Thursday, May 8, 2014

မော်ဒယ်မြင့်ပြိုင်ကားများ အပါအဝင် ပိတ်ပင်ထားသော ယာဉ်အမျိုးအစားအချို့ ပြန်လည်တင်သွင်းခွင့် ပြုမပြု ဆွေးနွေးနေဟုဆို

တင်သွင်းရန် ပိတ်ပင်ထားသော မော်ဒယ်မြင့်ပြိုင်ကားများပါဝင်သည့် ယာဉ်အမျိုးအစား ၄၅ မျိုးထဲမှ အချို့အား ပြန်လည်တင်သွင်း ခွင့်ပြုမပြုကို ဌာနသုံးခုပေါင်းစပ်၍ စဉ်းစားနေကြောင်း မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးမင်းမင်း က ပြောသည်။
၂ဝ၁၂ ခုနှစ်မှစကာ ပြည်ပမှ မော်တော်ယာဉ်တင်သွင်း ခွင့် ကို ကော်မတီဖွဲ့ဆောင်ရွက်ခဲ့ပြီး ကား အမျိုးအစားမပိတ်ခဲ့မှုကို ၂ဝ၁၄ တွင် ကားအမျိုးအစား အချို့ကို ကန့်သတ်ပိတ်ပင်ခဲ့သည်။ ပြန်လည် တင် သွင်း ခွင့်ပေးရန်သင့်၊ မသင့်ကို အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ေ ဆာင်ရေးညွှန်ကြားမှုဦးစီးဌာန တို့နှင့် ကော်မတီက ဆွေးနွေးနေ ကြောင်း ၎င်းက ပြောသည်။ ကြိုတင်ကြေညာမှု မရှိဘဲ ရုတ်တရက် တင်သွင်းခွင့်ပိတ်လိုက်သည့်အတွက် မော်တော်ကားအရောင်း
ကိုယ်စား လှယ်အချို့နှင့် ပြိုင်ကား နှစ်သက်သူတို့အကြား ဂယက်ရိုက်ခဲ့သော ထိုကြေညာချက်ကို ဖြေလျှော့မှုပေးရန်အတွက်
ဟု ၎င်းထံမှ သိရ သည်။
''ကျွန်တော်တို့ အစောကြီးကတည်းက ပြောပြီးသွားပါပြီ။ အကုန်လုံးမပိတ်ပါဘူး။ အချို့သော ယာဉ်အမျိုးအစားတွေ က ပြန်ဖွင့်ပေးဖို့ရှိပါတယ်''ဟု ဦးမင်းမင်းက ဆက် ပြောသည်။ ရန်ကုန်အပါအဝင် မန္တလေးတွင် အရှိန်ပြင်းစွာ မောင်းနှင်မှုများကြောင့် မှုခင်းဖြစ်ရပ်များ အပါအဝင် မလိုလားအပ်သော လူမှုရေးပြဿနာ များရှိလာသည့်အတွက် ကော်မတီက ဆွေးနွေးကာ ရုတ်တရက် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
မော်တော်ယာဉ် နည်းပညာအရပ်ရပ်အား လေ့လာနေသူ ဦးသက်ဝင်းက ''အခုပိတ်လိုက်တာက မော်ဒယ်မြင့်ကားတွေပါပဲ။ ဒေသန္တရအမိန့်နဲ့ ပိတ်စေဆိုပြီး ပိတ်လိုက် တာပေါ့။ ဟုတ်ပြီ ရှိစေတော့။ ဒါဆို နဂိုကတင်သွင်းထားပြီးတဲ့ ကားတွေကိုရော စည်းကမ်းမဲ့စေဆိုကာ လွှတ်ထားမှာလား''ဟု ထောက်ပြသည်။ တင်သွင်းမှုကို ပိတ်ခြင်းအစား စည်းကမ်းကိုသာထိန်းချုပ်ရမည်ဖြစ်သော်လည်း တာဝန်ရှိသူတို့ မနိုင်ပုံရ၍ ပိတ်ခြင်းလားဟု ၎င်းကပင် ဆက်ပြောသည်။
ရန်ကုန်မြို့လမ်းမတော်နေ အသက် ၂၅ နှစ်ကျော်အရွယ် ပြိုင်ကားမောင်းနှင် သူတစ်ဦးက ''ပြိုင်ကားစီးတိုင်း ပြဿနာရှာနေတယ်လို့ မသတ်မှတ်ပါနဲ့ ဗျာ''ဟု ပြောသည်။ကော်မတီမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်း ၏ ပြောကြားမှုအရ ယာယီသဘောဖြင့် ပိတ်ပင်မှု ၄၅ မျိုး တွင် ပြိုင်ကားအပါအဝင် ပြိုင်ကားနှင့် အမျိုးအစားတူသော ယာဉ်များပါပါဝင်သည်ဟု ထပ်မံ သိရသည်။
PN-051
Credit To :Popular Myanmar News Journal

No comments:

Post a Comment