Friday, May 2, 2014

တာချီလိတ်တွင် ရေတွင်းထဲ နုန်းဆင်းဆယ်ရာမှ သားအဖ နှစ်ဦး သေဆုံး

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် ၀ိန်းကျောက်ကျေးရွာ၊ အာခါဈေးလမ်းသွယ် ရှိ နေအိမ် တစ်အိမ်တွင် ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက် ညနေ (၄း၃၀)နာရီအချိန်ခန့်က ရေတွင်းထဲမှ နုန်းများကို ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်၍ သားအဖနှစ်ဦး
သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Photo: တာချီလိတ်တွင် ရေတွင်းထဲ နုန်းဆင်းဆယ်ရာမှ သားအဖ နှစ်ဦး သေဆုံး
Friday, May 2, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် ၀ိန်းကျောက်ကျေးရွာ၊ အာခါဈေးလမ်းသွယ်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက် ညနေ (၄း၃၀)နာရီအချိန်ခန့်က ရေတွင်းထဲမှ နုန်းများကို ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်၍ သားအဖနှစ်ဦး
သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေအိမ်၌ အိမ်ငှားအဖြစ်နေထိုင်သူ အသက်(၄၄)နှစ်အရွယ် ဦးသောင်းဌေးသည် နွေရာသီ ရေခမ်းခြောက်သည့် ကာလကို ရောက်လာသည့်အတွက် နေအိမ်အတွင်းရှိ အနက်(၃၀)ပေ၊ အကျယ်(၄)ပေခန့်ရှိသော ရေတွင်းထဲမှ နုန်းများကို ဆယ်ယူရန် ရေတွင်းထဲသို့ ၀ါးလှေကားဖြင့် ဆင်းချိန် ရေပြင်နှင့် ထိလု (၅)ပေခန့် အရောက်တွင် အောက်ဆီဂျင်ပြတ်တောက်ပြီး

လှေကားပေါ်မှ ပြုတ်ကျသွားခဲ့သည့်အတွက် ရေတွင်းအပေါ်တွင် ရှိနေသူ အသက်(၁၆)နှစ်အရွယ် သားဖြစ်သူ မောင်အောင်နိုင်ဦးသည် ၎င်း၏ ဖခင်ဖြစ်သူအား ဆင်းဆယ်ရန်အတွက် ဆင်းသွားရာမှ ၎င်း၏ ဖခင်နည်းတူ အောက်ဆီဂျင်ပြတ်တောက်၍ ရေအနက် (၅)ပေခန့်တွင် နစ်မြုပ်သေဆုံးသွားခဲ့သည်။

ရေတွင်းထဲတွင် အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးနေသော သားအဖနှစ်ဦးကို တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ပါဝင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၇)ဦး စုစုပေါင်း (၃၅)ဦး အပြင် လူမှုကူညီရေးအသင်းအဖွဲ့များဖြင့် ၀ိုင်းဝန်းကြိုးပမ်း၍ ရေတွင်းထဲမှ ည(၇း၀၅)နာရီအချိန်က ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအတွက် ရောက်ရှိလာသော မီးသတ်တပ်ဖွဲ့ဝင်များသည် ရေတွင်းထဲသို့ မဆင်းမီတွင် ရေတွင်းအတွင်း မီးတောက်ဖြင့် အောက်ဆီဂျင်ရှိမရှိကို စစ်ဆေးရာ ရေပြင်နှင့်ထိလု (၅)ပေခန့်တွင် မီးငြိမ်းသွားခဲ့သဖြင့် ရေတွင်းအတွင်း သစ်ခတ်များချမွှေ့ယမ်းခြင်း၊ အောက်စီဂျင်ဘူးအား ဖွင့်ချ၍ ရေတွင်းအတွင်း မွှေ့ယမ်းခြင်းတို့ကို ပြုလုပ်ပြီးနောက် သေဆုံးသူ (၂)ဦးကို ရေတွင်းပေါ်သို့ တင်ဆောင်နိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။

