲ့သဖြင့် ယခုအခါ တစ်ရွာလုံးက တူးဆွနေကြကြောင်း သိရသည်၊။
ရွှေပြားပေါ်မှာ ဂျပန်စားသားပါ နှစ်ကျပ်သားခန့် အလေးချိန်ရှိရွှေပြားတွေဟာ တူးတဲ့သူတိုင်း ရပြီး ရွှေဆိုင်ရှင် များကလဲ တူးသည့်နေရာမှာပင် လာရောက်ဝယ်နေကြ သည်ကို တွေ့ရ ပါတယ်။ တစ်ပြားကို ကျပ်(၇)သိန်းခန့် ရှိ ထိုင်းဘတ်ငွေ နှစ်သောင်းပေး၍ ၀ယ်ကြကြောင်း၊ တူးဖေါ်တွေ့တဲ့သူတွေမှာ တစ်ယောက်လျှင် ကျပ်သိန်း ၆၀ ကျော်ရနေပြီဖြစ်လို့  တစ်ရွာလုံးမှ ရွာသားတွေ ဘာအလုပ်မှမလုပ်တော့ဘဲ ထိုနေရာမြေကြီးကို လာရောက်တူးဆွနေကြပါတယ်၊
မြေပိုင်ရှင်ကလဲ တားလို့မရတာကြောင့် ရဲတွေခေါ်ရှင်းခိုင်းနေရတယ်လို့ ဆိုတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံဟာ စစ်တလင်းမဖြစ်ခဲ့ပေမယ် ဂျပန်တို့ရဲ့ စစ်လမ်းကြောင်းဖြစ်ခဲ့ပါတယ်။ စစ်ရှုံးတဲ့ ဂျပန်စစ်တပ်ဟာ မြန်မာပြည်က သိမ်းယူလာတဲ့ရွှေချောင်းနဲ့ အဖိုးတန်ရတနာပစ္စည်းတွေကို ဆက်မသယ်ဆောင်နိုင်တော့လို့  ခရီးလမ်းတလျှောက် မြုပ်နှံသွားခဲ့တာပါ။
ခုလို ရွာသားတွေ ရွှေသိုက်တွေ့သွားတာ ၀မ်းသာစရာပါဘဲ။ အားလုံးက သူ့ နေရာကိုယ့်နေရာ တူးနေကြတာ ရန်လည်းမဖြစ်ကြပါဘူး၊။

No comments:

Post a Comment