Thursday, May 8, 2014

ငြိမ်းချမ်းရေးကို အောင်မြင်အောင် တကယ်လုပ်မယ်ဆိုရင်…

လွတ်လပ်ရေးရပြီးကတည်းက ဖြစ်နေကြရတဲ့ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲတွေဟာ အခုဆိုရင်နှစ်ပေါင်း(၆၅)နှစ်ကျေ
ာ်ခဲ့ပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအုပ်ချုပ်ခဲ့တဲ့အစိုးရမင်း အဆက်ဆက်က အဲဒီလက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေးရရှိဖို့လုပ်ဆောင်ခဲ့ကြပါတယ်။ အောင်မြင်တာတွေရှိခဲ့သလိုမအောင် မြင်တာတွေလဲရှိခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးနေ၀င်းအုပ်ချုပ်ခဲ့တုန်းကလည်း ဒီပြဿနာကိုပြေလည်အောင်ဆိုပြီး အမျိုးအမည်ကွဲပြားနေတဲ့လက်နက်ကိုင်တွေကို တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ဆောင်ခဲ့တာတွေ့ရ ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ကချင်သေနတ်ကိုင်တပ်ရင်း၊ချင်းသေနတ်ကိုင်တပ်ရင်း ရှမ်းသေနတ်ကိုင်တပ်ရင်းဆိုတဲ့အမည်တွေနဲ့ဖွဲ့စည်းပေးခဲ့ပါတယ်။
ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပပျောက်မသွားခဲ့ပါဘူး။ ပြည်နယ်နဲ့တိုင်းတွေမှာသူတို့ရဲ့ လူမျိုးတွေကို အကြီးအကဲခေါင်းဆောင်တွေခန့်ပြီးအုပ်ချုပ်စေခဲ့ပါတယ်။ကချင်မှာဆိုကချင်၊ရှမ်းမှာဆို ရှမ်း ချင်းမှာဆိုချင်း၊မွန်မှာဆိုမွန်လူမျိုးခေါင်းဆောင်တွေခန့်ထားပေးခဲ့ပေမယ့် လက်နက်ကိုင်ဆောင်မှုတွေ ဆိတ်သုဉ်းမသွားခဲ့ပါဘူး။


