Wednesday, May 14, 2014

ညီအစ်ကို(၂)ဦးစကားများရန်ဖြစ်နေစဉ် ညီမဖြစ်သူမှ သစ်သားပိုင်း ဖြင့်ရိုက်နှက်ခဲ့၍ အစ်ကိုကြီးဖြစ်သူ သေဆုံး

၁၃.၅.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် သုံးခွမြို့နယ်နေဒေါ်စန်းဝင်မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားကြီးဖြစ်သူနေလင်းအောင်၊ (၃၈)နှစ်နှင့် သားငယ်ဖြစ်သူ စိုးမင်းအောင်၊ (၃၀)နှစ်တို့(၂) ဦးသည် နေအိမ်ရှေ့ခန်း၌ နေလင်းအောင်မှညီဖြစ်သူ စိုးမင်းအောင်အား ကွမ်းယာဝယ်ခိုင်းသည့်ကိစ္စဖြင့် တစ်ယောက်တစ်ခွန်းစကားများနေသဖြင့် ၎င်းမှ ၀င်ရောက်ဖြန်ဖြေပေးစဉ် သမီးဖြစ်သူ မအိအိထွန်းမှာ အရှည်(၂)ပေခန့်ရှိ(၃ x ၁၁/၂) လက်မသစ်သားပိုင်းတစ်ခုအား ကိုင်ဆောင်ကာနေအိမ်ရှေ့မှ တက်လာပြီး နေလင်းအောင်၏ ဦးခေါင်းအား (၂)ချက်ရိုက်ခဲ့သဖြင့် နေလင်းအောင်တွင်
ဦးခေါင်းနောက်စေ့ဝဲဘက်ပေါက်ပြဲဒဏ်ရာနှင့် ယာချိုစောင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ကြောင်းနှင့်ယင်းသို့ကျူးလွန်သူ မအိအိထွန်းအား အရေးယူပေးရန် တိုင်တန်းလာခဲ့ ကြောင်း သိရှိရပါသည်။
တိုင်တန်းချက်အရ သုံးခွမြို့မရဲစခန်း(ပ)၁၈၆/၂၀၁၄၊ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ မအိအိထွန်း၊ (၂၈)နှစ်၊ (ဘ)ဦးခင်မောင်ဝင်းအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

No comments:

Post a Comment