Wednesday, May 28, 2014

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအစည်းအဝေး တာချီလိတ်တွင် ဇွန်လကုန်၌ ပြုလုပ်မည်

ရန်ကုန်၊ မေ ၂၇- တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ အစည်း အဝေးအား ဇွန်လတတိယ ပတ်အတွင်း တာချီလိတ်မြို့တွင်ကျင်း ပနိုင်ရန် စီစဉ်နေကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်း က ပြောသည်။
''လုပ်ဖြစ်မယ်ဆိုရင်တော့ ဇွန် လတတိယပတ်လောက်မှာ လုပ်ဖြစ် မှာပါ''ဟု ဒေါက်တာဆလိုင်းလျန် မှုန်းက ပြောသည်။
ဇွန်လတတိယ ပတ်အတွင်း ကျင်းပမည်ဆိုသော်လည်း ကျင်းပ မည့်ရက်အား တိကျစွာပြောဆို၍မ ရနိုင်သေးကြောင်း၊ အစိုးရနှင့် တစ် နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးမူကြမ်း အား အပြီးသတ်ရေးဆွဲနိုင်ရန်အ တွက် ဇွန်လ အတွင်းတွင်ပင်ချိန်းဆို ထားသောကြောင့် အစိုး ရနှင့် ဆွေး နွေးပွဲ မတိုင်မီ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ယင်းကဆက်လက်ပြောဆိုသည်။
''အစိုးရနဲ့ ဆွေးနွေးပွဲမတိုင်ခင် တွေ့ဖို့တော့ ရည်ရွယ်ထားပါတယ်။ ရက်က အရမ်းကပ်လွန်းနေတော့သွား လာရ ခက်ခဲရင် အစည်းအဝေး မလုပ် ဖြစ်တော့ပဲ။ တစ်ဖွဲ့ချင်းစီရဲ့သဘော ထားကို စုပေါင်းရယူတာ မျိုးပဲလုပ်ဖြစ် သွားနိုင်ပါတယ်''ဟု ၎င်းကဆိုသည်။

မေလ၂၁ရက်နေ့မှ၂၃ရက်နေ့ အထိ ပြုလုပ်ခဲ့သည့်ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UWPC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအ ဖွဲ့ NCCT ၏တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ဒုတိယမူကြမ်းရေး ဆွဲအပြီးတွင် ယင်းမူကြမ်းအားတိုင်း ရင်းသား လက်နက် ကိုင်ခေါင်းဆောင် များထံသို့ NCCT ၏သဘောထား မှတ်ချက်များနှင့်အတူတင်ပြ၍ ရှေ့ ဆက်ဆောင်ရွက် ရမည့် မူပိုင်းဆိုင်ရာ ကိစ္စများအတွက် တိုင်းရင်းသားခေါင်း ဆောင်များ၏သဘောထားရ ယူသွား မည်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲအ ပြီးတွင် NCCT မှ တိုင်းရင်း သား ခေါင်းဆောင် များက ပြော သည်။
တိုင်းရင်းသားခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးများ ကျင်းပလိုပါကအကူအညီများ အစိုး ရမှပေးမည်ဟုပြောကြားထားသည်။

L A [--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment