Thursday, May 8, 2014

ပြည်တွင်းငြိမ်းချမ်းရေးအား မျက်ကွယ်ပြု၍ ဖွဲ့စည်းပုံပြင်ဆင်ရန်သာ လုပ်ဆောင်ခြင်းမဟုတ်ဟု မင်းကိုနိုင်နှင့် ကိုကိုကြီးပြော


ရန်ကုန်၊ မေ ၇- ပြည်တွင်းငြိမ်းချမ်း ရေးအား မျက်ကွယ်ပြုပြီး ဖွဲ့စည်း ပုံ ပြင်ဆင်ရန်အတွက်သာ လုပ်ဆောင် ခြင်းမဟုတ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း)မှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီး တို့မှ ပြောသည်။
မေ ၇ ရက် ၈၈မျိုးဆက်(ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့မှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အတွက် ဆွေးနွေးမှုရလဒ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်းတို့ မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံအတွင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများပြုလုပ်နေ သည့်အပြင် နိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်များရှိနေသည့် အတွက် ပြည် တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား မျက်ကွယ်ပြုပြီး ဖွဲ့စည်းပုံပြင် ဆင်ရန်တစ်ခုတည်းကိုသာ ပြောဆို မရဘဲ တစ်ပြိုင်တည်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်းတို့က ပြော သည်။

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကို ကြီးက ''တောတွင်းနိုင်ငံရေး၊ မြို့ပေါ် နိုင်ငံရေး၊ လက်နက်ကိုင်နိုင်ငံရေးမြေ ပေါ်နိုင် ငံရေးဆိုပြီးတော့ ဟိုတုန်းကပုံစံ အမျိုးမျိုးနဲ့ဖြတ်သန်းခဲ့ကြတယ်။ တကွဲ တပြားစီ အကြမ်းဖက်မှု၊ နှိပ်စက်မှု တွေကို အားလုံးခံခဲ့ရတာပဲ။ ငြိမ်းချမ်း ရေးဖြစ်စဉ်ကသတ်သတ်၊ တိုင်းရင်း သားအရေးကသတ်သတ်၊ ဒီမိုကရေစီ အရေးကသတ်သတ်ဆိုပြီး သီးခြားစီ လုပ်လို့ မရဘူး။ အားလုံးနဲ့ဆိုင်တဲ့ ကိစ္စ၊ လက်တွဲပြီး လုပ်ရမယ့်ကိစ္စဖြစ် တယ်။ အားလုံးကို တစ်ပြိုင်နက်လုပ် ရမယ်''ဟု ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး သီးခြားစီ လုပ် ကိုင်မရသည့်အပေါ် ပြောသည်။
''ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးရယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရယ် ဒီနှစ်ခုက ကျောခြင်းကပ်နေတာပဲ။ ဖယ်ထုတ်လို့မ ရဘူး။ နှစ်ခုစလုံး ဟာ တစ်ပြိုင်နက်တည်း အရေးကြီးနေ တယ်။ NLD နဲ့ပူးပေါင်းပြီး စတင် ကြိုးစားတဲ့အခါမှ ပုဒ်မ(၄၃၆)ကို စတင်ပြင်ဆင်ဖို့ ကြိုးစားပါတယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားများ တန်းတူညီမျှမှုအခွင့်အရေးအတွက် မျက်ခြည်ပြတ်လို့ မရဘူး။ ဘာဖြစ် လို့လဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တစ်ဖက်မှာရှိနေ တယ်။ ဖွဲ့စည်းပုံပြင်ဖို့ တစ်ခုတည်း ကိုပဲ ပြောနေတာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို နားလည်အောင်လို့ပါ''ဟု ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်း ကိုနိုင်က ပြောသည်။
ယင်းသို့လုပ်ကိုင်ရာတွင် လည်း ပြည်သူများ ပူးပေါင်းပါဝင်ရန်လို အပ် ကြောင်း ပြည် သူမပါသည့်နိုင်ငံရေး နှင့် ပြည်သူ မပါသည့်တော်လှန်ရေး သည် မည်သည့်အချိန်မှအောင်မြင် မည်မဟုတ်ကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က လည်း ''တစ်တိုင်းပြည်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးရ ဖို့အတွက် ကျွန်မတို့တိုင်းရင်းသားတွေ ပဲတာဝန်ရှိတယ်ဆိုတာ မဖြစ်သင့်ဘူး။ တစ်တိုင်းပြည် လုံး ပြုပြင်ပြောင်းလဲမှု လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့ အစည်း တွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေ အားလုံးပါဝင်မှ ပြုပြင်ပြောင်း လဲမှုရရှိ မယ်၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိမယ်'' ဟု ပြောသည်။
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်း ၍ မေ ၁ရရက်နှင့် မေ ၁၈ရက်တို့တွင် ရန်ကုန်၊ မန္တလေးမြို့များတွင် ပုဒ်မ (၄၃၆)ပြင်ဆင်ရေး ပြည်သူလူထုလက် မှတ်ရေးထိုးဆန္ဒ ထုတ်ဖော်ရေး ဟော ပြောပွဲများပြုလုပ်မည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် ဦးတည်လှုပ်ရှားနေကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင်ပါဝင်ရန် (KNU) ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း၊ မေ ၆ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့်တွေ့ ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးအတွက် တစ်လတစ်ကြိမ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့တွေ့ ဆုံဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။

No comments:

Post a Comment