Thursday, May 29, 2014

ငရဲမီးလောင်ခြင်း ဖြစ်ခဲ့ရင်

Photo: ငရဲမီးလောင်ခြင်း ဖြစ်ခဲ့ရင်
Thursday, May 29, 2014

ငရဲမီး (ဆာလ်ဖျူရစ်အက်စစ်) လောင်ရင် လောင်တဲ့နေရာ ကို ရေ များများ လောင်းပြီး ဆေးရမယ်။

ပြီးတဲ့နောက် ရေနွေး တစ်ခွက်ထဲသို့ အဝတ်လျှော် ဆိုဒါနဲ့ မုန့်ဖုတ်ဆော်ဒါ နှစ်ဇွန်းခန့်စီ ထည့်ပြီး ဖျော်ထားတဲ့ ရေနဲ့ ဆေးနိုင်တယ်။ အခြား အပူလောင်ခြင်းများကို ပြုစု ကာကွယ်တဲ့ နည်းများအတိုင်းလည်း ပြုစုနိုင်တယ်။ ဒါပေမဲ့ ငရဲမီး စိုနေတဲ့ အဝတ် အစားများကို ဖယ်ရှားရမယ်။

အဲဒီ အဝတ်များကနေ ပြုစုသူကို အပူမလောင်စေဖို့ သတိထားရမယ်။ အယ်ကာလီ (မဖောက်ထုံး) အပူ လောင်ပါက လောင်တဲ့ နေရာက ထုံးများ၊ ဘေ့စ်များ ခါချပါ။ ရေများများနဲ့ ဆေးကြောရမယ်။ အပူလောင်တဲ့ နေရာကို ရှလပတ်ရည် သို့မဟုတ် ရှောက်ရည် စသည်တို့ကို ရေနွေးနှင့် အတူဖျော်ထားတဲ့ အချဉ်ရည်နဲ့ လောင်းချရမယ်။ အခြားသော အပူလောင်ခြင်းများကို ပြုစုနည်းအတိုင်း ပြုစုရမယ်။ ပြုစုပေးသူ အနေနဲ့ လိုအပ်တဲ့ ကာကွယ်မှုများ ယူပြီး စိုနေတဲ့ အဝတ်များကို ဖယ်ရှားရမယ်။ မျက်စိများကို ဓာတုဗေဒ ဆေးရည်ကြောင့် အပူလောင်ပါက မျက်စိကို ရေသန့်ထဲမှာ ဖွင့်ချည်၊ ပိတ်ချည် လုပ်ရမယ်။ ရေများများနဲ့ မျက်စိပေါ် လောင်းချရမယ်။ တက်ထရာဆိုင်ကလင်း မျက်စဉ်းတောင့် ထည့်နိုင်တယ်။ ဂွမ်းစခံ၍ ပတ်တီး စည်းပြီး ဆေးရုံ၊ ဆေးခန်း သွားပြသင့် ပါတယ်။ ဓာတုဗေဒ အဆိပ်ငွေ့များနဲ့ အရည်များ တိုက်ရိုက် ထိခိုက်မှု ခံရပါက တတ်နိုင်သမျှ ယင်း စက်ကွင်းမှ အပြင်သို့ ရောက်အောင်၊ ဆေးရုံ၊ ဆေးခန်းသို့ ရောက်အောင် ရွှေ့ပြောင်း