 နောက်ဆုံးမှာ သူတို့ကချင်လူမျိုးအချင်းချင်းတောင်လုပ်ကြံသတ်ဖြတ်တဲ့အတွက် ဗိုလ်မှူးချုပ်အယ်လ်ကွန်ဖန်ကျဆုံးသွားခဲ့ပါတယ်။ ငါ့လူမျိုးဟာငါ့အပေါ်ကို ဒီလောက်အထိတော့မရက်စက် တန်ကောင်းပါဘူးဆိုတဲ့ ယုံကြည်ချက်ကြောင့် အယ်လ်ကွန်ဖန်အသတ်ခံခဲ့ရပါတယ်။ ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်ဟာ အဆိုတော်အယ်လ် ခွန်းရီရဲ့အဖေဖြစ်ပါတယ်။
လက်နက်ကိုင်ဆောင်နေသူတွေဟာ အကြောင်းပြချက်တွေအမျိုးမျိုးနဲ့ဘယ်လိုပဲပြပြ အဓိကကတော့ ကိုယ်ကျိုးစီးပွားဟာအဓိကပါပဲ။ လက်နက်ကိုင်ဆောင်နေလို့ချမ်းသာတယ်။ဒါကြောင့်လက်နက်ကိုင်တာကို မစွန့်လွှတ်တော့ဘူး။ပြည်နယ်ကောင်းစားရေး၊လူမျိုးကောင်းစားရေးလို့အသံတွေဟစ်နေပေမဲ့ တကယ်က တော့ချမ်းသာမှုနဲ့အာဏာပါဝါအရှိန်အ၀ါကြောင့်ဘယ်တော့မှ လက်နက်ကိုင်ဆောင်တာကိုစွန့်လွှတ်မှာ မဟုတ်ပါဘူး။ တကယ်ငြိမ်းချမ်းရေးရယူချင်တယ်ဆိုရင် (ဘက်မလိုက်တန်းပြောရယင်) လက်နက်ကိုင် လမ်းစဉ်ကိုစွန့်လွှတ်၊ပါတီထောင်ပြီးရွေးကောက်ပွဲ…ဒါမျိုးပဲဖြစ်သင့်ပါတယ်။ 
လက်ရှိအနေအထားမှာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထာဝရငြိမ်းချမ်းရေးရယူဖို့ ဆွေးနွေးနေကြပါတယ်။ အရင်တုန်းကတော့ တစ်ဖွဲ့ချင်းအလိုက်ဆွေးနွေးခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ တော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)အမည်တပ်ပြီးဆွေးနွေးခဲ့ကြ ပါတယ်။ အရင်တုန်းကတပ်ဖွဲ့ဝင်အင်အားနည်းပါးလှတဲ့အဖွဲ့တွေအတွက် UNFC ဆိုတာမှီခိုအားထားကြီး ဖြစ်လာခဲ့ပါတယ်။ ရိုးရိုးသားသားပြောရယင် ငြိမ်းချမ်းရေးရရှိဖို့ထက် ငြိမ်းချမ်းရေးကိုခေါင်းစဉ်တပ်လုပ်စား ကြဖို့ဖွဲ့စည်းခဲ့တာဆိုရင်မမှားပါဘူး။၂၀၁၃ခုနှစ်၊အောက်တိုဘာတုန်းက ဂျပန်နိုင်ငံကနေUNFC အဖွဲ့ကို အမေရိကန်ဒေါ်လာ ၃သန်းထောက်ပံ့ခဲ့ပါတယ်။ဒါဟာUNFCရဲ့ မျှော်လင့်ချက်ပဲဖြစ်ပါတယ်။
မေလထဲမှာ အစိုးရနဲ့ ဆွေးနွေးပွဲတွေထပ်မံကျင်းပဖို့ရှိနေပေမယ့် အခုအခါမှာတော့ ပြည်သူအများစုက ငြိမ်းချမ်းရေးကိစ္စကိုသိပ်စိတ်မ၀င်စားကြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မျှော်လင့်ချက်တွေမျှော်လင့်တဲ့ အတိုင်းဖြစ်မလာတာတွေများနေလို့ အများစုကတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ အထူးအဆန်းမဟုတ် တော့သလိုပါပဲ။ ငြိမ်းချမ်းရေးဆွေးနွေးတာ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ လက်နက်ကိုင်နေတဲ့ အဖွဲ့တွေလက်နက်တွေအပ်၊ရွေးကောက်ပွဲဝင်၊ နိုင်ရင်အစိုးရလုပ်၊လွှတ်တော်အမတ်လုပ်ကြပါ။ဒါမှသာ မြန်မာနိုင်ငံမှာပစ်ခတ်တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင်ဆက်ကြေးကောက်ခံမှုတွေ၊ ဥပဒေမဲ့လူသတ်မှုတွေ ပပျောက်သွားမှာပါ။အခုမြင်တွေ့နေရတာကတော့ မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင်အဖွဲ့တွေဟာ လူမျိုး ကောင်းကျိုး၊ဒေသကောင်းကျိုးလို့ပြောနေပေမယ့် တကယ်တန်းကျတော့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့် လွှတ်ရေးပါပဲ။
အခုဆိုရင် ကချင်လက်နက်ကိုင်အဖွဲ့က ဗိုလ်ချုပ်ဂွမ်မော်ဆိုရင် အမေရိကန်နိုင်ငံအထိ သွားရောက် လည်ပတ်ခဲ့ပြီး ငွေကြေး၊လက်နက်၊လူအင်အားတောင့်တင်းခိုင်မာရေးအတွက်အကူအညီတွေ တောင်းခံ နေပါတယ်။ တစ်ဖက်ကငြိမ်းချမ်းရေးလို့ပါးစပ်ကပြောနေပေမယ့် ကချင်ပြည်နယ်အတွင်းမှာလဲ တိုက်ပွဲတွေ ဖြစ်အောင်ဖန်တီးနေပါတယ်။ တပ်မတော်ကစတိုက်လို့ဖြစ်ရတာပါလို့ ငြင်းချက်ထုတ်နေပေမယ့် တကယ် တန်းခံနေရတာက ဒေသခံပြည်သူတွေသာဖြစ်ပါတယ်။အဲလိုပါပဲUNFC မှာနေရာဝင်ယူထားတဲ့ခွန်ဥက္ကာတို့ နိုင်ဟံသာတို့ဆိုတာ သူတို့လူမျိုးအချင်းချင်းမှာကို ကွဲပြဲနေတဲ့ အပယ်ခံတပ်မဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်။ သူတို့လဲငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ အဆင်ပြေနေကြပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ ဒုတိယဒီမိုကရေစီအစိုးရသက်တမ်းကျော်သွားရင်တောင်မှ ရပါ့မလားဆိုတာကတော့ ပြည်သူတွေတွေးနေ တဲ့အတွေးပါပဲ။ ငြိမ်းချမ်းရေးကို အောင်မြင်အောင် တကယ်လုပ်မယ်ဆိုရင်… လက်နက်ကိုင်ဆောင်မှုတွေ ကို စွန့်လွှတ်ပါ။ ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်ကြပါလို့ပဲ ပြတ်ပြတ်သားသားပြောပြချင်ပါတယ်။

ဗလမင်းထင်
credit to: မြန်မာ့ မဏ္ဍိုင်

No comments:

Post a Comment