Saturday, May 3, 2014

ကားလမ်းအတက်တွင် ယာဉ်နောက်ပြန်လိမ့်ကျ၍ သေဆုံး၊ ဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့ နယ်၊ ကျောက်တံခါးရွာအနီး ပေါက်-ကျောက်ထုကားလမ်းတွင် ပခုက္ကူမှ ကျောက်ထုသို့ မြိုင်မြို့နယ်၊ တောင် ဆုံရွာနေ ကြည်လင်(၂၉)နှစ် မောင်းနှင်လာသော ၂ခ/xxxx “ကျားမင်း” ခရီးသည်တင်မှန်လုံ အမြန် ယာဉ်သည် ကားလမ်း အတက်တွင် မတက်နိုင်ဘဲ နောက်ပြန်လိမ့်ကျ၍ ကျောက်ထုမြို့နယ်၊ မင်းကြည် ရွာနေ ယာဉ်နောက်လိုက် ကျော်ဟိန်း(၃၁)နှစ်မှ ဂျမ်းတုံး ခုသော် လည်းမရဘဲ ကားလမ်းယာဘက် ပေ ၂၀၀ ခန့်နက်သော ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် ကြည်လင်တွင် ဦးခေါင်း ကြေမွဒဏ်ရာနှင့် ကျောက်ထုမြို့နယ်၊ နှောရွာနေ လှိုင်မင်းထွေး(၁၄)နှစ်၌ ဦးခေါင်း ပြတ်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး တစ်ရွာ တည်းနေ မ၀င်းလှ(၅၀)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ၀ဲလက်မောင်း နာကျင်ဒဏ်ရာများ ရရှိ၍ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။
ထို့ပြင် ပေါက်မြို့နယ်၊ ကျောက္ကရွာနေ မအိငြိမ်းသူ(၁၅)နှစ်ပါ(၆)ဦးတွင် ၀ဲ/ယာလက်ဖျံပေါက်ပြဲ၊ ၀ဲလက်ပြင် နာကျင်၊ ခါးနာကျင်၊ နံရိုးအောင့်ဒဏ်ရာများ၊ ကျောက်ထုမြို့နယ်နေ ဒေါ်ခင်ဝင်း(၅၄)နှစ်ပါ (၁၅)ဦးတွင် ၀ဲ/ယာလက်မောင်းပေါက်ပြဲ၊ ဦးခေါင်းဖူးရောင်၊ ခါးနာကျင်၊ နံရိုးအောင့်၊ ၀ဲ/ယာလက်ဖျံ ပွန်းပဲ့ဒဏ်ရာ များရရှိခဲ့သောကြောင့် ယာဉ်မောင်း ကြည်လင်အား ပေါက်မြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment