Tuesday, May 20, 2014

သမ္မတခုံးကျော်တံတားတွင် အကြမ်းဖက်ကာ လက်ဝတ်ရတနာများ လုယက်မှုဖြစ်ပွား

ရန်ကုန်၊ မေ ၁၆- ဆူးလေဘုရားလမ်း သမ္မတခုံးကျော်တံတားတွင် အမျိုးသမီးတစ် ဦးအား အမျိုးသားတစ်ဦးမှ အကြမ်းဖက် ကာ လက်ဝတ်ရတနာများ လုယက်မှုဖြစ် ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့ရုံးမှ သိရသည်။
ဖြစ်စဉ်မှာ သာကေတမြို့နယ် မြင်တော်သာလမ်းတွင် နေထိုင်သော ဦးဌေး အောင်မှာ တူမတော်သူ မကြူကြူသီ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း မကြူကြူသီ၏မိခင်ဖြစ်သူမှ မုဒုံမြို့မှဖုန်း ဆက်အကြောင်းကြားသဖြင့်သွားရာ တူမ ဖြစ်သူမှာ မျက်နှာတွင်ဒဏ်ရာများရရှိကာ စကားပြောမရသဖြင့် အနီးတွင်လာရောက် ပြုစုနေသောမိတ်ဆွေဟောင်း ဦးရဲထူးအောင် အား မေးမြန်းရာမှ အကြမ်းဖက်လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံ ဇေကမ္ဘာလုံးချင်းအိမ် ရာတွင်နေထိုင်နေသော မကြူကြူသီ အ သက် ၂၆ နှစ်မှာ မေ ၁၃ ရက် နံနက် ၄ နာရီ မိနစ်၂ဝ ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘု ရားလမ်း ဂရင်းမီးရထားဟိုတယ်ဟောင်း အနီး သမ္မတခုံးကျော်တံတားအဆင်းတွင် အသက် ၂၆ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး နှင့် စကားပြောရင်း အဆိုပါအမျိုးသားမှ မကြူကြူသီ၏ ဦးခေါင်းအားကိုင်၍ အနီး ရှိ ကွန်ကရစ်တိုင်နှင့် မျက်နှာကိုဆောင့်သော ကြောင့် နဖူး၊ နားထင် စုတ်ပြဲ၊ နှာတံ၊ ပါး၊ မျက်လုံးတို့တွင် ဒဏ်ရာများရရှိပြီး လက် ဝတ်ရတနာများယူကာ အဆိုပါနေရာတွင် ဒဏ်ရာများနှင့်ထားခဲ့ကြောင်း ဦးရဲထူးအောင် အား တူမဖြစ်သူမှပြောပြခဲ့သည်ကို သိရှိ ရ၍ ဦးဌေးအောင်က ပန်းဘဲတန်းမြို့နယ် တွင် တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့ကြောင်း သိရသည်။
အမျိုးသားမှာ မကြူကြူသီ ဝတ် ဆင်ထားသော ရွှေဆွဲကြိုး၊ ရွှေဆွဲပြား၊ နီ လာလက်စွပ်၊ နာရီ၊ ရွှေနားကပ်နှင့် ဟာဝေး ဆင်းမ်ကတ်ပါ ဟန်းဆက် စုစုပေါင်းတန် ဖိုးငွေ ကျပ် ၁ဝ၇၆ဝဝဝ နှင့် နိုင်ငံကူးလက် မှတ်တစ်စောင်တို့အား လုယူသွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပန်းဘဲ တန်း မြို့မရဲစခန်းမှ (ပ) ၁၅၅/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃၉၄ ဖြင့် မေ ၁၃ ရက်တွင် အမှုဖွင့် ပြီး တရားခံအား ဖမ်းဆီးရမိရေး စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment