Thursday, May 8, 2014

တောင်ကိုရီးယားတွင် ပြီးခဲ့တဲ့လက နစ်မြုပ်သွားတဲ့သင်္ဘောကြောင့် လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ယင်း သင်္ဘောကုမ္ပဏီ၏ အကြီးအကဲ ဖြစ်သူ Kim Han-sik ကို အစိုးရရှေ့နေတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ

တောင်ကိုရီးယားတွင် ပြီးခဲ့တဲ့လက နစ်မြုပ်သွားတဲ့သင်္ဘောကြောင့် လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ယင်း သင်္ဘောကုမ္ပဏီ၏ အကြီးအကဲ ဖြစ်သူ Kim Han-sik ကို အစိုးရရှေ့နေတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။သူဟာ လူသေမှု နဲ့ ရေကြောင်းဆိုင်ရာ ဥပဒေ ဖောက်ဖျက်မှုတွေ နဲ့ တရားစွဲအရေးယူမှုတွေကို ရင်ဆိုင်ရမှာပါ။
သင်္ဘောဟာ ကုန်ပစ္စည်းတွေ မတန်တဆ တင်ထားခဲ့တဲ့အတွက် သင်္ဘောမှောက်ရတာ ဖြစ်တယ် လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြပါတယ်။ ထိုနေ့က သင်္ဘောမှာ တင်ဆောင်ခွင့်ရှိတဲ့ ပမာဏထက် သုံးဆပိုမိုတင်ဆောင်ထားတယ် လို့ ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ဒီဝမ်းနည်းဖွယ်ကောင်းတဲ့ ဆိုးရွားတဲ့ဖြစ်စဉ်ဟာ တောင်ကိုရီးယား တစ်နိုင်ငံလုံး အနှံ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အစိုးရရဲ့ ဥပဒေအရ အရေးယူ တုံ့ပြန်မှုတွေ အပေါ်မှာ ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့မှာ Incheon ကနေ Jeju island ကို အသွားမှာ လူပေါင်း ၄၇၆ ဦးကို သယ်ဆောင်လာခဲ့တဲ့ သင်္ဘောမှောက်ခဲ့ရတာ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှ လူပေါင်း ၁၇၂ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်လူတွေဟာ နစ်မြုပ်သွားတဲ့ သင်္ဘောအထဲမှာ ပိတ်မိနေခဲ့ပါတယ်။ သင်္ဘောမှာပါတဲ့သူအများစု ဟာ ကျောင်းသူကျောင်းသားတွေ ဖြစ်နေခဲ့ပါတယ်။
BBC Burmese

No comments:

Post a Comment