Friday, May 2, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြင်ဦးလွင် မြို့ရှိ ကင်းထောက် မောင်မယ် စခန်းသို့ သွားရောက်၍ ကင်းထောက် မောင်မယ်များအား တွေ့ဆုံ အားပေး ၊အနာဂတ် ကောင်းစေရေး ဗလငါးတန်နှင့် ပြည့်စုံစေရန် ပြုစု ပျိုးထောင်နေ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကင်းထောက်မောင်မယ် စခန်းသို့ သွားရောက်၍ ကင်းထောက် မောင်မယ်များအား တွေ့ဆုံ အားပေးသည်။
ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ပြင်ဦးလွင်မြို့ ကန်တော်ကြီး အမျိုးသား သဘာဝ ဥယျာဉ်တွင် ဖွင့်လှစ်ထားသည့် ကင်းထောက် မောင်မယ်စခန်း သို့ ရောက်ရှိရာ ကင်းထောက် လူငယ်မောင်မယ် များက ကြိုဆိုကြသည်။

Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြင်ဦးလွင် မြို့ရှိ ကင်းထောက် မောင်မယ် စခန်းသို့ သွားရောက်၍ ကင်းထောက် မောင်မယ်များအား တွေ့ဆုံ အားပေး ၊အနာဂတ် ကောင်းစေရေး ဗလငါးတန်နှင့် ပြည့်စုံစေရန် ပြုစု ပျိုးထောင်နေ
Friday, May 2, 2014

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကင်းထောက်မောင်မယ် စခန်းသို့ သွားရောက်၍ ကင်းထောက် မောင်မယ်များအား တွေ့ဆုံ အားပေးသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ပြင်ဦးလွင်မြို့ ကန်တော်ကြီး အမျိုးသား သဘာဝ ဥယျာဉ်တွင် ဖွင့်လှစ်ထားသည့် ကင်းထောက် မောင်မယ်စခန်း သို့ ရောက်ရှိရာ ကင်းထောက် လူငယ်မောင်မယ် များက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ကင်းထောက်ကြီးများ ဖြစ်ကြသည့် ဦးတင်ညို၊ ဦးသာစိန်၊ ဦးအောင်ကြည်နှင့် ကင်းထောက် အလံကိုင်အဖွဲ့ခေါင်းဆောင် ဦးအေးကြိုင်တို့ ရှေ့မှောက်၌ ကင်းထောက်အလံကို ကိုင်ပြီး ကင်းထောက် ကတိ(၃)ပါးကို ရွတ်ဆို ကတိပြုကာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ကင်းထောက်ချုပ် အဖြစ် ခံယူသည်။

ယင်းနောက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ကင်းထောက်ချုပ် နိုင်ငံတော် သမ္မတကြီးအား ကင်းထောက် မောင်မယ်များက ကင်းထောက် အလေးပြုနည်းဖြင့် အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ကင်းထောက် မောင်မယ်များ၏ ကင်းစိတ်အလိုက် စခန်းချ စွမ်းဆောင်မှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတက ကင်းထောက်မောင်မယ်များအား အမှာစကား ပြောကြားရာတွင် ကင်းထောက်မောင်မယ်များ ကျန်းမာ ပျော်ရွှင်စေရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်းသည် နိုင်ငံတော် သမ္မတ အနေဖြင့် သာမက လုပ်ဖော်ကိုင်ဖက် ကင်းထောက် နာယက အနေဖြင့်ပါ လာရောက် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် အနာဂတ်၏ ခေါင်းဆောင်များ၊ ပညာရှင်များ၊ ဝန်ကြီးများ၊ နိုင်ငံ အကြီးအကဲများ အဖြစ် တာဝန်ယူကြမည့် မျိုးဆက်သစ်များ ဖြစ်သည့်အတွက် ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း ၊ နေပြည်တော်တွင် မောင်တို့မယ်တို့ အပါအဝင် စွမ်းဆောင်ရှင်များ၊ ထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီ မောင်မယ်များကို နိုင်ငံတော် အခမ်းအနားဖြင့် ဂုဏ်ပြုရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ ပြင်ဦးလွင် စခန်းသိမ်းပြီးသည်နှင့် နေပြည်တော်သို့ သွားရောက်ကြမည် ဖြစ်သည့်အတွက် နာယက ကိုယ်တိုင် မောင်တို့မယ်တို့ကို လာရောက် ကြိုဆိုခေါ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းပြည်၏ အနာဂတ်သည် မောင်တို့မယ်တို့ လက်တွင် ရှိပါကြောင်း၊ အနာဂတ် ကောင်းရန်အတွက် မောင်တို့မယ်တို့ ဗလငါးတန်နှင့် ပြည်စုံရန် လိုပါကြောင်း၊ ထို့ကြောင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် အတွက် ပြုစု ပျိုးထောင်နေခြင်းဖြစ်ပါကြောင်း၊ကင်းထောက်လုပ်ငန်းသည် နိုင်ငံရေး၊ စစ်ရေး မစွက်ဖက်သော မွန်မြတ်သည့် လူမှုရေး လုပ်ငန်း သက်သက် ဖြစ်ပါကြောင်း၊ ကင်းထောက်လုပ်ငန်း၏ အဓိက ရည်ရွယ်ချက်သည် တာဝန်သိသော နိုင်ငံသား တစ်ယောက်ဖြစ်အောင် လေ့ကျင့် တည်ဆောက်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ကို ကိုယ်ကျင့်တရား ကောင်းကောင်း၊ မိမိကိုယ်မိမိ အားကိုးအောင်၊ အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်အောင်၊ အမိန့်နှင့် သွန်သင်မှုများကို နာခံတတ်အောင်၊ နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး သစ္စာ စောင့်သိတတ်အောင်၊ လူမှု ရေး ကိစ္စများတွင် ကျွမ်းကျင်အောင်၊ အခြားသူများ အတွက်ပါ အသုံးဝင်သည့် နိုင်ငံသား တစ်ဦးဖြစ်အောင် လေ့ကျင်သင်ကြား ပေးသွား မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကင်းထောက် များသည် သဘာဝနှင့် ပတ်ဝန်းကျင်ကို လေ့ လာရန်၊ ကြင်နာစိတ် မွေးရန်၊ တွေ့သမျှလူကို မိတ်ဆွေအဖြစ် သဘောထားရန်လိုပါကြောင်း၊ ယူနီဖောင်း ဝတ်ထားသော်လည်း လူမှုရေး လုပ်ငန်း လုပ်ဆောင်သူသာ ဖြစ်ပါကြောင်း၊ ကင်းထောက်တို့၏ ဆောင်ပုဒ်ဟာ အစဉ် အသင့် (Be Prepared)ဖြစ်ပါကြောင်း၊ ကင်းထောက် သမိုင်းကို ပြန်ကြည့်လျှင် ကင်းထောက်အဖွဲ့ကို ဗြိတိန်နိုင်ငံသား ဗိုလ်မှူးကြီး ရောဘတ်ဗေန်ပိုဝဲလ်က ၁၉ဝ၇ ခုနှစ်တွင် လူ ၂ဝ နှင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူး ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၂ဝ ပြည့်နှစ်တွင် ကင်းထောက်အဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မိမိတို့နိုင်ငံတွင် ကင်း ထောက် လုပ်ငန်းများ ဖွံ့ဖြိုးခဲ့ပါကြောင်း၊ နိုင်ငံ၏ ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်သည် ကင်းထောက်အသင်း၏ နာယက ဖြစ်သကဲ့သို့ သမ္မတကြီး ဒေါက်တာဘဦး၊ မန်းဝင်းမောင်နှင့် ဝန်ကြီးချုပ် ဦးနုတို့သည်လည်း ကင်းထောက် အသင်း၏ နာယကကြီး များ ဖြစ်ပါကြောင်း၊ အမျိုးသမီး ကင်းထောက် အသင်းကိုမူ ၁၉၁၆ ခုနှစ်တွင်YWCA ခရစ်ယာန် အမျိုးသမီး အသင်းက အမျိုးသမီး ၃ဝ နှင့် စတင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် တိုင်း ပြည် မတည်ငြိမ်မှုကြောင့် လုပ်ငန်း ရပ်ဆိုင်းခဲ့ရာမှ ၁၉၅ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ် ဦးနု၏ ဇနီး ဒေါ်မြရီက ဥက္ကဋ္ဌ တာဝန်ယူပြီး ပြန်လည် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်သည်လည်း ကင်းထောက်ချုပ် အဖြစ် တာဝန်ယူ ခဲ့ဖူးပါကြောင်း၊ စာရေး ဆရာမကြီး ဒေါ်မြလေး (ဒေါ်သိန်းဆိုင်)၊ ဒေါ်စောမုံညင်း (ဒေါ်ရင်ရင်) စစ်ကိုင်းမြို့သူ ဒေါ်ကြည်ကြည် တို့သည်လည်း ထင်ရှားသော ကင်းထောက်အဖွဲ့ အကြီးအကဲများ ဖြစ်ခဲ့ပါ ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် ကင်းထောက်အဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီးနောက် နှစ်ငါး ဆယ်ကျော် မိမိတို့ အစိုးရ လက်ထက်တွင် အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းနိုင်ရန် အတွက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ သင်တန်းသား ၉၈ ဦးကို ရန်ကုန်တွင် အခြေခံသင်တန်းများ ပေးခဲ့ပါကြောင်း၊ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် ၁၈ မြို့နယ်ရှိ အခြေခံပညာကျောင်း ၁၈ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၈ဝဝ ဖြင့် စတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခု အင်အားနှစ်ထောင် ရှိပြီဖြစ်ပါကြောင်း၊

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ ကင်းထောက်ကြီးများ တွေ့ဆုံပွဲကို ရန်ကုန် တက္ကသိုလ် စိန်ရတု သဘင်ခန်းမ တွင် ပြုလုပ်ခဲ့ပြီး ပထမအကြိမ် ကင်းထောက် လူငယ် တွေ့ဆုံပွဲ (Jamboree)ကို နေပြည်တော်တွင် ၂ဝ၁၃ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့ရာ ကင်းထောက်လူငယ် ၄၈ဝ တက်ရောက် ခဲ့ပါကြောင်း၊ ဧပြီ ၈ ရက်တွင် ဘက်စုံထူးချွန် မောင် မယ်များ၊ ကြက်ခြေနီ လူငယ်များနှင့် ကင်းထောက်လူငယ်များကို နိုင်ငံတော် သမ္မတက ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါကြောင်း၊ ယခုလည်း မေ ၃ ရက်တွင် နေပြည်တော် သမ္မတ အိမ်တော်၌ တွေ့ဆုံရန် စီစဉ်ထားပြီး ဖြစ် ပါကြောင်း၊ မောင်တို့မယ်တို့ အနေဖြင့် နိုင်ငံတကာ အဆင့်အတန်းမီ ကင်းထောက်များ ဖြစ်အောင် လေ့ကျင့်ကြရန်၊ နိုင်ငံတော် အတွက် ဒုတိယမျိုးဆက်သစ် အဖြစ် ဗလငါးတန်နှင့် ပြည့်စုံသော ကင်းထောက်မောင်မယ် များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် နိုင်ငံတော် သမ္မတအား ကင်းထောက်လူငယ် မောင်မယ်များက အမှတ်တရ လက်ဆောင်ကို ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတက ကင်းထောက်မောင်မယ် စခန်း ဧည့်သည်တော် မှတ် တမ်းတွင် လက်မှတ် ရေးထိုးပြီး ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ်များနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

အဆိုပါ ကင်းထောက်မောင်မယ် စခန်းတွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများမှ အမျိုးသား၊ အမျိုးသမီး ကင်းထောက်မောင်မယ် စုစုပေါင်း ၄၉ဝ နှင့် ကြီးကြပ်ဆရာ၊ ဆရာမ ၈ဝ၊ စုစုပေါင်း ၅၇ဝ တို့က ဧပြီ ၂၉ ရက်မှ စတင်၍ စခန်းချလျက်ရှိပြီး ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကင်းထောက် လှုပ်ရှားမှုများအား ဆောင်ရွက်ခြင်းနှင့် ကင်းထောက်ကင်းစိတ်များ အလိုက် စွမ်းရည်များ ပြသခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
မြ၀တီ
ထို့နောက် နိုင်ငံတော်သမ္မတက ကင်းထောက်ကြီးများ ဖြစ်ကြသည့် ဦးတင်ညို၊ ဦးသာစိန်၊ ဦးအောင်ကြည်နှင့် ကင်းထောက် အလံကိုင်အဖွဲ့ခေါင်းဆောင် ဦးအေးကြိုင်တို့ ရှေ့မှောက်၌ ကင်းထောက်အလံကို ကိုင်ပြီး ကင်းထောက် ကတိ(၃)ပါးကို ရွတ်ဆို ကတိပြုကာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ကင်းထောက်ချုပ် အဖြစ် ခံယူသည်။
ယင်းနောက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ကင်းထောက်ချုပ် နိုင်ငံတော် သမ္မတကြီးအား ကင်းထောက် မောင်မယ်များက ကင်းထောက် အလေးပြုနည်းဖြင့် အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကင်းထောက် မောင်မယ်များ၏ ကင်းစိတ်အလိုက် စခန်းချ စွမ်းဆောင်မှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတက ကင်းထောက်မောင်မယ်များအား အမှာစကား ပြောကြားရာတွင် ကင်းထောက်မောင်မယ်များ ကျန်းမာ ပျော်ရွှင်စေရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်းသည် နိုင်ငံတော် သမ္မတ အနေဖြင့် သာမက လုပ်ဖော်ကိုင်ဖက် ကင်းထောက် နာယက အနေဖြင့်ပါ လာရောက် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် အနာဂတ်၏ ခေါင်းဆောင်များ၊ ပညာရှင်များ၊ ဝန်ကြီးများ၊ နိုင်ငံ အကြီးအကဲများ အဖြစ် တာဝန်ယူကြမည့် မျိုးဆက်သစ်များ ဖြစ်သည့်အတွက် ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း ၊ နေပြည်တော်တွင် မောင်တို့မယ်တို့ အပါအဝင် စွမ်းဆောင်ရှင်များ၊ ထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီ မောင်မယ်များကို နိုင်ငံတော် အခမ်းအနားဖြင့် ဂုဏ်ပြုရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ ပြင်ဦးလွင် စခန်းသိမ်းပြီးသည်နှင့် နေပြည်တော်သို့ သွားရောက်ကြမည် ဖြစ်သည့်အတွက် နာယက ကိုယ်တိုင် မောင်တို့မယ်တို့ကို လာရောက် ကြိုဆိုခေါ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းပြည်၏ အနာဂတ်သည် မောင်တို့မယ်တို့ လက်တွင် ရှိပါကြောင်း၊ အနာဂတ် ကောင်းရန်အတွက် မောင်တို့မယ်တို့ ဗလငါးတန်နှင့် ပြည်စုံရန် လိုပါကြောင်း၊ ထို့ကြောင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် အတွက် ပြုစု ပျိုးထောင်နေခြင်းဖြစ်ပါကြောင်း၊ကင်းထောက်လုပ်ငန်းသည် နိုင်ငံရေး၊ စစ်ရေး မစွက်ဖက်သော မွန်မြတ်သည့် လူမှုရေး လုပ်ငန်း သက်သက် ဖြစ်ပါကြောင်း၊ ကင်းထောက်လုပ်ငန်း၏ အဓိက ရည်ရွယ်ချက်သည် တာဝန်သိသော နိုင်ငံသား တစ်ယောက်ဖြစ်အောင် လေ့ကျင့် တည်ဆောက်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ကို ကိုယ်ကျင့်တရား ကောင်းကောင်း၊ မိမိကိုယ်မိမိ အားကိုးအောင်၊ အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်အောင်၊ အမိန့်နှင့် သွန်သင်မှုများကို နာခံတတ်အောင်၊ နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး သစ္စာ စောင့်သိတတ်အောင်၊ လူမှု ရေး ကိစ္စများတွင် ကျွမ်းကျင်အောင်၊ အခြားသူများ အတွက်ပါ အသုံးဝင်သည့် နိုင်ငံသား တစ်ဦးဖြစ်အောင် လေ့ကျင်သင်ကြား ပေးသွား မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကင်းထောက် များသည် သဘာဝနှင့် ပတ်ဝန်းကျင်ကို လေ့ လာရန်၊ ကြင်နာစိတ် မွေးရန်၊ တွေ့သမျှလူကို မိတ်ဆွေအဖြစ် သဘောထားရန်လိုပါကြောင်း၊ ယူနီဖောင်း ဝတ်ထားသော်လည်း လူမှုရေး လုပ်ငန်း လုပ်ဆောင်သူသာ ဖြစ်ပါကြောင်း၊ ကင်းထောက်တို့၏ ဆောင်ပုဒ်ဟာ အစဉ် အသင့် (Be Prepared)ဖြစ်ပါကြောင်း၊ ကင်းထောက် သမိုင်းကို ပြန်ကြည့်လျှင် ကင်းထောက်အဖွဲ့ကို ဗြိတိန်နိုင်ငံသား ဗိုလ်မှူးကြီး ရောဘတ်ဗေန်ပိုဝဲလ်က ၁၉ဝ၇ ခုနှစ်တွင် လူ ၂ဝ နှင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူး ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၂ဝ ပြည့်နှစ်တွင် ကင်းထောက်အဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မိမိတို့နိုင်ငံတွင် ကင်း ထောက် လုပ်ငန်းများ ဖွံ့ဖြိုးခဲ့ပါကြောင်း၊ နိုင်ငံ၏ ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်သည် ကင်းထောက်အသင်း၏ နာယက ဖြစ်သကဲ့သို့ သမ္မတကြီး ဒေါက်တာဘဦး၊ မန်းဝင်းမောင်နှင့် ဝန်ကြီးချုပ် ဦးနုတို့သည်လည်း ကင်းထောက် အသင်း၏ နာယကကြီး များ ဖြစ်ပါကြောင်း၊ အမျိုးသမီး ကင်းထောက် အသင်းကိုမူ ၁၉၁၆ ခုနှစ်တွင်YWCA ခရစ်ယာန် အမျိုးသမီး အသင်းက အမျိုးသမီး ၃ဝ နှင့် စတင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် တိုင်း ပြည် မတည်ငြိမ်မှုကြောင့် လုပ်ငန်း ရပ်ဆိုင်းခဲ့ရာမှ ၁၉၅ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ် ဦးနု၏ ဇနီး ဒေါ်မြရီက ဥက္ကဋ္ဌ တာဝန်ယူပြီး ပြန်လည် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်သည်လည်း ကင်းထောက်ချုပ် အဖြစ် တာဝန်ယူ ခဲ့ဖူးပါကြောင်း၊ စာရေး ဆရာမကြီး ဒေါ်မြလေး (ဒေါ်သိန်းဆိုင်)၊ ဒေါ်စောမုံညင်း (ဒေါ်ရင်ရင်) စစ်ကိုင်းမြို့သူ ဒေါ်ကြည်ကြည် တို့သည်လည်း ထင်ရှားသော ကင်းထောက်အဖွဲ့ အကြီးအကဲများ ဖြစ်ခဲ့ပါ ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် ကင်းထောက်အဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီးနောက် နှစ်ငါး ဆယ်ကျော် မိမိတို့ အစိုးရ လက်ထက်တွင် အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းနိုင်ရန် အတွက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ သင်တန်းသား ၉၈ ဦးကို ရန်ကုန်တွင် အခြေခံသင်တန်းများ ပေးခဲ့ပါကြောင်း၊ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် ၁၈ မြို့နယ်ရှိ အခြေခံပညာကျောင်း ၁၈ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၈ဝဝ ဖြင့် စတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခု အင်အားနှစ်ထောင် ရှိပြီဖြစ်ပါကြောင်း၊
၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ ကင်းထောက်ကြီးများ တွေ့ဆုံပွဲကို ရန်ကုန် တက္ကသိုလ် စိန်ရတု သဘင်ခန်းမ တွင် ပြုလုပ်ခဲ့ပြီး ပထမအကြိမ် ကင်းထောက် လူငယ် တွေ့ဆုံပွဲ (Jamboree)ကို နေပြည်တော်တွင် ၂ဝ၁၃ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့ရာ ကင်းထောက်လူငယ် ၄၈ဝ တက်ရောက် ခဲ့ပါကြောင်း၊ ဧပြီ ၈ ရက်တွင် ဘက်စုံထူးချွန် မောင် မယ်များ၊ ကြက်ခြေနီ လူငယ်များနှင့် ကင်းထောက်လူငယ်များကို နိုင်ငံတော် သမ္မတက ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါကြောင်း၊ ယခုလည်း မေ ၃ ရက်တွင် နေပြည်တော် သမ္မတ အိမ်တော်၌ တွေ့ဆုံရန် စီစဉ်ထားပြီး ဖြစ် ပါကြောင်း၊ မောင်တို့မယ်တို့ အနေဖြင့် နိုင်ငံတကာ အဆင့်အတန်းမီ ကင်းထောက်များ ဖြစ်အောင် လေ့ကျင့်ကြရန်၊ နိုင်ငံတော် အတွက် ဒုတိယမျိုးဆက်သစ် အဖြစ် ဗလငါးတန်နှင့် ပြည့်စုံသော ကင်းထောက်မောင်မယ် များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြား သည်။ထို့နောက် နိုင်ငံတော် သမ္မတအား ကင်းထောက်လူငယ် မောင်မယ်များက အမှတ်တရ လက်ဆောင်ကို ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတက ကင်းထောက်မောင်မယ် စခန်း ဧည့်သည်တော် မှတ် တမ်းတွင် လက်မှတ် ရေးထိုးပြီး ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ်များနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။အဆိုပါ ကင်းထောက်မောင်မယ် စခန်းတွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများမှ အမျိုးသား၊ အမျိုးသမီး ကင်းထောက်မောင်မယ် စုစုပေါင်း ၄၉ဝ နှင့် ကြီးကြပ်ဆရာ၊ ဆရာမ ၈ဝ၊ စုစုပေါင်း ၅၇ဝ တို့က ဧပြီ ၂၉ ရက်မှ စတင်၍ စခန်းချလျက်ရှိပြီး ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကင်းထောက် လှုပ်ရှားမှုများအား ဆောင်ရွက်ခြင်းနှင့် ကင်းထောက်ကင်းစိတ်များ အလိုက် စွမ်းရည်များ ပြသခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
မြ၀တီ

No comments:

Post a Comment