ပေးရမယ်။ လူကို သေစေတဲ့ ဓာတ်ငွေ့များ ရှိနိုင်သလို၊ လောင်ကျွမ်း စိမ့်ဝင် ဒုက္ခရောက်စေတဲ့ ဆေးရည်များ ရှိနိုင်တယ်။ အကောင်းဆုံး နည်းက ထိခိုက်ခံရတဲ့ နေရာက မျက်နှာဖုံးစွပ် အကူအညီယူပြီး လူနာကို သွားရောက် ပွေ့ချီ ကယ်ဆယ်ရမယ်။ စက်ကွင်းမှ လွတ်ရာ အနီးဆုံး ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ပေးရမယ်။ ပေါက်ကွဲစေတဲ့၊ လောင်ကျွမ်းစေတဲ့ ဓာတုပစ္စည်းမှန်း သိရှိပါက လူနာကို တစ်ခါတည်း ပြောပြရမယ်။ လူနာကို နှစ်သိမ့် ဆွေးနွေးပေးရမယ်။ ခန္ဓာကိုယ်တွင်းမှာ အကြွင်းအကျန် မရှိရအောင် ရေသန့်နဲ့ လောင်းချ ဆေးကြောခြင်း လုပ်သင့်တယ်။ ဆေးရုံရောက်လို့ အသက်ရှူ မွန်းကျပ် နေသူဖြစ်ပါက အောက်ဆီဂျင် ပေးဖို့ ပြောရမယ်။ သွေးလန့်မှု ရှိရင် တစ်ခဏချင်း ကုသမှု ခံယူရမယ်။ အရေပြား၊ အင်္ဂါများ ထိခိုက်မှု ရှိ၊ မရှိ သေသေချာချာ စစ်ဆေး၍ လူနာကို ဆရာဝန်ထံမှာ အပ်ပေးရမယ်။ လူနာရဲ့ ဆွေမျိုးများကို အသိပေးရမယ်။ လူနာကို နှစ်သိမ့် ဆွေးနွေး ပေးရသလို များပြားစွာသော လူနာများထဲမှ အရေးပေါ်၊ အရေးကြီး၊ သာမန်၊ အသင့်အတင့်၊ စိုးရိမ်စရာမလို လူနာများ ခွဲခြားကာ တတ်နိုင် သလောက် လူနာ သေဆုံးမှု မရှိစေရေး တတ်ကျွမ်း သလောက် လုပ်ဆောင် ပေးရမယ်။ မိမိနဲ့ ကူညီသူများ ဟာ ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တပ်ထားရသလို လူနာကိုလည်း လိုအပ်ပါက တပ်ဆင် ပေးသင့်တယ်။ ဓာတု ဆေးဝါးကြောင့် အပူလောင်ခြင်းဟာ သေဆုံးတဲ့အထိ၊ တစ်ဘဝလုံး ချို့ယွင်းတဲ့အထိ ဖြစ်နိုင်လို့ တတ်ကျွမ်းတဲ့ ပညာရှင်များ ထံ အချိန်မီ ရောက်ရှိဖို့ လိုတယ်။ ။

ဒေါက်တာလွင်သန့်(ဆေး-၂)

မြ၀တီ
ငရဲမီး (ဆာလ်ဖျူရစ်အက်စစ်) လောင်ရင် လောင်တဲ့နေရာ ကို ရေ များများ လောင်းပြီး ဆေးရမယ်။

ပြီးတဲ့နောက် ရေနွေး တစ်ခွက်ထဲသို့ အဝတ်လျှော် ဆိုဒါနဲ့ မုန့်ဖုတ်ဆော်ဒါ နှစ်ဇွန်းခန့်စီ ထည့်ပြီး ဖျော် ထားတဲ့ ရေနဲ့ ဆေးနိုင်တယ်။ အခြား အပူလောင်ခြင်းများကို ပြုစု ကာကွယ်တဲ့ နည်းများ အတိုင်းလည်း ပြုစုနိုင်တယ်။ ဒါပေမဲ့ ငရဲမီး စိုနေတဲ့ အဝတ် အစားများကို ဖယ်ရှားရမယ်။

အဲဒီ အဝတ်များကနေ ပြုစုသူကို အပူမလောင်စေဖို့ သတိထားရမယ်။ အယ်ကာလီ (မဖောက်ထုံး) အပူ လောင်ပါက လောင်တဲ့ နေရာက ထုံးများ၊ ဘေ့စ်များ ခါချပါ။ ရေများများနဲ့ ဆေးကြောရမယ်။ အပူလောင်တဲ့ နေရာကို ရှလပတ်ရည် သို့မဟုတ် ရှောက်ရည် စသည်တို့ကို ရေနွေးနှင့် အတူဖျော်ထားတဲ့
အချဉ်ရည်နဲ့ လောင်းချရမယ်။ အခြားသော အပူလောင်ခြင်းများကို ပြုစုနည်းအတိုင်း ပြုစုရမယ်။ ပြုစုပေးသူ အနေနဲ့ လိုအပ်တဲ့ ကာကွယ်မှုများ ယူပြီး စိုနေတဲ့ အဝတ်များကို ဖယ်ရှားရမယ်။ မျက်စိများကို ဓာတုဗေဒ ဆေးရည်ကြောင့် အပူလောင်ပါက မျက်စိကို ရေသန့်ထဲမှာ ဖွင့်ချည်၊ ပိတ်ချည် လုပ်ရမယ်။ ရေများများနဲ့ မျက်စိပေါ် လောင်းချရမယ်။ တက်ထရာဆိုင်ကလင်း မျက်စဉ်းတောင့် ထည့်နိုင်တယ်။ ဂွမ်းစခံ၍ ပတ်တီး စည်းပြီး ဆေးရုံ၊ ဆေးခန်း သွားပြသင့် ပါတယ်။ ဓာတုဗေဒ အဆိပ်ငွေ့များနဲ့ အရည်များ တိုက်ရိုက် ထိခိုက်မှု ခံရပါက တတ်နိုင်သမျှ ယင်း စက်ကွင်းမှ အပြင်သို့ ရောက်အောင်၊ ဆေးရုံ၊ ဆေးခန်းသို့ ရောက်အောင် ရွှေ့ပြောင်း ပေးရမယ်။ လူကို သေစေတဲ့ ဓာတ်ငွေ့များ ရှိနိုင်သလို၊ လောင်ကျွမ်း စိမ့်ဝင် ဒုက္ခရောက်စေတဲ့ ဆေးရည်များ ရှိနိုင်တယ်။ အကောင်းဆုံး နည်းက ထိခိုက်ခံရတဲ့ နေရာက မျက်နှာဖုံးစွပ် အကူအညီယူပြီး လူနာကို သွားရောက် ပွေ့ချီ ကယ်ဆယ်ရမယ်။ စက်ကွင်းမှ လွတ်ရာ အနီးဆုံး ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ပေးရမယ်။ ပေါက် ကွဲစေတဲ့၊ လောင်ကျွမ်းစေတဲ့ ဓာတုပစ္စည်းမှန်း သိရှိပါက လူနာကို တစ်ခါတည်း ပြောပြရမယ်။ လူနာကို နှစ်သိမ့် ဆွေးနွေးပေးရမယ်။ ခန္ဓာကိုယ်တွင်းမှာ အကြွင်းအကျန် မရှိရအောင် ရေသန့်နဲ့ လောင်း ချ ဆေးကြောခြင်း လုပ်သင့်တယ်။ ဆေးရုံရောက်လို့ အသက်ရှူ မွန်းကျပ် နေသူဖြစ်ပါက အောက် ဆီဂျင် ပေးဖို့ ပြောရမယ်။ သွေးလန့်မှု ရှိရင် တစ်ခဏချင်း ကုသမှု ခံယူရမယ်။ အရေပြား၊ အင်္ဂါများ ထိခိုက်မှု ရှိ၊ မရှိ သေသေချာချာ စစ်ဆေး၍ လူနာကို ဆရာဝန်ထံမှာ အပ်ပေးရမယ်။ လူနာရဲ့ ဆွေမျိုးများကို အသိပေးရမယ်။ လူနာကို နှစ်သိမ့် ဆွေးနွေး ပေးရသလို များပြားစွာသော လူနာများထဲမှ အရေးပေါ်၊ အရေးကြီး၊ သာမန်၊ အသင့်အတင့်၊ စိုးရိမ်စရာမလို လူနာများ ခွဲခြားကာ တတ်နိုင် သလောက် လူနာ သေဆုံးမှု မရှိစေရေး တတ်ကျွမ်း သလောက် လုပ်ဆောင် ပေးရမယ်။ မိမိနဲ့ ကူညီသူများ ဟာ ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တပ်ထားရသလို လူနာကိုလည်း လိုအပ်ပါက တပ်ဆင် ပေးသင့်တယ်။ ဓာတု ဆေးဝါးကြောင့် အပူလောင်ခြင်းဟာ သေဆုံးတဲ့အထိ၊ တစ်ဘဝလုံး ချို့ယွင်းတဲ့အထိ ဖြစ်နိုင်လို့ တတ်ကျွမ်းတဲ့ ပညာရှင်များ ထံ အချိန်မီ ရောက်ရှိဖို့ လိုတယ်။ ။

ဒေါက်တာလွင်သန့်(ဆေး-၂)

မြ၀တီ

No comments:

Post a Comment