ရေတွင်းထဲ၌ သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့တွင် လွန်ခဲ့သော ၂၀၁၂ခုနှစ်ဝန်းကျင်က ရေတွင်းထဲ၌ အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးမှုနှင့် မြေပြို၍ သေဆုံးမှုများလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း။ ။ ကိုဇောင်း

http://www.tachileik.net/2014/04/die.html 
ဖြစ်စဉ်မှာ အဆိုပါနေအိမ်၌ အိမ်ငှားအဖြစ်နေထိုင်သူ အသက် (၄၄)နှစ်အရွယ် ဦးသောင်းဌေးသည် နွေရာသီ ရေခမ်းခြောက်သည့် ကာလကို ရောက်လာသည့် အတွက် နေအိမ် အတွင်းရှိ အနက်(၃၀)ပေ၊ အကျယ်(၄)ပေခန့်ရှိသော ရေတွင်းထဲမှ နုန်းများကို ဆယ်ယူ ရန် ရေတွင်းထဲသို့ ၀ါးလှေကားဖြင့်ဆင်းချိန် ရေပြင်နှင့် ထိလု (၅)ပေခန့် အရောက်တွင် အောက်ဆီ ဂျင်ပြတ်တောက်ပြီးလှေကားပေါ်မှ ပြုတ်ကျသွားခဲ့သည့်အတွက် ရေတွင်းအပေါ်တွင် ရှိနေသူ အသက် (၁၆)နှစ်အရွယ် သားဖြစ်သူ မောင်အောင်နိုင်ဦးသည် ၎င်း၏ဖခင်ဖြစ်သူအား ဆင်းဆယ်ရန်အတွက် ဆင်းသွားရာမှ ၎င်း၏ ဖခင်နည်းတူ အောက်ဆီဂျင်ပြတ်တောက်၍ ရေအနက် (၅)ပေခန့်တွင် နစ်မြုပ်သေ ဆုံး သွားခဲ့သည်။
ရေတွင်းထဲတွင် အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးနေသော သားအဖနှစ်ဦးကို တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ပါဝင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၇)ဦး စုစုပေါင်း (၃၅)ဦး အပြင် လူမှုကူညီရေးအသင်းအဖွဲ့များဖြင့် ၀ိုင်းဝန်းကြိုးပမ်း၍ ရေတွင်းထဲမှ ည(၇း၀၅)နာရီအချိန်က ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးအတွက် ရောက်ရှိလာသော မီးသတ်တပ်ဖွဲ့ဝင်များသည် ရေတွင်းထဲသို့ မဆင်းမီ တွင် ရေတွင်းအတွင်း မီးတောက်ဖြင့် အောက်ဆီဂျင်ရှိမရှိကို စစ်ဆေးရာ ရေပြင်နှင့်ထိလု (၅)ပေခန့်တွင် မီးငြိမ်းသွားခဲ့သဖြင့် ရေတွင်းအတွင်း သစ်ခတ်များချမွှေ့ယမ်းခြင်း၊ အောက်စီဂျင်ဘူးအား ဖွင့်ချ၍ ရေတွင်းအတွင်း မွှေ့ယမ်းခြင်းတို့ကို ပြုလုပ်ပြီးနောက် သေဆုံးသူ (၂)ဦးကို ရေတွင်းပေါ်သို့ တင်ဆောင်နိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။ရေတွင်းထဲ၌ သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့တွင် လွန်ခဲ့သော၂၀၁၂ခုနှစ်ဝန်းကျင်က ရေတွင်းထဲ၌ အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးမှုနှင့် မြေပြို၍ သေဆုံး မှုများလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
ဓါတ်ပုံ/သတင်း။ ။ ကိုဇောင်း
http://www.tachileik.net/2014/04/die.html

No comments:

Post a Comment