Friday, May 9, 2014

" ကျိန်စာများအလား မိကျောင်းကန် ဘယ်သူတွေခံ ဘယ်သူတွေစံ "

နိုင်ငံခြားသူတစ်ဦး၏အနားတွင် လူတွေ စုပြုံနေကြသည်။ ထိုနိုင်ငံခြားသူစကားကို နားမလည်သည့်တိုင်အောင် ဘာပြော ဘာမေးနေသလဲဆိုသည်ကို သိချင်နေသည့် မျ က်နှာများနှင့် စကားပြန်မှ ထွက်လာသည့် စကားကိုငံ့လင့် နေကြခြင်းဖြစ်သည်။ သို့သော် ပြဿနာက စကားပြန်ဖြစ်သူမှာ အင်္ဂလိပ် စကားမကျွမ်းကျင်ခြင်း ပင် ဖြစ် သည်။ နေ ရာက ရန်ကုန်မြို့ ဆူးလေဘုရားအနီး ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်ရှေ့တွင် ကာလရှည် ဖွင့်လှစ်ထားသော သပိတ်စခန်းအတွင်း။”ဒါဘာလုပ်နေကြတာလဲ”ဟု အဆိုပါ နိုင်ငံခြားသူက မေးသည်။ ”ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ မြေယာတွေကို ပြန်ရဖို့ ဆန္ဒထုတ်ဖော်နေတာပါ” ဟု စကားပြန်က ခက်ခက် ခဲခဲနှင့် ပြန်ပြောလိုက်သည်။ ထို့နောက် နိုင်ငံခြား သူက သူသိလိုသည်များကို မေးမြန်းလိုသော်လည်း ဘာသာစကား အခက်အခဲကို နားလည်သွားပုံရသည်။ ဆန္ဒပြသူများနှင့် ဓာတ်ပုံ တွဲရိုက်ကာ ပြန်သွားသည်။

ထိုကဲ့သို့ပင် ပြည်တွင်းပြည်ပမှဧည့်သည်များ ရန်ကုန်သူ၊ ရန်ကုန်သားများ၊ နယ်မှတက်လာသူများ၊ ထိုသပိတ်စခန်းအနီးသို့ ရောက်ပါက တအံ့ တသြ ငေးကြည့်ကြသည်။ တချို့မှ ဓာတ်ပုံရိုက်ကာ သွားကြသည်။ အဆိုပါ သပိတ်စခန်းမှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရှိ ၁၉၉ဝ ခုနှစ်တွင် စစ်တပ်က သိမ်း ထားသော မြေများ ပြန် လည်ရလိုမှုအတွက် ဆန္ဒပြပွဲ ၇ ကြိမ် ခန့် ပြုလုပ်ခဲ့ပြီး ယခုသပိတ်မှာ သုံးကြိမ်မြောက်ဖြစ် သည်။ ဒုတိယအကြိမ် သပိတ်စခန်းတွင် တစ်ခါ၊ တတိယ အကြိမ် သပိတ်စခန်းတွင် နှစ်ခါ အကြမ်း ဖက် ဖြိုခွင်းခံရသော် လည်း ယနေ့အချိန်ထိတည်ရှိသော သပိတ်စခန်းဖြစ်သည်။
”ကျွန်တော်တို့ ဘိုးဘွားပိုင်မြေတွေ ပြန်လည်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု အဆိုပါ သပိတ်အား ဦးဆောင်သူ ဦးစိန်သန်းက ပြော သည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၊ ဦးခိုင်မောင် ရည်၊ ဦးသိန်းညွန့်၊ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးတင်ဝင်း၊ စည်ပင်ဌာနမှူးများ၊ မြို့ရွာနှင့်အိုးအိမ် ဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း ယနေ့တိုင် နှစ်ဖက်ပြေလည်မှုမရရှိသေးပေ။
”အကြိမ်ကြိမ် ကတိတွေပေးပေမယ့်လည်း ဘာမှမထူးခြားဘူး။ ထူးခြားမှုတစ်ခုကိုလိုချင်တယ်။ ဘာမှမထူးခြားဘဲနဲ့တော့ ကျွန်တော်တို့ဘက်က သပိတ်စခန်းကို မရုပ် သိမ်းပေးနိုင်ဘူး”ဟု ဦးစိန်သန်းက ပြောသည်။ နိုင်ငံတော်အတွက် ပေးဆပ်ပြီး အလုပ်လုပ်ခဲ့သော စစ်သားများအတွက် ဝန်ထမ်း အိမ်ရာ ဆောက်ပေး မည်ဖြစ်ေ သာကြောင့် အဆိုပါမြေအားလုံးဝပြန်ပေးမည် မဟုတ်ကြောင်း တပ်စည်ပင်မှ ဒုတိယဗိုလ်မှူးကြီးသက်နိုင်က ဧပြီလအတွင်းက ပြောကြားထားသည်။
အဆိုပါ မြေနေရာများတွင် ၁၉၇၁ ခုနှစ်မှ အခြေချနေထိုင်ခဲ့ကြပြီး ပိုင်ဆိုင်ကြောင်းအထောက်ထားများအပြည့်စုံရှိသည့်အတွက် မိမိတို့မြေ ပြန် လည်ရရှိသည်အထိ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောသည်။ လက်ရှိတွင် လူအင်အား ၁ဝဝ ကျော်ဖြင့် သပိတ်စခန်းဖွင့်လှစ်ထားရှိဆဲပင်။ မိမိတို့မြေများ ပြန် လည် ရရှိရေး ကြွေးကြော်သံများဖြင့် မဟာဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမတို့အား တစ်ပတ်ပတ်ကာ လမ်းလျှောက်ဆန္ဒပြခြင်း၊ ညတွင် ဖယောင်တိုင် မီး ထွန်းခြင်း၊ ကျိန်စာ တို က်ခြင်းများကို နေ့စဉ်နီးပါးပြုလုပ်လျက်ရှိသည်။ ပထမသပိတ်တွင် ၄ ရက်၊ ဒုတိယသပိတ်တွင် ၁၇ ရက်၊ တတိယသပိတ် ယနေ့အချိန်ထိ ရက် ၄ဝ ကျော် ကြာမြ င့်နေပြီဖြ စ်ပြီး အစိုးရသစ်လက်ထက် အရှည်ကြာဆုံးသပိတ်အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပြီဟု ဆိုနိုင်သည်။
”မလိုအပ်ဘဲ အင်အားတွေ မဖြုန်းစေချင်ဘူး။ အာဂတတွေ မထားစေချင်ဘူး။ ဘယ်သူ့ဘယ်သူမှလည်း မဆုံးရှုံးစေချင်ဘူး”ဟု လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှု စုံစမ်းရေးကော်မရှင် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။
မိမိတို့မြေများ အမှန်တကယ် ပိုင်ဆိုင်ကြောင်း အထောက် အထား များပြသနိုင်သော်လည်း တာဝန်ရှိသူများဘက်မှ တစ်စုံတစ် ရာပြတ်သားသည့်အဖြေမျိုးပေးနိုင်ခြင်း မရှိခဲ့ကြောင်း၊ ဆန္ဒပြခြင်းများ၊ သပိတ်စခန်းဖွင့်ခြင်း များတွင် လာရော က်ဖြေရှင်း ပေးခဲ့သည့် တာဝန်ရှိသူများမှာ ကတိများ အထပ်ထပ်ပေးပြီး သပိတ်စခန်းများအား သိမ်းစေခဲ့သော်လည်း ယနေ့အချိန်ထိ ထူးခြားမ လာခြင်းကြောင့်
ယခုကဲ့သို့ သပိတ်စခန်းဖွင့်ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်သူ ဦးစိန်သန်းက ပြောသည်။
ထို့အပြင် မိမိတို့ မိကျောင်းကန်မြေ ပြန်လည် မရရှိသော်လည်း မြေကွက် အစားထိုး သို့မဟုတ် တိုက်ခန်းအစားထိုးစသည့် ပုံစံတစ်မျိုးမျိုးဖြင့်ဖြစ်စေ မှန်ကန်သောအဖြေ တစ်စုံတစ်ရာကိုသာ ရလိုကြောင်း ၎င်းက ပြောသည်။ ဆန္ဒပြခေါင်းဆောင်ဦးစိန်သန်းက ”ကျွန်တော် ပြောချင်တာက လွတ်လပ် တဲ့ မြေယာစုံစမ်းရေး ကော်မရှင်ဖွဲ့။ ပြီးရင် စစ်ဆေး။ နောက် အမှန်တကယ်နစ်နာတယ်ဆိုရင် တစ်စုံတစ်ရာသော လျော်ကြေး
တစ်ခုခုပေး။ ဒါမျိုးသေချာတဲ့ အဖြေမျိုးလိုချင်တာ။ ဒါမျိုးရမှ သပိတ်
စခန်းကို ပိတ် သိမ်း သွားမှာပါ” ဟု ပြောသည်။
ထိုကဲ့သို့ ရက်ရှည်သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်နေခြင်းအပေါ် သက်ဆိုင်ရာမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာ ဝန်ရှိသူများ၊ ရန်ကုန်စည် ပင်သာယာရေးကော် မတီမှ စီမံဌာနမှူး၊ တပ်စည်ပင်မှ တာဝန်ရှိသူများနှင့် ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းတို့ ဧပြီ ၁ ရက်က မြို့တော်ခန်းမ၌ ထိပ်တိုက်တွေ့ဆုံကာသပိတ်စခန်းမဖွင့်လှစ်ရေးအတွက် ပထမဆုံးအကြိမ် ညှိနှိုင်းဆွေး နွေးပွဲပြုလုပ်ခဲ့သေးသည်။ သို့သော် ဆန္ဒပြသူများ အတွက် တစ်စုံတစ်ရာ ကျေနပ်မှု မပေးနိုင်သောကြောင့် ပြေလည်မှုမရရှိခဲ့ပေ။
”တောင်းဆိုတဲ့သူဘက်ကလည်း အထောက်ထားတွေနဲ့ ပူးတွဲတင်ပြပြီး ထိထိရောက်ရောက် တောင်းဆိုမှုတွေ လုပ်ရမယ်။ အစိုးရဘက်ကလည်း ဒီတောင်းဆိုမှုကို အလေးထား စစ်ဆေးပေးရမယ်။ တကယ်မှန် တယ်ဆိုရင် ကျေနပ်တဲ့ တုံ့ပြန်မှုမျိုး ပေးရမယ်။
ကျွန်တော်တို့တွေ့သလောက်ကတော့ ဂဏန်းတွေနဲ့ အချိုးကျတွက်ကြည့်ရင် ဒီမြေလောက် က ဘာမှမပြောပလောက်ပါဘူး။ တကယ်လို့သာ ထိ ထိရောက်ရောက် စစ်ဆေးမှုတွေ မပြုလုပ်ဘူး၊ လျစ်လျူရှုထားမယ်ဆိုရင် ဒီမိုကရေစီရဲ့ အသီးအ ပွင့် ကို ပြည်သူတွေ မခံစားရသလိုဖြစ်သွားမယ်” ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းမှ ရုံးအဖွဲ့မှူး ဦးဇော်မင်းက သုံးသပ်ပြောဆို သည်။
လက်ရှိအစိုးရ သက်တမ်း သုံးနှစ်အတွင်း နိုင်ငံအနှံ့ ဆန္ဒထုတ်ဖော်ပွဲများ ရာနှင့်ချီ ဖြစ်ပေါ် ခဲ့သော်လည်း ပြည်သူများ ကျေနပ်အားရသည့် အဖြေမျိုး အစိုးရဘက်မှ တုံ့ပြ န်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ပြည်သူများဘက်မှလည်း ဇွဲမလျှော့။ တစ် နှစ်ထက် တစ်နှစ် ဆန္ဒထုတ်ဖော်ပွဲ များသထက် များလာခဲ့သည်။ ထို့အတူ ဆန္ဒပြခေါင်းဆောင် များ ကိုလည်း ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုခြင်းများလည်း ရှိလာခဲ့သည်။
”ကျွန်တော်က မိကျောင်းကန်အမှုနဲ့ပဲ ဒဂုံမြို့ နယ်ရဲစ ခန်းနဲ့ ကျောက် တံတားရဲစခန်းမှာ ပုဒ်မ ၁၈ နဲ့၊ နောက်စည်ပင်က ပုဒ်မ ၆၈ နဲ့ အစွဲခံထားရ တယ်။ ဒါက ဒီနှစ်ထဲ မှာစွဲတာ၊ ပြီးခဲ့တဲ့ နှစ်ကအမှုတွေ ကတော့ ပျက် သွားပြီ”ဟု ဦးစိန်သန်းက ပြောသည်။ ၎င်းက အစားထိုးမြေ သို့မဟုတ် မိကျောင်း ကန်မြေအား ပြန်မရ ပါက နေပြည်တော် သို့ သွား ရောက်ပြီး တာဝန်ရှိသူများနှင့် ထိပ်တိုက်တွေ့ဆုံကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဆက်ပြောသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော် မရှင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ၎င်း
အနေဖြင့် မိကျောင်းကန်ကိစ္စအတွက် လာမည့်လွှတ်တော် မတိုင်မီ ပြီးစီးရန် အထူးအစီရင်ခံစာရေးနေပြီး အစိုးရဘက်မှတာဝန်ရှိသူများ သမ္မတရုံး ဝန်ကြီးများ နှင့်တွေ့ဆုံကာ လွှတ်တော်ကိုယ်စားလှယ် တစ်ေ ယာက်လုပ်ပေးနိုင်သည့် အတိုင်းအတာထိ လုပ်ပေးသွား မည်ဖြစ်ကြောင်း ပြောသည်။
”ဆန္ဒပြမှုတွေရဲ့ အဆုံးသတ်က ဘာလဲဆို တော့ ဆန္ဒပြလိုက်၊ ရဲကဖမ်းလိုက်၊ ပြန်လွတ်လာ လိုက်၊ ဆန္ဒပြလိုက် ပြန်ဖမ်းလိုက်နဲ့ သံသရာလည် နေခြင်းပါပဲ”ဟု ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ရုံးအဖွဲ့မှူး ဦးဇော်မင်းက ပြောသည်။
သေချာသည်ကတော့ မိကျောင်းကန်သပိတ် စခန်းမှာလည်း ဆန္ဒပြမြဲပြနေသည်။ ကမ္ဘာလှည့် ခရီးသွားများမှာလည်း သပိတ်စခန်းအတွင်းသို့ ဝင်မြဲဝင်ဆဲ၊ သိလိုသည်များကို မေးမြန်းဆဲ။ အဖြေကလည်း ပျောက်ဆုံးနေဆဲဟုထင်ပါသည်။

No comments:

Post a Comment