Wednesday, May 14, 2014

ဆော်ဒီအာရေးဘီးယားတွင် ချစ်သူများနေ့ဆင်နွှဲသည့် အမျိုးသားများ ကြိမ်ဒဏ်အချက် ၂၀၀၀ ချမှတ်အပြစ်ပေးခံရ

Photo: ဆော်ဒီအာရေးဘီးယားတွင် ချစ်သူများနေ့ဆင်နွှဲသည့် အမျိုးသားများ ကြိမ်ဒဏ်အချက် ၂၀၀၀ ချမှတ်အပြစ်ပေးခံရ
Wednesday, May 14, 2014

ချစ်သူများနေ့တွင် အရက်သောက်ပြီး အမျိုးသမီးများနှင့် အတူ ကခုန်ပြီး ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၅ ဦးအား ကြိမ်ဒဏ်အချက် ထောင်ချီချမှတ်အပြစ်ပေးခဲ့သည်။
Okaz Daily ၏ သတင်းဖော်ပြချက်အရ အမျိုးသား ၂ ဦးအား ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်အချက် ၂၀၀၀ အား Al Nafoora ဈေးအရှေ့ ၌ အကြိမ် ၂၀ ခွဲရိုတ်ခံရမည်ဖြစ်ပြီး အခြား ၂ ဦးအား ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀ ချက် အား ၁၅ ကြိမ်ခွဲ၍ ရိုတ်ခံရမည်ဟု သိရသည်။ ကျန်တစ်ဦးသည် ထောင်ဒဏ် ၅နှစ်နှင့် ကြိမ်ဒဏ်အချက် ၁၀၀၀ ကျခံရမည်ဖြစ်သည်။

ဆော်ဒီတွင် အစ္စလမ်ဘာသာရေးဥပဒေဖြစ်သည့် ရှာရီယာဥပဒေအား လိုက်နာမှုရှိစေရေးအတွက် “ဘာသာရေးပုလိပ်”အဖြစ် လူသိများသော “သီလစင်ကြယ်ရေးနှင့် ဒုစရိုတ်တားဆီးရေး ကော်မရှင်” က ချစ်သူများနေ့ ကျင်းပပြုလုပ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။
ဖော်ပြပါအမျိုးသား ၅ ဦးသည် ဘူရာယာမြို့ရှိ ၎င်းတို့ အပန်းဖြေရန်အတွက် ငှားရမ်းထားသော အိမ်တစ်လုံးအတွင်းတွင် အမျိုးသမီး ၆ ဦးးနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များက ၎င်းတို့နှင့် အတူ နှင်းဆီနီများ၊ ဖယောင်းတိုင်များနှင့် အသဲပုံသဏ္ဍာန်ရှိ အခြားပစ္စည်များကိုလည်း သိမ်းဆီးရမိခဲ့သည်။
အဆိုပါ ပြစ်မှုအတွက် ၎င်းတို့ ၅ ဦးသည် ထောင်ဒဏ်ကျခံပြီးနောက် ပြည်နှင်ဒဏ် ၅ နှစ်လည်း အပေးခံရမည် ဖြစ်ကြောင်း Okaz Daily သတင်းစာက ရေးသားထားသည်။

(ပုံ- ဘာသာရေးပုလိပ်များ)
Ref ; Yahoo

News Watch(စောင့်ကြည့်သတင်းဂျာနယ်) 
ချစ်သူများနေ့တွင် အရက်သောက်ပြီး အမျိုးသမီးများနှင့် အတူ ကခုန်ပြီး ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၅ ဦးအား ကြိမ်ဒဏ်အချက် ထောင်ချီချမှတ်အပြစ်ပေးခဲ့သည်။
Okaz Daily ၏ သတင်းဖော်ပြချက်အရ အမျိုးသား ၂ ဦးအား ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်အချက် ၂၀၀၀ အား Al Nafoora ဈေးအရှေ့ ၌ အကြိမ် ၂၀ ခွဲရိုတ်ခံရမည်ဖြစ်ပြီး အခြား ၂ ဦးအား ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀ ချက် အား ၁၅ ကြိမ်ခွဲ၍ ရိုတ်ခံရမည်ဟု သိရသည်။ ကျန်တစ်ဦးသည် ထောင် ဒဏ် ၅နှစ်နှင့် ကြိမ်ဒဏ်အချက် ၁၀၀၀ ကျခံရမည်ဖြစ်သည်။

ဆော်ဒီတွင် အစ္စလမ်ဘာသာရေးဥပဒေဖြစ်သည့် ရှာရီယာဥပဒေအား လိုက်နာမှုရှိစေရေးအတွက် “ဘာသာရေးပုလိပ်”အဖြစ် လူသိများသော “သီလစင်ကြယ်ရေးနှင့် ဒုစရိုတ်တားဆီးရေး ကော်မရှင်” က ချစ်သူများနေ့ ကျင်းပပြုလုပ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။
ဖော်ပြပါအမျိုးသား ၅ ဦးသည် ဘူရာယာမြို့ရှိ ၎င်းတို့ အပန်းဖြေရန်အတွက် ငှားရမ်းထားသော အိမ်တစ်လုံး အတွင်းတွင် အမျိုးသမီး ၆ ဦးးနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များက ၎င်းတို့နှင့် အတူ နှင်းဆီနီများ၊ ဖယောင်းတိုင်များနှင့် အသဲပုံသဏ္ဍာန်ရှိ အခြားပစ္စည်များကိုလည်း သိမ်းဆီးရမိခဲ့သည်။
အဆိုပါ ပြစ်မှုအတွက် ၎င်းတို့ ၅ ဦးသည် ထောင်ဒဏ်ကျခံပြီးနောက် ပြည်နှင်ဒဏ် ၅ နှစ်လည်း အပေးခံ ရမည် ဖြစ်ကြောင်း Okaz Daily သတင်းစာက ရေးသားထားသည်။

(ပုံ- ဘာသာရေးပုလိပ်များ)
Ref ; Yahoo

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment