Friday, May 2, 2014

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သံတွဲ မြို့နယ်နှင့် တောင်ကုတ် မြို့နယ် တို့မှ ဒေသခံ ပြည်သူ များအား တွေ့ဆုံ

Photo: ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သံတွဲ မြို့နယ်နှင့် တောင်ကုတ် မြို့နယ် တို့မှ ဒေသခံ ပြည်သူ များအား တွေ့ဆုံ
Friday, May 2, 2014

လွှတ်တော်များသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဟူသော မူဘောင်အရ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးရှိမည့် ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဧပြီ ၃ဝ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပသည့် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ စဉ် ပြောကြားသည်။

တွေ့ဆုံပွဲတွင် မြို့နယ်ဖံွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုးမြင့်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်အေးနှင့် သံတွဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းတို့က ဒေသ၏ လိုအပ်ချက်များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူတို့က အထွေထွေ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးလှ မောင်တင်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စု လွှတ်တော် နာယက က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့သည် သံတွဲမြို့မှ မော်တော် ယာဉ်များဖြင့် တောင်ကုတ်မြို့သို့ ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ ကျင်းပသော ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

ထို့နောက် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တောင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စံလှိုင်တို့က ဒေသ၏ လိုအပ်ချက်များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် နိုင်ငံရေး ပါတီများမှ ဦးခင်လှနှင့် ဦးမြင့်ဆွေမောင်၊ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့မှ ဦးတင်အုန်းတို့က အထွေထွေ ကိစ္စရပ် များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ဖြည့်စွက် ရှင်းလင်း တင်ပြသည်။

တင်ပြချက်များ အပေါ် ပြည်ထောင်စု လွှတ်တော် နာယကက ပြန်လည်သုံးသပ် ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကား ပြောကြား သည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်ခွဲ မအီမြို့ရှိ ရန်ကုန်- ကျောက်ဖြူလမ်း စီမံကိန်း အင်ဂျင်နီယာရုံးသို့ ရောက်ရှိကြသည်။

ယင်းနောက် ပြည်ထောင်စု လွှတ်တော် နာယကသည် မအီမြို့ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ မြို့နယ်ခွဲ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများအား သိရှိလိုသည်များကို မေးမြန်းပြီး တင်ပြချက်များ အပေါ် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေး ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲများသို့ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထိန်လင်း၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ နေလင်း၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီများ၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီများ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြသည်။
မြ၀တီ
လွှတ်တော်များသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဟူသော မူဘောင်အရ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးရှိမည့် ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဧပြီ ၃ဝ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပသည့် ဒေသ ခံ ပြည်သူများနှင့် တွေ့ဆုံ စဉ် ပြောကြားသည်။
တွေ့ဆုံပွဲတွင် မြို့နယ်ဖံွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုးမြင့်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်အေးနှင့် သံတွဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းတို့က ဒေသ၏ လိုအပ်ချက်များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူတို့က အထွေထွေ ကိစ္စရပ်များ ကို ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးလှ မောင်တင်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု လွှတ်တော် နာယက က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် သည်။ ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့သည် သံတွဲမြို့မှ မော်တော် ယာဉ် များဖြင့် တောင်ကုတ်မြို့သို့ ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ ကျင်းပသော ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ထို့နောက် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တောင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ စံလှိုင်တို့က ဒေသ၏ လိုအပ်ချက်များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နိုင်ငံရေး ပါတီများမှ ဦးခင်လှနှင့် ဦးမြင့်ဆွေမောင်၊ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့မှ ဦးတင်အုန်းတို့က အထွေထွေ ကိစ္စရပ် များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ဖြည့်စွက် ရှင်းလင်း တင်ပြသည်။
တင်ပြချက်များ အပေါ် ပြည်ထောင်စု လွှတ်တော် နာယကက ပြန်လည် သုံးသပ် ဆွေးနွေး ပြီး ပေါင်းစပ် ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကား ပြောကြား သည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်ခွဲ မအီမြို့ရှိ ရန်ကုန်- ကျောက်ဖြူလမ်း စီမံကိန်း အင်ဂျင်နီယာရုံးသို့ ရောက်ရှိကြသည်။
ယင်းနောက် ပြည်ထောင်စု လွှတ်တော် နာယကသည် မအီမြို့ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ မြို့နယ်ခွဲ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားသိရှိလိုသည်များကို မေးမြန်း ပြီး တင်ပြချက်များ အပေါ် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေး ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲများသို့ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထိန်လင်း၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ နေလင်း၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီများ၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီများ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြသည်။
မြ၀တီ

No comments:

Post a Comment